စိတ်ခံစားချက်ကိုထိန်းချုပ်နိုင်မှ ရင်းနှီးမြှုပ်နှံပါ

စိတ်ခံစားချက်ကိုထိန်းချုပ်နိုင်မှ ရင်းနှီးမြှုပ်နှံပါ

Online Trading ဖြစ်တဲ့ Futures Market မှာ ရင်းနှီးမြှုပ်နှံမှုတွေဟာ မြင့် တက်လာခဲ့ပြီး ပြည်တွင်းမှာ ဈေးကွက် တစ်ခုအနေနဲ့ ရပ်တည်လာနေ ပါပြီ ဖြစ်ပါတယ်။ အချိန်နဲ့အမျှ ပြောင်းလဲနေတဲ့ ဈေးနှုန်းတွေကို အမြတ်ကျန် အောင် ပြုလုပ်ရတာ ဟာစိတ်ခံစားချက် လွယ်သူတွေ အတွက်ကတော့ ခက်ခဲမှုတွေ ရှိနေပါတယ်။ ဒါကြောင့် Online Trading မှာ ရင်းနီးမြှုပ်နှံမှု ပြုလုပ်မယ်ဆိုရင် ဈေးကွက်သဘောတရားကို လေ့လာမှုတွေ ပြုလုပ်ရမှာ ဖြစ်သလို ဈေးကွက် အတက်အကျတွေအပေါ် လိုက်လံခံစားမှုတွေကိုလည်း ထိန်းချုပ်နိုင်မှ ရောင်းဝယ်မှု ပြုသင့်ပါတယ်။ ဒါမှသာ ရင်းနှီးမြှုပ်နှံမှုမှာ အရှုံး နည်းပြီး အမြတ်ကျန်မှာဖြစ် ပါတယ်။

Futures Market ဆိုတာ ဘာလဲ
Futures Market ဆိုတာက အွန်လိုင်းပေါ်ကနေ Trading လုပ်တဲ့ဈေးကွက် တစ်ခုဖြစ်ပါ တယ်။ စတော့ ဈေးကွက်နဲ့ အလားသဏ္ဌာန်တူပေမဲ့ စတော့ ဈေးကွက်ထက် ပိုမိုကျယ်ပြန့် ပါတယ်။ အသုံးများတဲ့ အမေရိကန် ဒေါ်လာကို ဘုံသုံးထားပြီး နိုင်ငံတကာ ငွေကြေး အတက်အကျကို ခန့်မှန်းကာ ပိုသာတဲ့ ငွေကြေးကို ရောင်းဝယ်တဲ့ စနစ်ပဲဖြစ်ပါတယ်။ ဒီဈေး ကွက်ဟာ ပြည်တွင်းမှာ လွန်ခဲ့တဲ့ သုံးနှစ်ကျော် ဝန်းကျင်ကတည်းက ပေါ်ပေါက်ခဲ့တာ ဖြစ်ပါ တယ်။ ယခုအခါမှာတော့ လူစိတ်ဝင်စားမှု များနေတဲ့ မားကက်တစ်ခုလို့ ဆိုရမှာပါ။ လက်ရှိပြည်တွင်းမှာတော့ ကမ္ဘာ့ရွှေဈေးနှုန်းပေါ် မူ တည်ပြီး အမေရိကန် ဒေါ်လာနဲ့ ရောင်းဝယ်မှု ပြုတာပဲ ဖြစ်ပါ တယ်။ ပြည် တွင်း မှာတော့ ဒီဈေးကွက် ကို Forex Market (Foreign Exchange Market) လို့ အများစုက ခေါ်ဝေါ် သုံးနှုန်း ကြပါတယ်။

အချိန်ကုန် သက်သာမှုတွေနဲ့ ငွေကြေး ကိုင်ဆောင် အသုံးပြုမှု မလိုတာ၊ မိုဘိုင်းဖုန်းနဲ့ အင် တာနက်လိုင်း ရှိရုံနဲ့ အကောင့်ဖွင့်ရောင်း ဝယ်မှုပြု လုပ်နိုင်တာကြောင့် ပြည်တွင်းမှာ လူ စိတ်ဝင်စားမှု များလာတဲ့ ဈေး ကွက် တစ်ခုဖြစ်လာပါတယ်။ ဒါ့ပြင် Broker ကုမ္ပဏီ တွေ လည်း အများကြီးရှိလာ တာကြောင့် ပြည်တွင်းမှာ တွင်ကျယ်ပြီး ရင်းနှီးမြှုပ်နှံမှု များလာတဲ့ ဈေးကွက်လည်းဖြစ် ပါတယ်။ ငွေကြေးပြောင်းလဲမှုဟာ စက္ကန့်နဲ့အမျှ ဖြစ်ပေါ်နေတာ ကြောင့် ဈေးကွက်ကို အမှန်တကယ် နားလည်မှသာ ဝင်ရောက်လုပ်ကိုင်ဖို့ Broker တွေက အကြံပြု ကြပါတယ်။ ဈေးကွက်ကို နားမလည်ပါက အရှုံး ကြီးနိုင် သောကြောင့် ရင်းနှီးမှု မပြုလုပ်ခင် မှာ Trading ပိုင်းကို လေ့လာထားသင့် တယ်လို့ဆိုပါတယ်။

စိတ်ခံစားမှုကိုထိန်းချုပ်ပါ
Futures Market မှာ စတင်ဝင်ရောက် ရင်းနှီးမြှုပ်နှံသူတွေ အဓိကရင်ဆိုင် ရတဲ့ ပြဿနာ ကတော့ စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်ခြင်းပဲ ဖြစ်ပါတယ်။ အပြောင်းလဲ မြန်တဲ့ဈေနှုန်း တွေ အပေါ်မှာ စိတ်လှုပ်ရှားမှုတွေ ပါဝင်ပြီး ရောင်းမှား ဝယ်မှားကို ဖြစ်ပေါ်စေ ပါတယ်။ ဒါကြောင့် အပြောင်းအလဲ အပေါ်မှာ လိုက်လံ လှုပ်ရှားဖို့ထက် ကိုယ်မှန်းထားတဲ့ ဈေး တစ်ခု မှာ ကိုယ့် အမြတ်ကို ပိုင်နိုင်စွာ ဆုပ်ကိုင်နိုင်ဖို့ လိုအပ်တယ်လို့ ကျွမ်းကျင် သူတွေက အကြံ ပေးကြပါတယ်။ "စစလုပ်ခြင်းမှာ ဒီ Stress က တော်တော်ခံကြရ ပါတယ်။ ဒါကို တွန်းလှန် နိုင်ဖို့ လိုပါတယ်။ ဆုံးဖြတ် ချက်ပိုင်နိုင်ဖို့ လိုပါတယ်။ နောက်တစ်ချက် ကိုယ့်ဈေးကွက်ကို လေ့လာပါ။ သူများရောင်းလိုက်ရောင်း သူများ ဝယ်လိုက်ဝယ်ဆိုရင်တော့ ရှုံးမှာပါ" လို့ Online Trade လုပ်ကိုင် နေတဲ့ ကိုအောင် ဆန်းကပြောပါတယ်။

လုပ်ငန်း သဘောသဘာဝကို နားမလည်ဘဲ စိတ်ခံစားမှုကို လိုက်ရောင်း ဝယ်မှု ပြုလုပ် တာတွေကြောင့် အရှုံးနဲ့ ရင်ဆိုင်နေကြ တာဖြစ်တယ်လို့ သိရပါတယ်။ ယခုအခါမှာတော့ အဆိုပါဈေးကွက်မှာ ဝင်ကစား လိုသူတွေ အတွက် နိုင်ငံတကာ အချက်အလက် တွေနဲ့ အကြံပေးနေတဲ့ Consultant ကုမ္ပဏီတွေလည်း ရှိနေပြီဖြစ်ပါတယ်။ ဒါကြောင့် အကြံပေး ကုမ္ပဏီတွေ ထံမှာ လစဉ်ကြေးပေး သွင်းပြီး Online Trade နဲ့ပတ်သက်တာ တွေကို အကြံ ဉာဏ်ရယူနိုင်ပါတယ်။

MLM ဆန်လာတဲ့ Broker ကုမ္ပဏီ တချို့
ပြည်တွင်းက အွန်လိုင်းထရိတ်ဒင်း လုပ်ငန်းတချို့ဟာ ကွန်ရက် ချိတ်ဆက် ဈေးကွက် (Multi-LevelMarketing) အသွင် ဆန်လာတယ်လို့ Trader တွေက ဆိုပါတယ်။ ပြည် တွင်းမှာ စိတ်ဝင်စားမှုများပြီး Broker ကုမ္ပဏီတွေ များလာတာနဲ့အမျှ ဆင့်ပွား မားကက် တင်း လုပ်သူတွေ များလာပါတယ်။ အကောင့် ဖွင့်ပြီး ထရိတ်ဒင်းလုပ်တဲ့ လုပ်ငန်းဖြစ်တဲ့ အတွက် တချို့ကုမ္ပဏီ တွေက လူငယ်တွေကတစ်ဆင့် အကောင့်တစ်ခုကို ငွေတချို့ပေးပြီး မားကက်တင်း လုပ်ခိုင်းတာတွေ ရှိနေပါတယ်။ ဆင့်ပွားကွန် ရက်ချိတ်ဆက် ဈေးကွက် ဖြစ် လာတဲ့အတွက် မလိုလားအပ်တဲ့ ပြဿနာတွေလည်း ဖြစ် ပေါ် လာနိုင်တယ်လို့ သိရပါ တယ်။ "အကောင့်ရှာပေး၊ အကောင့်တစ် ခုကို ဘယ်လောက် ဆိုပြီး လုပ်နေတဲ့ ကုမ္ပဏီ တွေ၊ လူငယ်တွေ ရှိနေတယ်။ Forex မားကက် MLM မဟုတ်ပေမဲ့ MLM ဆန်ဆန် သွား နေတာတွေ အများကြီးပါ။ ၁၈ နှစ်မပြည့်သေးတဲ့ ကျောင်းသား Level တွေ၊ MLM ပုံစံနဲ့ ပတ်သက်နေတာ အညွန့်တက် ခါစပျက်စီးစေနိုင်တဲ့ အကြောင်းတရားတွေ အများကြီးပါ" လို့ Online Trade Consultant တစ်ဦးဖြစ်တဲ့ ကိုရဲမင်း ထွန်း က ပြောပါတယ်။ MLM ဆန်လာတဲ့ပြည် တွင်းဒီဈေးကွက်မှာ သေချာ လေ့လာမှု မရှိဘဲ မားကက်တင်း လုပ်သူ တွေ ရဲ့ အပြော တွေနဲ့ ဝင်ရောက် လုပ်ကိုင်မှုတွေကြောင့် အရှုံးတွေနဲ့ ရင်ဆိုင်ရတာတွေ ကြုံ တွေ့ရပါတယ်။ ဒါ့ပြင် ငွေရလွယ်ကူတယ်ဆိုတဲ့ အပြောစကားတွေကြောင့် ဈေးကွက် အတွင်း ဆယ်ကျော်သက် လူငယ်တွေ ပါဝင်ပတ်သက်နေခြင်း ကလည်း အန္တရာယ် အနေ အထား ဖြစ်နေတယ်လို့ ဆိုကြပါတယ်။ လုပ်ငန်းတစ်ခုမှာ မည်မျှအချိန်ကုန်လူပန်း သက် သာတယ်ဆိုကြပေမဲ့ အားနည်းချက်ကတော့ အနည်းနဲ့အများရှိကြတာဖြစ်ပါ တယ်။ ဒီအတိုင်း Futures Market မှာ လည်း အားနည်းချက်တွေရှိပါတယ်။ ဒါကတော့ ဈေး ကွက်ကို အမှန် တကယ် နားမလည်ပါက ဝင်ရောက်လုပ်ကိုင်ဖို့ မလွယ်ကူတဲ့ အရာဖြစ် သလို နိုင်ငံတကာ အချက်အလက်တွေကို လေ့လာမှု အားနည်းရင်လည်း အဆင် ပြေ စေနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

အတိုးသဘောပေးတဲ့ကုမ္ပဏီတွေလည်းရှိလာ
လက်ရှိအွန်လိုင်း ရောင်းဝယ်မှု ဈေးကွက်အတွင်းမှာ ရင်းနှီးမြှုပ်နှံမှုကို ပုံသေထားပြီး လစဉ် အတိုးသဘော ပေးချေနေတဲ့ ကုမ္ပဏီတွေ ရှိလာပါတယ်။ ဒီလိုကုမ္ပဏီမျိုးမှာ ရင်းနှီးမြှုပ်နှံ ခြင်းက စွန့်စားရာကျတယ် လို့ ဈေးကွက် ကျွမ်းကျင် သူတွေက ပြောပါတယ်။ ကိုယ်တိုင် ကိုယ်ကျ ပါဝင်ရတာ မဟုတ်တဲ့အတွက် ဆုံးရှုံးမှု ရာခိုင်နှုန်းဟာ ၅၀ ကျော်တယ်လို့လည်း ဆိုကြပါတယ်။ ၂၀၁၅ ခုနစ် တုန်းက Global Group ဆိုတဲ့ နိုင်ငံခြားကုမ္ပဏီ တစ်ခု ရန်ကုန်ရှိ ဆာကူရာတာဝါမှာ ရုံးခန်းဖွင့်လှစ်ကာ Online Trade ကို ဝန်ဆောင်မှု ပေးခဲ့ပါ တယ်။ အစပိုင်းမှာတော့ ပုံမှန် Trade ကို သာလုပ် ဆောင် ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ရင်းနှီးမြှုပ်နှံမှုကို အသေထားကာ ပုံမှန် အတိုးပြန်ပေးတဲ့ ရင်းနှီးမြှုပ်နှံမှုကို ခေါ်ယူခဲ့ပါတယ်။ ဒါပေမဲ့ အတိုးပြန်ပေး မှုဟာ ခြောက်လ ဝန်းကျင်သာ ကြာခဲ့ပြီး နောက်ကုမ္ပဏီ ပိတ်သိမ်း ကာ ထွက်ပြေး ခဲ့တာကြောင့် ငွေကြေး ဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ရှေ့မှာ နမူနာ သာဓက တွေ ရှိခဲ့တာကြောင့် ဈေးကွက် ကျွမ်းကျင် သူတွေကတော့ ပုံသေ ရင်းနှီးမြှုပ်နှံမှုကို လက်ရှောင်ပြီး ကိုယ်တိုင်ကိုယ်ကျ ပါဝင်တဲ့ ရင်းနှီး မြှုပ်နှံမှုကိုသာ ပြုလုပ်ကြဖို့ အကြံပြုကြ ပါတယ်။

ယခုနောက်ပိုင်းမှာ နည်းပညာ အဆင့်မြင့်မားလာပြီ ဖြစ်တာကြောင့် Robot လို့သုံးနှုန်းတဲ့ Auto Trade တွေ ပေါ်ပေါက်နေပြီလို့ သိရပါတယ်။ ဆော့ဖ်ဝဲ အသုံးပြုပြီး မိမိလိုချင်တဲ့ အချိန်နဲ့ ဈေးနှုန်းတွေကို သတ်မှတ်ပေး ထားပါ။ အလို အလျောက် ရောင်းဝယ်မှုကို ပြုလုပ် ပေးသွားမှာ ဖြစ်တာကြောင့် ဈေး ကွက်ကို အမှန်တကယ် နားလည်ပါက အချိန်ကုန် လူပန်း သက်သာခြင်းကို အများကြီး လျှော့ချပေးနိုင် တယ်လို့ ဆိုကြပါတယ်။ နည်းပညာ တိုးတက်မှု လည်း မြန်ဆန်နေတဲ့ ယနေ့ခေတ်မှာ ပုံသေ ရင်းနှီးမြှုပ်နှံမှုကို မပြုလုပ်တာ ကောင်းသလို ကိုယ်တိုင်ကိုယ်ကျ ပါဝင်ရောင်းဝယ်ခြင်းက ကိုယ့်အတိုင်း အတာကို ခန့်မှန်းနိုင်တာ၊ စစ ချင်းမှာ ဈေးကွက် အနေအထားကို မသိရှိသေး ပေမဲ့ ရောင်းဝယ်မှု များလာပါက အရှုံးနည်း လာပြီး အမြတ်များလာနိုင်တာ စတဲ့ အကျိုးကျေးဇူးတွေကို ရရှိမှာဖြစ်ပါတယ်။

Futures Market ဟာ နိုင်ငံတကာမှာ မူဝါဒချမှတ် လုပ်ကိုင်နေတာဖြစ် ပေမဲ့ ပြည်တွင်း မှာတော့ နိုင်ငံတကာမှာလို မဟုတ်ပါဘူး။ ပြည်တွင်း မှာတော့ ရွှေစတော့ ဈေးကွက်တို့လို ပေါ်ပေါက်လာဖို့ လုပ်ဆောင်မှု တွေ ရှိနေပေမဲ့ လက်တွေ့ ချိန်ထိတော့ အကောင်အထည် ဖော် ဆောင်ရွက်င်ခြင်း မရှိသေးပါဘူး။ ရွှေစတော့ မားကက်ပေါ်ပေါက်လာဖို့အတွက် တရုတ်နိုင်ငံက ရွှေစတော့ မားကက်ကို အခြေယူကာ ဝန်ကြီးဌာနတွေနဲ့ မူဝါဒရေးရာ ပိုင်းတွေ ဆွေးနွေး နေဆဲ အဆင့်သာ ရှိနေပါသေးတယ်။ လက်ရှိ ရန်ကုန်စတော့ ဈေးကွက် တောင် မနည်းရုန်း ကန်နေရတဲ့ အခြေ အနေမှာ ရွှေစတော့ဈေးကွက် နေရာယူလာဖို့က အချိန်ကာလ တစ်ခုအထိ ကြာမြင့်ဦးမှာဖြစ်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

Futures Market လို့ခေါ်တဲ့ Online Trading လုပ်ခြင်းက ပြည်တွင်းမှာ တိကျသေချာတဲ့ မူဝါဒချမှတ်ထားခြင်း မရှိသေးပေမဲ့ ပြည်တွင်း Broker ကုမ္ပဏီတွေကတော့ အစိုးရဆီမှာ ကုမ္ပဏီမှတ်ပုံတင် ပြီးလုပ်ဆောင်နေ ကြတာဖြစ်တယ်လို့ သိရပါတယ်။ ကုမ္ပဏီ စိတ်ချရ ပါက ပြဿနာမရှိပေမဲ့ မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်ပေါ်အောင် နောက်ခံ ကုမ္ပဏီ ကို သေချာ စိစစ် ရွေးချယ်သင့်ပါတယ်။ ဒါမှသာ စိတ်ချရတဲ့ ကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံမှုကို စိတ်ချစွာလုပ် ဆောင်နိုင်မှာဖြစ်ပါတယ်။

"ကျွန်တော်တို့ဆီမှာ ဥပမာရှိပြီးသားပါ၊ မလေးရှားက ကုမ္ပဏီတစ်ခု အွန်လိုင်းကနေ ငွေတွေလက်ခံပြီး သူ့နိုင်ငံသူ ပြန်သွားတယ်။ ဒီကကျန်ခဲ့တဲ့ သူတွေ ဘာမှလုပ်လို့မရဘူး။ ပိုက်ဆံက ပါသွားပြီလေ။ ဥပဒေအရ ဘာနဲ့ Claim လုပ်မလဲ၊ အခက်အခဲတော့ရှိတယ်၊ အဓိက ဘယ် Law နဲ့တည်ဆဲ ဥပဒေ၊ ဘယ်မူဝါဒနဲ့ လုပ်ခွင့်ပေးမလဲ။ ဒါတွေကို ချည်နှောင် ထားမယ့် Law တစ်ခုတော့ လိုတယ်" လို့ ဦးထုံရွှေဆိုင်ပိုင်ရှင် ဦးကျော်ဝင်းကဆိုပါတယ်။

အချုပ်ဆိုရရင် ပြည်တွင်းကို Futures Market ဝင်ရောက်လာတာဟာ ၂၀၁၃ ခုနှစ်ဝန်းကျင် လောက်ကဖြစ်ပြီး အခုဆိုရင် ပြည်တွင်းဈေးကွက်ဟာ လေးနှစ်သက်တမ်း အတွင်းကို ဝင် ရောက် နေပြီဖြစ်ပါ တယ်။၂၀၁၅ ခုနစ်ကစပြီးတော့ လူစိတ်ဝင်စားမှုများလာကာ ယခုဆိုရင် ဈေးကွက် တွင်ကျယ်နေတဲ့ အနေအထားကို ရောက်ရှိနေပြီဖြစ်ပါတယ်။ Borker ကုမ္ပဏီ တွေလည်း များပြားလာခဲ့ပြီး Trade လုပ်သူတွေလည်း တိုးပွားနေ ပါတယ်။ ဒါကြောင့် မူဝါဒ ခိုင်မာမှုနဲ့ အာမခံချက် မသေချာသေးတဲ့ အနေ အထား တစ်ခုမှာ ဈေးကွက် သဘော တရားကို အမှန်တကယ် နားလည်နိုင် အောင် ပြုလုပ်ဖို့ လိုအပ်သလို ရင်းနှီးမြှုပ်မယ့် နောက်ခံ ကုမ္ပဏီကို စိစစ် ရွေးချယ်ဖို့လည်း လိုအပ်ပါတယ်။

Futures Market ဟာ ကမ္ဘာ့ အင်အားကြီး နိုင်ငံတွေနဲ့ အရေးပါတဲ့အဖွဲ့ အစည်းတွေ၊ နိုင်ငံ အသီးသီးရဲ့ အစိုးရ ထောက်ခံမှုကို ရရှိထားတဲ့ International Server တွေနဲ့ အရောင်း အဝယ်ပြုရတဲ့ ဈေးကွက် ဖြစ် ပါတယ်။ Trader ၉၀ ရာခိုင်နှုန်းဟာ အရှုံးနဲ့ ရင်ဆိုင်ရပါတယ်။ အကြောင်း အရင်းကတော့ သိပ်ကိုရိုးရှင်းပါတယ်။ ဈေးကွက်ရဲ့ အချိန်အခါကို လိုက်ပြီး ရောင်းဝယ်မှု ပြုလုပ်ရတာ ဖြစ်တာကြောင့် ဈေးနှုန်း အတက်အကျ မြန်ဆန် ပါတယ်။ Futures Market ဟာ လက်ရှိဈေးကို အရောင်း အဝယ်လုပ်တာ မဟုတ်ဘဲ အနာဂတ် ဈေး ကို အရောင်းအဝယ် လုပ်တာဖြစ်တာကြောင့် တွက်ချက်မှုတွေရှိလာပါတယ်။ တွက်ချက်မှု မှန်ကန်ပါက အမြတ်ကျန်ပြီး တွက်ချက်မှု မှားပါက အရှုံးများပါတယ်။ ငွေကြေးစီးဆင်းမှု လည်း များသလို အရှုံးအမြတ်လည်း မြန်ဆန်တဲ့ ဈေးကွက်ဖြစ်တာကြောင့် အချိန်ယူ လေ့လာ ပြီးမှသာ ရင်းနှီးမြှုပ်နှံဖို့ဈေးကွက် ကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်။