ကိုယ်ပိုင်စီးပွားရေး လုပ်တော့မယ်ဆိုရင်

ကိုယ်ပိုင်စီးပွားရေး လုပ်တော့မယ်ဆိုရင်

ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့တစ်ပတ်က ပြောခဲ့တဲ့ လုပ်ငန်း ပူးပေါင်း ဆောင်ရွက်မှု အပိုင်းကို ဆက်လက်ပြောချင်ပါတယ်။ ကျွန်တော်ပြောတဲ့ လုပ်ငန်းပူးပေါင်း ဆောင်ရွက်မှုဆိုတာ ရှယ်ယာ ထည့် ဝင်စေတဲ့ ပုံစံမျိုးမဟုတ်ဘဲ Business to Business ပုံစံမျိုး၊ Co-operation ပုံစံမျိုးကို ပြောချင်တာပါ။ ပြီးခဲ့တဲ့ တစ်ပတ်က ကျွန်တော့်ရဲ့ လုပ်ငန်း ကို နမူနာထားပြီး တခြားသော သင်တန်းကျောင်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုပုံစံ ဘဏ် တစ်ခုနဲ့ Financial Partner အဖြစ် ပူးပေါင်းဆောင်ရွက်မှု ပုံစံတွေကို ပြောခဲ့ပါတယ်။
အဲဒီလို ပူးပေါင်းဆောင်ရွက်တဲ့ အချိန်မှာ ရှေ့ပိုင်းစာစုတွေမှာပြောခဲ့တဲ့ Brand QualityBrand Trust Brand Popularity စတာတွေ ပါဝင် လာပါတယ်။ ကျွန်တော်တို့ ရိုးရိုးလေး ပဲ တွေးကြည့်ပါ၊ တစ်ယောက်နဲ့ တစ်ယောက် သူငယ်ချင်း အပေါင်းအသင်းအဖြစ် ပေါင်းကြ တဲ့အခါ ဝါသနာ တူတာ၊ အကြိုက်တူတာ စိတ်ဓာတ်ပိုင်းဆိုင်ရာ စသဖြင့် ပေါင်းလို့သင်း လို့ ရတဲ့ သူတွေကို ပေါင်းကြပါတယ်။ အဲဒီလိုပဲ စီးပွားရေး လုပ်ငန်းတွေ ပူးပေါင်း ဆောင်ရွက် ကြတဲ့အခါ ရည်ရွယ်ချက်တူတဲ့ လုပ်ငန်းအချင်းချင်း၊ ပူးပေါင်းလို့ရမယ့် လုပ်ငန်း အချင်းချင်းပဲ ပူးပေါင်းဆောင်ရွက် ကြပါလိမ့်မယ်။ ဒါကြောင့် ကိုယ့်ရဲ့လုပ်ငန်းဟာ ဈေးကွက်ထဲမှာ အတိုင်းအတာ တစ်ခုအထိ စားသုံးသူ ယုံကြည်မှု ရှိထားရပါမယ်။ စိုင်းစိုင်းခမ်းလှိုင် သီချင်း ထဲက လိုပဲ 'သချင်္ာသင်ခန်းစာမှာ Base တူမှ Power ချင်းပေါင်းတယ်' အဲဒီလိုပါပဲ လုပ်ငန်း တစ်ခုနဲ့တစ်ခုပူးပေါင်း ဆောင်ရွက်ဖို့အတွက် အခြေခံ သဘောတရားတွေ တူညီဖို့လို ပါတယ်။ ဒါမှသာ ပူးaပါင်းဆောင်ရွက်လို့ ရမှာဖြစ်ပါတယ်။

ကျွန်တော်ကတော့ Brand Quality ကို နံပါတ် ၁ ထားချင်ပါတယ်၊ ကိုယ့်ရဲ့ လုပ်ငန်း အရည် အသွေး မြင့်မားနေမှသာလျှင် ကိုယ်နဲ့ပူးပေါင်း ဆောင်ရွက် ချင်ကြမှာ ဖြစ်ပါတယ်။ ဒါဆိုရင် မေးစရာရှိပါတယ်။ ကိုယ့်လုပ်ငန်း အရည် အသွေးက အရမ်းကောင်းနေမှတော့ ဘာလို့ပေါင်း နေတော့မှာလဲ။ ဒါက လည်း ဟုတ်သလို လိုပါပဲ။ ဒါပေမဲ့ အခြေခံအားဖြင့် နှစ်ချက်လောက် ပြောချင်ပါတယ်။ တစ်ချက်က တချို့တွေကပစ္စည်း အရည် အသွေး ကောင်းပေမဲ့ ဈေးကွက် ပိုင်းဆိုင်ရာ နည်းပညာ လိုအပ်ချက် စတာတွေ ရှိတဲ့အခါလည်း ဈေးကွက်ဝေစု နည်းတာမျိုး ဖြစ်တတ်ပါတယ်။ နောက်တစ်ခုက ကိုယ့် လောက် အရည် အသွေး မကောင်းပေမဲ့ ထိုက်သင့်တဲ့ ဈေးကွက်ဝေစု ရထားတဲ့ လုပ်ငန်းသေး၊ လုပ်ငန်း လတ်တွေ အများကြီးရှိပါတယ်။ အဲဒီလို ဈေးကွက် ဝေစုတွေ ပြန့်နေတဲ့အခါ ကိုယ့်ရဲ့ ဈေးကွက်ဝေစုကို ဖဲ့ပေးရတာမျိုး၊ ဈေးကွက်ဝေစုအသစ် ထပ်မရတာမျိုး တွေဖြစ်တတ် ပါတယ်။ ဒါကြောင့် ပူးပေါင်း ဆောင်ရွက်ကြတာပါ။ အဲဒီလို ပူးပေါင်းလိုက်တဲ့အတွက် ဈေးကွက် ဝေစုများ လာပေမဲ့ ကိုယ်တိုင်ချဲ့ထွင်တဲ့ ဈေးကွက်ထက်တော့ အမြတ် ရာခိုင်နှုန်း နည်းပါလိမ့်မယ်။ သို့သော် ကိုယ့်ရဲ့ Brand Area က ပိုကျယ် လာတာလည်း အကျိုး အမြတ် တစ်ခုပါ။ Brand Quality ဆိုတဲ့နေရာမှာ ကိုယ်က လုပ်ငန်းကြီးဖြစ်စေ၊ လုပ်ငန်း သေးဖြစ်စေ၊ လုပ်ငန်းလတ်ဖြစ်စေ ကိုယ်က ချဲ့ထွင်ချင်လို့ ပေါင်းကြတဲ့အခါ Quality စိတ်ချရတဲ့ လုပ်ငန်းနဲ့ပဲ ပူးပေါင်းကြမှာ သေချာပါတယ်။

နံပါတ် ၂ အနေနဲ့ Brand Trust ပါ။ ဒါကလည်း ခုနက သဘောအတိုင်းပါပဲ ကိုယ့်ရဲ့ လုပ်ငန်းကို စားသုံးသူတွေက အတိုင်းအတာတစ်ခုအထိ ယုံကြည် မှု ရှိထားမှသာလျှင် ကိုယ်နဲ့ ပူးပေါင်းဆောင်ရွက်တဲ့သူက ပူး ပေါင်းချင်ပါ လိမ့် မယ်။ အဲဒီလိုပဲ ကိုယ်က သူများနဲ ပေါင်းချင်တာဆိုရင်လည်း ယုံကြည် မှုရှိတဲ့ Brand နဲ့ပဲ ပူပေါင်း ဆောင်ရွက်ချင်ပါလိမ့်မယ်။ တချို့သော လုပ်ငန်း တွေဟာ လုပ်ငန်းအားဖြင့် အရမ်းကြီး မကြီးသေးပေမဲ့ စားသုံးသူ တွေက Brand အပေါ် ယုံကြည်မှုရှိပါတယ်။ Brand Quality နဲ့ Brand Trust ဟာ တိုက် ရိုက် အချိုးကျတယ်လို့ ပြောလို့နိုင်ပါတယ်။ ဆိုလိုတာက ကုန်ထုတ် လုပ်မှုလုပ်ငန်းမျိုး ဆိုရင် Brand Quality ကောင်းရင် Brand Trust ရရှိနိုင်ပါတယ်။ ဝန်ဆောင်မှု လုပ်ငန်းမျိုး ဆိုလည်း Good Service ၊ Best Service က Brand Quality ဖြစ်ပြီးတော့ အဲဒီ Brand Quality ကပဲ Brand Trust ကို ရနိုင်ပါတယ်။
Brand Popularity ပိုင်းကို ဆက်သွားရအောင်ပါ။ Brand Popularity က ခုနကနှစ်ခုနဲ့ ဆက်စပ်တယ်ဆိုပေမဲ့ နည်းနည်းတော့ ကွဲပြားပါတယ်။ တချို့သော လုပ်ငန်းတွေက အရည် အသွေးမှာ ထိပ်တန်း မဟုတ် ပေမဲ့ လူကြိုက် များပါတယ်။ ဈေးနှုန်းသင့်တင့်လို့ ဖြစ်စေ၊ ဝန်ဆောင်မှု ကောင်းလို့ဖြစ်စေ၊ နေရာအချက်အချာ ကျလို့ဖြစ်စေ၊ လူကြိုက်များတဲ့ Brand တွေ ရှိကြပါတယ်။ ဈေးကွက်နေရာလည်း ရထားပါတယ်။ ဒါမျိုးကလည်း ပူးပေါင်း ဆောင် ရွက်သင့်တဲ့ လုပ်ငန်းမျိုးဖြစ်ပါတယ်။ ပူးပေါင်းဆောင်ရွက်တဲ့ နေရာမှာ ခုနက အချက်သုံး ချက်ပြီးတော့ အနည်းငယ် ကွဲပြားခြားနားတဲ့ ပူးပေါင်း ဆောင်ရွက်မှု ပုံစံကို ဆက်ပြီး ပြော ချင်ပါတယ်။ ဥပမာ- ကျွန်တော်က ရော်ဘာ စိုက်မယ်၊ ရော်ဘာစေး ထုတ်မယ်။ အဲဒီရော်ဘာ ကုန်ကြမ်းကို ဒေသ ဆိုင်ရာ ရော်ဘာအဝယ်ဒိုင်မှာ ရောင်းတာက သာမာန်ရိုးရိုးအတိုင်း ရောင်းချမှု ပုံစံပါ။ ကျွန်တော့် ရော်ဘာကုန်ကြမ်းက အရည်အသွေး ကောင်း မယ်။ ဈေးနှုန်း လည်း သင့်တင့်တယ် ဆိုပါစို့။ ကျွန်တော်က ဒေသဆိုင်ရာ အဝယ်ဒိုင်မှာ မရောင်းတော့ဘဲ ကားတာယာ ထုတ်လုပ်တဲ့ ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီ တစ်ခုခုကို ချိတ်ဆက်ပြီး ရောင်းဖို့ ကြိုးစားမယ်၊ သို့မဟုတ် မန္တလေးက ဖိနပ်လုပ်ငန်းတွေကို တိုက်ရိုက်ရောင်း ဖို့ကြိုးစားမယ်။ ဒါဟာ Business to Business ပါ။ နေရာသေး သေးလေးတွေနဲ့ ဈေးကွက်တွေ အများကြီး သွားရတာထက် အဲဒီလို Demand ကောင်းတဲ့ဈေး ကွက်ကြီးကြီး တစ်ခုနဲ့ ချိတ်ဆက်လိုက် တဲ့အတွက် အားသာ ချက်က ပြန့်ကျဲနေတဲ့ ဈေး ကွက်ကို စုစည်းမိသွား ပါတယ်။ ပိုပြီးတော့ အရေးကြီး လာတာက အရည်အသွေး ပိုင်းဆိုင်ရာ တာဝန်ယူမှု၊ တာဝန်ခံမှုပါ။ ဘယ်လိုပုံစံ၊ ဘယ်လို အရည်အသွေးပဲဖြစ်ဖြစ် ငါ အချိန်တန်ရင် ဒီကုမ္ပဏီကို ပို့လိုက်ရင် ပိုက်ဆံ ရမယ် ဆိုတဲ့ ပုံစံမျိုးဆိုရင်တော့ တစ်နပ်ပဲ စားရပါလိမ့်မယ်။

နောက်တစ်မျိုးက ပြီးခဲ့တဲ့ တစ်ပတ် က ပြောခဲ့တဲ့ပုံစံမျိုးပါ။ အားကစား ပစ္စည်း၊ ဝတ်စုံ ရောင်း တဲ့ ဆိုင်နဲ့ Gym နဲ့ Partnership လုပ်ထားတယ် ဆိုပါစို့။ Gym က Member Card ပြပြီး အဲဒီဆိုင်မှာ ဝယ်ရင် Discount ပေးတာမျိုး၊ အားကစားပစ္စည်း၊ ဝတ်စုံရောင်းတဲ့ ဆိုင်က ဘယ် လောက်ဖိုး ဝယ်ထားတဲ့ ဘောက်ချာပြရင် Gym မှာ Discount ပေးတာမျိုး စသဖြင့် Partnership ပုံစံ Co-operate လုပ်လို့ရပါတယ်။ အဲဒီလို Partnership လုပ်တဲ့အခါ တစ်ဖက်နဲ့ သဘောတူညီချက်တွေကို တိတိကျကျ ပြည့်ပြည့်စုံစုံ စာချုပ်ချုပ်ဆို ထားပြီးတော့ တစ်ဖက်နဲ့တစ်ဖက် သတ်မှတ်နေရာ တစ်ခုခု မှာ Partnership ဖြစ်ကြောင်း၊ ဘယ်လို အကျိုး ခံစားခွင့်ရှိကြောင်း Logo ၊ Sign တစ်ခုခုထားပြီး အသိပေး ထားတာ မျိုးတွေလည်း လုပ်သင့်ပါတယ်။ တစ်ခါတစ်လေ ဖြစ်တတ်ကြတာက လိုအပ်သလို ပူးပေါင်း ဆောင်ရွက် ကြမယ့်အစား တစ်ယောက်ကို တစ်ယောက် တိုက်ခိုက်နေကြတာ မျိုးတွေလည်း ရှိတတ် ပါတယ်။ ဘယ်နေရာမဆို တစ်ယောက်အားနဲ့ ယူသော်မရ အများအားနဲ့ ယူ သော်ရ၏ ဆိုသလိုပဲ လုပ်ငန်းအမျိုးအစား မတူပေမဲ့လည်း Base တူသူ လုပ်ငန်းချင်း၊ ရည်ရွယ်ချက် စေတနာတူသူ လုပ်ငန်းချင်း အဲဒီလိုတွေ ပူးပေါင်းဆောင်ရွက်ခြင်းက စီးပွားရေးဈေးကွက် Brand Area တွေကို ပိုမိုချဲ့ထွင်နိုင်မှာ ဖြစ်ပါတယ်။

"လူငယ်တွေ ကိုယ်ပိုင်လုပ်ငန်းကို စနစ်တကျ စတင်ပြီး ကြီးပွားအောင်မြင် ကြပါစေ"



ဆွေးနွေးမှုများ


Myo Sai Htet
Myo Sai Htet
23 Sep 2019 05:31 PM
Hell၀

မှတ်ချက်အသစ် ရေးသားရန်

 သင့်ရဲ့မှတ်ချက် ပေးပို့မှုကို လက်ခံရရှိပါသည်။ ကျေးဇူးတင်ပါသည်။   အသစ်တဖန်
ဝမ်းနည်းပါတယ်− ကျေးဇူးပြု၍ ထပ်မံကြိုးစားပါ