သင့်အနားက လူတွေကို အဝေးထွက်သွားစေတဲ့ သင့်အမူအကျင့်ဆိုးတွေ

သင့်အနားက လူတွေကို အဝေးထွက်သွားစေတဲ့ သင့်အမူအကျင့်ဆိုးတွေ

ငါကောင်းအောင် လုပ်နေရဲ့သားနဲ့ ဘာလို့ ငါ့အနားမှာ လူတွေမရှိတော့ တာလဲ ဆိုပြီးတော့ ကိုယ်ဘာလုပ်လို့ လုပ်ထားမှန်း မသိတဲ့ လူမျိုးတွေကို သင်ကြုံဖူးပါ သလား။ ကျွန်တော် ကိုယ်တိုင်ဟာလည်း အဲဒီလိုလူ ဖြစ်ခဲ့ဖူးပါ တယ်။ တဖြည်းဖြည်းနဲ့ ကိုယ့်ရဲ့ ဒီအမူအကျင့် ဆိုးတွေဟာ လူတွေ ကို အဝေး ထွက်သွားစေတယ် ဆိုတာကို နားလည်ခဲ့ပါတယ်။ ကုမ္ပဏီ တစ်ခု မှာ အလုပ်ထွက်နှုန်း များနေတယ် ဆိုရင်လည်း အဲဒီမှာ အကြောင်း များစွာ ရှိနိုင် ပါတယ်။ တချို့ကျတော့ ငွေကြောင့်ဖြစ်ပေမဲ့ မြန်မာတွေမှာတော့ ငွေထက် ပိုမိုတဲ့ အကြောင်းပြချက် များစွာရှိပါ တယ်။ မြန်မာလူမျိုးတွေဟာ အနောက်တိုင်း လူမျိုးတွေနဲ့ မတူတာကတော့ သံယောဇဉ်၊ အချစ်၊ မေတ္တာ အစရှိ သဖြင့်တို့ကို ပိုမိုအလေး ထားခြင်း ဖြစ်ပါတယ်။ ဒါကြောင့် လုပ်ငန်းခွင်မှာ ငွေကြေးကြောင့် မဟုတ်ဘဲ ပျော်လို့လုပ်သူတွေ များပါတယ်။ ဒီတော့ အလုပ် ထွက်ရတဲ့ အကြောင်းက မပျော်လို့။ မပျော်တဲ့ အကြောင်းက ဘာလဲ ဆိုရင် သူတို့ကို စီမံခန့်ခွဲ အုပ်ချုပ်နေသူတွေမှာ အဆိပ်အတောက် ဖြစ်တဲ့ အမူ အကျင့်တွေ ရှိနေလို့ဆိုတာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့်မို့ ခေါင်းဆောင်တွေမှာရော၊ အလယ်လတ်တန်းနဲ့ အလွှာစုံ ပရော်ဖက်ရှင် နယ်သမားတွေမှာ ပါရှိတဲ့ အမူအကျင့်ဆိုး တွေကို လေ့လာကြည့် လိုက်ရအောင်။
 

ဘာပဲဖြစ်ဖြစ် မိမိကိုပြစ်တင်ပြောတယ်လို့ပဲ ထင်နေသူ
ဘာပဲပြောပြော မိမိကိုရည်ရွယ် ရည်ညွှန်းပြောတယ်လို့ အမြဲမြင်ခြင်းဟာ လည်း အဆိပ် အတောက် တစ်ခုပါ။ လူတွေပြောနေတဲ့ စကား အများစုဟာ သူတို့ကြုံတွေ့ရတဲ့ အဖြစ် အပျက်၊ သူတို့ကိုယ်တိုင် သူတို့ကို ပြောခြင်းသာ ပိုများပါတယ်။ ဒါငါ့ကိုပြောနေ ပါလားလို့ အမြဲတမ်းတွေး ထင်နေ ရင်တော့ မှားပါလိမ့်မယ်။ တကယ်လို့ မိမိကို ရည်ညွှန်း ပြောရင် တောင် ဘယ်လို ဝေဖန်မှုမျိုးကိုမဆို ကိုယ်ဟာ လက်ခံနိုင်အောင် ကြိုး စားဖို့လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ ပြောလာသမျှ အပေါ်ကို ငါ့ကိုရည်ညွှန်း ပြောနေတယ်၊ ငါ့ကို တိုက်ခိုက် နေတယ် အစရှိသဖြင့် ဘယ်ဟာကိုပဲဖြစ်ဖြစ် အလုပ်သဘောအရ မတွေးနိုင်ဘဲ စိတ် သောကများ၊ ဒေါသထွက် နေတယ် ဆိုရင်တော့ အဲဒီလိုလူတွေကို တခြားလူတွေက ရှောင် သွားပါလိမ့်မယ်။
 

အဆိုးမြင်တတ်သူ
အဆိုးမြင် တတ်သူတွေကတော့ အဆိုးဆုံးပါ။ မိမိဝန်ထမ်း တစ်ယောက်ရဲ့ ကြိုးစားမှုဟာ ရောင်းအား ဒေါ်လာငါးသိန်း ရှိရင် ကောင်းတယ်၊ ဆက်ကြိုး စား လို့ပြောရမယ့်အစား ဘာလို့ အဲဒီလောက်တောင် နည်းရတာလဲနဲ့ အစချီပြီး အပြစ်တင်နေပြီ ဆိုရင်တော့ အဲဒီလို လူအောက်မှာ လူတွေ ကြာကြာ မရှိပါဘူး။ အပြစ်လုပ်ထားတဲ့ ဝန်ထမ်း တစ်ယောက်ကို သူ့အပြစ် ချည်းနင်း ပြောပြီး ထပ်ခါထပ်ခါ ပြောဆိုနေရင်တော့ ဒီခေါင်းဆောင်ဟာ တစ်ခု ခုတော့ မှားနေပါပြီ။ လူတိုင်းဟာ ပုထုဇဉ်တွေ ဖြစ်တာကြောင့် အဆိုး မြင်တတ်တဲ့ စိတ် ရှိတာ မဆန်းပါဘူး။ မိမိမိတ်ဆွေသူငယ်ချင်း ရင်းနှီးသူ ကြားမှာ တောင် ကိုယ့်အောင်မြင် မှုကို အဖက်မလုပ်ဘဲ ကိုယ့်ရဲ့ ရယ်စရာ ဖြစ်ရပ်ကို ထပ်ခါထပ်ခါ ပြောပြီး လှောင်ပြောင် မယ့်သူက ပိုများ ပါလိမ့်မယ်။ သူတို့တွေဟာ အဆိုးမြင်သူတွေပါ။ ကောင်းတဲ့ အပိုင်းကို ချီးကျူးပေးဖို့၊ မိမိ ကိုယ်ကိုလည်း အဆိုးတွေကြုံတဲ့အခါ အကောင်း မြင်နိုင်အောင် ကြိုးစားဖို့ လိုအပ်ပါတယ်။ တကယ်လို့ အဲဒီလို မဟုတ်ဘူး ဆိုရင်တော့ မိမိပတ်ဝန်း ကျင်ကလူတွေ တဖြည်းဖြည်း လျော့ပါးသွားပါလိမ့်မယ်။ တချို့သော အရာ တွေကို မိမိဟာ ပြုပြင်ပြောင်း လဲလို့ မရပါ ဘူး။ ဥပမာ- ကားပိတ်တာနဲ့ ရာသီ ဥတုဖောက် ပြန်တာဟာ မိမိအနေနဲ့ တိုက် ရိုက် ကိုင်တွယ် ဖြေရှင်းလို့ ရတဲ့အရာ မျိုးမဟုတ်ပါဘူး။ ဒီလို မိမိဘာမှပြုပြင် ပြောင်း လဲပေး လို့မရတဲ့ သဘာဝ တရားတွေပေါ်မှာ အဆိုးမြင် အပြစ်တင် ဝေဖန်နေခြင်းဟာလည်း မိမိရဲ့ အကောင်းမြင်စိတ်တွေကို လျော့ပါးစေပါတယ်။ မနက်ရုံးရောက်တဲ့ အခါ မိမိရဲ့ကြုံ တွေ့ ခဲ့ရတဲ့ လွဲချော်မှုအကြောင်း ပြောပြသူနဲ့ ကားလမ်း ဘယ်လောက်ပိတ်လို့ စိတ်ညစ်ကြောင်း ပြောပြသူမှာဆိုရင် ဘယ်သူဟာ အကောင်းမြင်စိတ် ရှိသူဆိုတာ သင်ခွဲခြား သိမြင်နိုင် ပါတယ်။
 

စိတ်ကောင်း နှလုံးကောင်း မရှိခြင်း
ဒီထက်ဆိုးတာ မရှိတော့ပါဘူး။ လူတချို့ဟာ မိမိရဲ့လိုအင်ဆန္ဒ ဖြည့်ဆည်း ရဖို့အတွက် တခြားလူတစ် ယောက်၊ ဒါမှမဟုတ် အစုအဖွဲ့တစ်ခုကို စတေး လိုက်ဖို့ ဝန်မလေး သူတွေ ရှိပါလိမ့်မယ်။ သနားကြင် နာခြင်း၊ ချစ်ခြင်း မေတ္တာဖြန့်ဝေ ရမယ့်အစား သနားကြင်နာမှု မရှိခြင်း၊ ကိုယ်ချင်း မစာနာ တတ်ခြင်း၊ မေတ္တာမထား တတ်ခြင်းတို့ဟာ မိမိဘေးက လူ တွေကို ထွက်သွားစေ ပါလိမ့်မယ်။ အကူအညီ တောင်းလာမှုတွေကို ငြင်းဆိုခြင်း၊ သူများ ဆီက အကူအညီယူပြီး ကိုယ်ကျတော့ ပြန်မကူညီပေးနိုင်သူ၊ အကြွေး ယူပြီး ပြန်မပေးသူ အစရှိတဲ့လူတွေ အနားကနေလည်း လူတွေ ထွက်သွား ပါလိမ့် မယ်။ စိတ်ကောင်း နှလုံး ကောင်း ရှိဖို့အတွက် ပထမဦးဆုံး အဆင့် အနေနဲ့ မိမိရဲ့ လုပ်ဆောင်ချက်ဟာ တခြား လူတွေကို ဒုက္ခပေးခြင်း မဖြစ်အောင် အရင်ဆုံးကျင့်ကြံနေ ထိုင်ရပါမယ်။ နောက်တစ်ဆင့် ကတော့ တခြားလူကို စိတ် ချမ်းသာအောင် ကူညီ၊ မေတ္တာထားနိုင်အောင်ကြိုး စားခြင်း ဖြစ်ပါတယ်။ အဲဒီလိုမှ ကြိုးစားမပြုပြင်ရင် ကိုယ့်အနားမှာ လူတွေ ပါးသထက် ပါးသွား ပါလိမ့်မယ်။
 

တခြားသူတစ်ပါးကို လေးစားမှု မရှိခြင်း

ဒါဟာလည်း အမှန်တော့ စိတ် ကောင်း နှလုံးကောင်း မရှိတဲ့အောက်ကို ထည့်လို့ရပါတယ်။ ဒါပေမဲ့ တချို့လူတွေ ကျတော့ တခြားလူကို ထိခိုက် နစ်နာစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဆိုး သူတွေ မဟုတ်ပေမဲ့ တစ်ပါး သူကို မလေးစား တတ်သူတွေလည်း သီးသန့်ရှိပါသေး တယ်။ သူတို့က မိမိ ကိုယ်ကို မာန်မာနထောင်လွှား သူတွေ များပါတယ်။ ငါဟာဘာနဲ့ ကျောင်းပြီး ထားတယ်၊ ငါဟာ ဘာရာထူးနဲ့ အလုပ်လုပ်နေတယ်၊ ငါဟာ ဘယ်လောက် တော်တယ် အစရှိတဲ့ အကြောင်းချက်တွေကြောင့် မိမိကိုယ်မိမိ အထင်ကြီး ထောင်လွှားပြီး လုပ်ဆောင် ချက်တိုင်းဟာ မိမိရဲ့ဂုဏ်ကို တင်ရန်ဖြစ်နေတာ ကြောင့် မရည်ရွယ်ပေမဲ့ တစ်ပါးသူကို ထိ ခိုက် သွားစေတာ မျိုးတွေလည်း ရှိပါတယ်။ မာန်မာန ထောင်လွှား လာတဲ့အခါ တစ်ပါး သူကို လေးစားမှုဟာ ဆန့်ကျင်ဘက် တစ်ခုဖြစ်တာ ကြောင့် အခြားသူကိုလေးစားမှု တဖြည်း ဖြည်းနဲ့ လျော့ပါးလာပါတယ်။ မိမိထက် အောက် လက်ငယ်သားတွေကို ဆက် ဆံတဲ့အခါ ရိုင်းလာမယ်။ တန်းတူလူတွေကိုလည်း မတူရင် မတူသလို ဆက်ဆံတတ် လာ မယ်။ အဲဒီလို အပြုအမူတွေဟာ အဆိပ်အတောက် ဖြစ်တာကြောင့် လူတွေ မိမိ ပတ်ဝန်း ကျင်ကနေ လျော့ပါးသွားပါလိမ့်မယ်။

အမြဲအနိုင်လိုချင်သူ

စီးပွားရေး လောကမှာပဲဖြစ်ဖြစ်၊ လူမှုပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ် မိမိဟာ အမြဲ တမ်းနိုင်မယ်လို့ ယူဆလို့မရပါဘူး။ နိုင် အောင်လည်း ကြိုးစားနိုင်ပါတယ်။ ဖြစ်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကိုယ်ပထမ ဆုယူတဲ့အခါ လက်ခုပ် တီး ပေးမယ့် လူတွေ မရှိတော့တဲ့ အခြေအနေမျိုးလည်း ရှိနိုင်ပါတယ်။ ဘဝမှာ အောင်နိုင်ဖို့ပဲ အမြဲစဉ်းစားပြီး ဘယ်သူနဲ့ပဲ ဆက်ဆံဆက်ဆံ၊ ဘယ်စီးပွား နဲ့ပဲ ပြိုင်ပြိုင် မိမိအနိုင်ရဖို့ချည်း တွေးပြီး လုပ်ဆောင်နေတာ ဟာလည်း အဆိပ် အတောက်တစ်ခုပါပဲ။ အရာအားလုံး တိုင်းဟာ ပြိုင်ပွဲမဟုတ်ပါဘူး။ တစ်ခါတလေကျရင် မိတ်ဆွေလည်းဖြစ်နိုင်သလို ခရီး သွားဖော်လည်း ဖြစ်နိုင် ပါတယ်။ အဲဒီလို မဟုတ်ဘဲ တွေ့ကရာအားလုံးကို လိုက်လံ ယှဉ် ပြိုင်၊ စကားပြောလည်း စကားနိုင်လု၊ အလုပ်လုပ်လည်း လိုက်ပြိုင်၊ စီးပွား လည်း လိုက်ပြိုင် အစရှိတဲ့ အပြုအမူဆိုးတွေကြောင့် မိမိဘေးက လူတွေ ထွက်သွားပါလိမ့်မယ်။ အရာ အားလုံးဟာ ယှဉ်ပြိုင်စရာချည်းလို့ မှတ် ယူနေလို့မရပါဘူး။ ဘဝမှာ ပျော်ရွှင်စွာနေထိုင်ဖို့၊ စိတ်အေး ချမ်းသာစွာနေ ထိုင်နိုင် ဖို့လို့ မှတ်ယူဖို့ လိုအပ်ပါသေးတယ်။

မှန်ကန်တဲ့ ပတ်ဝန်းကျင်မှာ ရှိမနေသူ 
အထက်ပါ အဆိပ်အတောက်တွေ တစ်ခုမှ ကိုယ့်ဆီမှာမရှိဘူး။ ဒါပေမဲ့ ကိုယ့် အနားမှာ ဘယ်သူမှ မရှိဘူး ဆိုရင်တော့ အဖြစ်နိုင်ဆုံးက မိမိဟာ မိမိနဲ့မသင့်လျော်တဲ့ ပတ်ဝန်း ကျင်မှာ ရှိနေလို့လည်း ဖြစ်နိုင်ပါတယ်။ မိမိနဲ့ ဆီလျော်တဲ့ ပတ်ဝန်းကျင် မဟုတ်တာကြောင့် မိမိရဲ့အသုံးဝင်မှုဟာ သိပ် မရှိတာမျိုး၊ ဘာမှမလုပ်တတ် မကိုင်တတ်တာမျိုး တို့ဆိုရင်တော့ သေချာ ပါတယ်။ မိမိဆီကနေ ဘာမှ သင်ယူတတ်မြောက်၊ သိမြင်စရာ မရှိ တာ ကြောင့် လူအများ ထွက်သွားပါလိမ့်မယ်။ ဒါကြောင့် လူမှန်နေရာမှန်ဖြစ် ဖို့ကလည်း အင်မတန် အရေး ကြီးတဲ့ အချက်ဖြစ်ပါတယ်။ လူမှန်နေရာမှန် မဟုတ်တာကြောင့် မိမိရဲ့ လုပ်ဆောင် ချက်တွေလည်း မှားယွင်းနိုင်သလို တဖြည်းဖြည်းနဲ့ အထက်ပါ အဆိပ်အတောက် ရှိတဲ့ အတွေး တွေလည်း စိတ်မခိုင်ရင် ဝင်လာ တတ်ပါတယ်။ ဒါကြောင့်မို့ မိမိဟာ မှန်ကန်တဲ့ ပတ်ဝန်းကျင် မှာ ရှိနေဖို့အတွက်လည်း အထူးလိုအပ်ပါတယ်။
ဒီအချက်တွေ အားလုံးကို တကယ်တမ်း ပြန်လည်ခြုံငုံ ကြည့်လိုက်တဲ့ အခါမှာလည်း ဗုဒ္ဓ မြတ်စွာဘုရား ဟောကြားထားတဲ့ တရားတော်တွေနဲ့ မကင်းပါဘူး။ ဥပမာ- စိတ်ကောင်း နှလုံးကောင်းရှိဖို့ဆိုရင် အကောင်းမြင် ပေးဖို့ ယောနိသော မနသိကာ ရရှိရမယ်လို့ မိန့်တော် မူခဲ့ပါတယ်။ မာန် မာနဟာ အကုသိုလ် ဆယ်ပါးထဲမှာ တစ်ပါးအဖြစ် ထည့်သွင်း ထားပြီး မာန်မာန ထောင်လွှားခြင်းကြောင့် အခွင့်အရေးများစွာ ဆုံးရှုံးနိုင်ကြောင်း ဓမ္မပဒတရားတော် တွေမှာ မြင်တွေ့နိုင်ပါတယ်။ အဲဒီအခါ ကြမ်းတမ်း စွာပြောဆိုခြင်း (ဖရုဿဝါစာ)၊ မနာ လိုခြင်း၊ ဝန်တိုခြင်း၊ လောဘကြီးခြင်း အစရှိ သဖြင့် တို့ဟာလည်း အကုသိုလ် ဆယ်ပါး တို့မှာ အခြေခံပါရှိနေတဲ့ တရားတွေ ဖြစ်ပါတယ်။ အလုပ်ကို လုပ်ကိုင်တဲ့အခါ မှန်ကန်စွာ ပြောဆိုဖို့၊ မှန်ကန်စွာ တွေးခေါ်ဖို့၊ မှန်ကန်စွာလုပ်ကိုင်ဖို့၊ မှန်ကန်စွာကျင့်ကြံဖို့၊ မှန်ကန် စွာနှလုံး သွင်းဖို့ အစရှိသဖြင့် မှန်ကန်သော နည်းလမ်းရှစ်မျိုး (မဂ္ဂင်ရှစ်ပါး) ကိုလည်း ဟောကြားခဲ့ပါတယ်။
မိမိရဲ့လူမှုပတ်ဝန်းကျင်မှာရော၊ လုပ်ငန်းခွင် ပတ်ဝန်းကျင်မှာပါ လူကောင်း များစွာနဲ့ ဝိုင်းဝန်း နေခြင်းဟာလည်း အားသာချက် တစ်ခုဖြစ်ပါတယ်။ အဲဒီအား သာချက်ကြောင့် မိမိအတွက် အကူအညီ အထောက်အပံ့ရခြင်း၊ အခက်အခဲမှကယ် တင်ပေးခြင်း အစ ရှိတဲ့အားသာ ချက်တွေရှိပြီး လူအများ မေတ္တာထား ခံရခြင်းဆိုတဲ့ ငွေပေး ဝယ်လို့မရတဲ့ အရာကိုလည်း ရရှိဦးမှာ ဖြစ် ပါတယ်။ ဒါကြောင့် မိမိအနားမှာ လူကောင်းတွေနဲ့ ဝန်းရံ နေဖို့အတွက် မိမိရဲ့ အမူအကျင့်ဆိုးတွေကို ဖယ်ရှားရေးအတွက် ရေးသားမျှဝေ လိုက်ရ ပါတယ်။