5 Secrets You Should Know About HR

5 Secrets You Should Know About HR

HR နှင့်ပတ်သတ်၍ သင်သိသင့်သော လှို့ဝှက်ချက် ၅ ချက်

လူသားရင်းမြစ်။ HR ရဲ့ ပိတ်ထားတဲ့ တံခါးပေါက်နောက်ကွယ်မှာ ဘာတွေရှိမှာလဲ၊ သူတို့ပုံစံကြည့်ရတာ လုပ်ပိုင်ခွင့် တော်တော်ရထားပုံပဲ။ ဒါပေမဲ့ သူတို့တစ်တွေဟာ ခင်ဗျားရဲ့ ရှေ့နေလား ၊ ခင်ဗျားရဲ့ ကိုယ်စားလှည် မန်နေဂျာလား၊ HR နဲ့ ပတ်သက်ပြီး အရေးကြီးပြီး သိသင့်တဲ့အချက်တွေကို ဖေါ်ပြပေးချင်ပါတယ်။

၁။ HR သည် သင်၏ရှေ့နေမဟုတ်

လူသားရင်းမြစ်ဌာနရဲ့ တာဝန်က ကုမ္ပဏီရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ပါ။ ဒီဌာနရဲ့ သစ္စာရှိမှုနဲ့ တာဝန်ယူမှုဟာ ကုမ္ပဏီအတွက် သက်သက်ပါပဲ။ ဒီဘက်ခေတ် အချို့အချိန်တွေမှာ HR ကလူတွေဟာ မန်နေဂျာဆိုးတွေရဲ့ လက်အောက်က အလုပ်သမားတွေအတွက် ရှေ့နေသဖွယ် ဖြစ်လာတက်ကြပါတယ်။ ဒါကလည်း မန်နေဂျာကဆိုးဦးမှ၊ အလုပ်သမားကလည်း အစားထိုးဖို့ ခက်တဲ့သူ ဖြစ်ဦးမှပါ။ ကျန်တဲ့အချိန်တွေမှာတော့ အလုပ်ရှင်အတွက်အကောင်းဆုံးတွေဟာ အလုပ်သမားတွေအတွက်လည်း အကောင်းဆုံးတွေတော့ မဖြစ်နိုင်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ HR ရဲ့ အမြဲတမ်းဦးတည်ရာက ကုမ္ပဏီကောင်းကျိုးပဲ ဖြစ်ကိုဖြစ်ရမှာပါ။

၂။ HR မှလူများသည် အကယ်၍နုတ်လုံစေရန်ကြိုတင်တောင်းဆိုထားလျင်ပင် သင်၏ အတွင်းရေးများကို လှို့ဝှက်ထားရန် တာဝန်မရှိ

HR ဝန်ထမ်းတွေ ဆိုတာ ဆရာဝန်တွေ၊ ဘုန်းတော်ကြီးတွေမဟုတ်ဘူးလေ။ ခင်ဗျားရဲ့အတွင်းရေးကိစ္စတွေကို လှို့ဝှက်ပေးလိမ့်မယ်လို့ မယူဆသင့်ဘူး။ တကယ်လို့ HR ဌာနကလူတွေဟာ ပြန်လည်မျှဝေပြီး ဆန်းစစ်ဖို့လိုလာတဲ့ သတင်းစကားတွေကို ကြားသိခဲ့မယ်ဆိုရင် ကုမ္ပဏီရဲ့ အကျိုးအမြတ်ကိုရည်သန်ပြီး ထုတ်ဖေါ်ပြောဆို ဆွေးနွေးဆုံးဖြတ်မှုတွေ လုပ်ကြရမှာပါပဲ။ ဒါဟာ သူတို့ရဲ့ တာဝန်လည်းဖြစ်ပါတယ်။ ကိစ္စရပ် အတော်များများမှာတော့ သူတို့ဟာ professional ပီသစွာ မသိချင်ယောင်ဆောင်နေကြပါလိမ့်မယ်။ တစ်ချို့နေရာတွေမှာတော့ သူတို့ ဥပဒေကို ချိုးဖောက်ပါလိမ့်မယ်။ သူတို့ မပြဋ္ဌာန်းထားတဲ့ ဥပဒေဆိုတော့ တကယ်တော့ ချိုးဖေါက်တယ်လို့တောင် ပြောလို့ရမှာမဟုတ်ပါဘူး။

၃။ HR သည် သူတို့သိသောအရာများကို သင်တို့ကို ပြောပြလိမ့်မည်မဟုတ်

ကုမ္ပဏီဝန်ထမ်းများအတွက် အရေးပါတဲ့ အကျိူးအမြတ်တွေ ချဉ်းကပ်လာတာပဲဖြစ်ဖြစ်၊ တခြားဌာနတစ်ခုက ခင်ဗျားရဲ့ဌာနထက် ပိုပြီးအခြေအနေကောင်းတာပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းအတွင်း ဘယ်သူက အရေးပါအရာရောက်ပြီး တို့ထိလို့မရသူဖြစ်ကြောင်းကိုပဲဖြစ်ဖြစ်၊ ဘယ်သူကဖြင့် ထွက်ရက်နီးနေပြီဆိုတာပဲဖြစ်ဖြစ် ဘာဖြစ်ဖြစ် HR ဌာနကလူတွေက ခင်ဗျားကိုပြောပြနေမှာမဟုတ်ပါဘူး။ ကိစ္စရပ်အတော်များများမှာ HR ဌာနရဲ့အပြောဟာ အလုပ်နဲ့ တစ်ထပ်တည်းဖြစ်နေတက်ကြပါတယ်။

၄။ HR ၏အလုပ်သည် ကုမ္ပဏီမန်နေဂျာအား အထောက်အပံ့ပေးရန်ဖြစ်ပြီး မည်သို့လုပ်ရမည်ဖြစ်ကြောင်း ဝင်ရောက်ပြောဆိုရန်မဟုတ်

ကုမ္ပဏီမှာ လူခန့်ခြင်း၊ ရာထူးမြင့်ခြင်း/လျော့ခြင်း စတဲ့အလုပ်တွေလုပ်ရာတာမလို့ HR ဌာနဟာ တခြားဌာနတွေနဲ့စာရင် ပိုပြီး သြဇာကြီးသယောင်ပါပဲ။ ဒါပေမဲ့ ယေဘုယျဆိုရရင်တော့ ခင်ဗျားဟာ မန်နေဂျာတစ်ယောက်ဖြစ်ပြီး HR ဌာနကလူတွေဟာ ခင်ဗျားအလုပ်မှာ အခက်အခဲတွေဖြစ်အောင် လာလုပ်နေတယ်ဆိုရင်တော့ (ဥပမာ။ ။ လူတော်တွေခန့်ဖို့ ခက်ခဲအောင်လုပ်တာတွေ၊ မြန်မြန်ဆန်ဆန်ခန့်ဖို့လိုအပ်ချိန်မှာ မခန့်တာတွေ) HR ဌာနကို ပြန်ပြီးဖိအားပေးနိုင်ပါတယ်။ အားလုံးဟာ ကုမ္ပဏီရဲ့ အကျိုးအတွက်ကိုပဲ ရှေးရှုရမှာပါ။

၅။ HR ဌာနဆိုသည်မှာ လွန်စွာကောင်းခြင်း၊ သို့မဟုတ် လွန်စွာဆိုးခြင်းသာ အရှိများ၏

တချို့ HR ဌာနတွေဟာ ကုမ္ပဏီရဲ့ ရည်မှန်းချက်တွေကို သဘောပေါက်နားလည်ပြီး ဓလေ့ထုံးစံတွေကို သိထားတဲ့အပြင်ကိုမှ ကုမ္ပဏီနဲ့ လက်တွဲညီညီ အလုပ်လုပ်တက်ကြပါတယ်။ အကောင်းဆုံးလေ့ကျင့်ပြီး မန်နေဂျာတွေ၊ ခိုင်မာမှုရှိတဲ့ အကျိုးအမြတ်တွေနဲ့ အုပ်ချုပ်ပုံစနစ်တွေ၊ ကျိုးကြောင်းခိုင်လုံတဲ့ လစာငွေစာရင်းတွေဟာ အထက်ဖေါ်ပြပါ HR ဌာနမျိုးတွေမှာ တွေ့ရတ်တပါတယ်။ ဒီလိုမဟုတ်ဘူးဆိုရင်တော့ မန်နေဂျာတွေ လူတွေလိုအပ်နေချိန်မှာ ရုံးပါတီတွေ စီစဉ်နေတဲ့ HR ၊ မဆီမဆိုင် အမြဲတမ်းဝေဖန်နေတတ်တဲ့ HR ၊ စကားကို တွေ့တိုင်း ကပ်ကပ်သပ်သပ်ပြောပြောနေရတဲ့ HR၊ ပိုင်ရှင်ကိုမျက်နှာလုပ် ကပ်စီးနဲပြတဲ့ HR မျိုးတွေကိုပဲ တွေ့ကြရမှာပါ။

Credit: B2B Myanmar


Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again