Employee Management System

  • Employee Management System
  • HRMS

Employee Management System (Version 1.0)

#EMS ဆိုသည်မှာ ဝန်ထမ်းများနှင့် ဆိုင်သော အချက်အလက်များကို စီမံခန့်ခွဲရာတွင် အသုံးပြုသော ဆော့ဝဲလ် ဖြစ်ပါသည်။
Employee Management System (Version 1.0) တွင် ဘယ်လို လုပ်ဆောင်ချက်တွေ ပါဝင်လဲဆိုတာကို ဖော်ပြပေးသွားမည် ဖြစ်သည်။

🔹 Company Profile
Business (or) Company ၏ အချက်အလက်များကို ထည့်သွင်း၊ ပြင်ဆင် နိုင်ပါသည်။ Employee Card နှင့် Report များတွင် Header & Footer များကို ပြသည့်အချိန်တွင် ထိုအချက်အလက်များကို ပြပေးမည် ဖြစ်သည်။

🔹 Department
လုပ်ငန်းအတွင်းတွင် ရှိသော ဌာနများကို ထည့်သွင်းသည့်အချိန်တွင် အသုံးပြုရန် ဖြစ်သည်။ Department အလိုက် ဝန်ထမ်းကဒ် အရောင်များကိုလည်း ခွဲခြားနိုင်မည် ဖြစ်သည်။

🔹 Position
လုပ်ငန်းများတွင် ဝန်ထမ်းများအလိုက် ရာထူးများသတ်မှတ်ထားကြ ပေသည်။ ထိုသို့သော ရာထူးအမည်မျာကို အသစ်တိုးခြင်း၊ ပြင်ဆင်ခြင်းများကိုလည်း ပြုလုပ်နိုင်မည် ဖြစ်သည်။

🔹 Relative
Employee တစ်ဉီးစီအတွက် အရေးပေါ်ဆက်သွယ်ရန်အတွက် Emergency Contact ထည့်သွင်းသည့်အချိန်တွင် ဆွေမျိုးတော်စပ်ပုံ များကို ထည့်သွင်းထားရပါသည်။ ထိုသို့သော ဆွေမျိုးများကို အတိုး၊ အလျော့ ပြုလုပ် နိုင်မည်လည်း ဖြစ်သည်။

🔹 State Region/ District/ Township
တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်များကိုလည်း သတ်မှတ်ထား နိုင်ပါသည်။ Employee အချက်အလက်များထုတ်ယူချိန်တွင် မြို့နယ်၊ တိုင်းဒေသကြီးများအလိုက် ထုတ်ကြည့်နိုင်ရန် အတွက် ဖြစ်သည်။

🔹 Employee
ဝန်ထမ်းအချက်အလက်များကို အသေးစိတ် ထည့်သွင်းနိုင်ပါသည်။ အရေးပေါ် ဆက်သွယ်ရန် အချက်အလက်များ၊ ဝန်ထမ်းနှင့်ဆိုင်သော Documents များ၊ ပညာအရည်အချင်း နှင့် တက်ခဲ့သော ကျောင်း (သို့) တက္ကသိုလ်များ၊ လုပ်ငန်းအတွေ့အကြုံများကို မှတ်သားထားနိုင်ပါသည်။ Emloyee Picture ကို Webcam မှ တိုက်ရိုက် ရယူနိုင်ခြင်း၊ Employee Signature ကို Touchpad မှ တိုက်ရိုက် ရယူနိုင်ခြင်း၊ Employee Card ကို Auto Print ထုတ်ပေးခြင်းများလည်း ပါဝင်ပါသည်။

🔹 Employee Searching
လုပ်ငန်းလိုအပ်ချက်အရ ဝန်ထမ်းတစ်ယောက်၏ အချက်အလက်များကို အမြန်သိလိုသည့် အချိန်တွင် ရှာဖွေရန် ဖြစ်သည်။ Employee Typpe (Active, Inactive, Resign, Termination) အရသော်လည်းကောင်း၊ Department အလိုက်သော်လည်းကောင်း၊ Position အရလည်းကောင်း၊ အသက်အရွယ် အပိုင်းအခြားအရလည်းကောင်း၊ Keywords (Id,Name,etc.) စသည်ဖြင့် ရှာဖွေ နိုင်မည်လည်း ဖြစ်သည်။ ထွက်လာသော အချက်အလက်များအရ Employee Detail View ကို ထုတ်ကြည့်နိုင်မည် ဖြစ်သည်။

🔹 Award
ဝန်ထမ်းများအလိုက် Award များရှိသည့်အခါတွင် ထည့်သွင်းရန် ဖြစ်သည်။

🔹 Promotion
ဝန်ထမ်းများ လက်ရှိရာထူးမှ Promotion (or) Demotion ပြုလုပ်လိုသည့် အချိန်တွင် အသုံးပြုနိုင်ပါသည်။ Employee Status သို့ အလိုအလျောက် Update လုပ်ပေးမည် ဖြစ်သည်။

🔹 Transfer
ဝန်ထမ်းများ လုပ်ငန်းအတွင် ဌာန အပြောင်းအလဲများ ရှိသည့်အချိန်တွင် အသုံးပြုနိုင်ပါသည်။ ပြောင်းလဲလိုက်သော ဌာနကို Employee ၏ Department တွင် အလိုအလျောက် Update လုပ်ပေးမည် ဖြစ်သည်။

🔹 Warning
လုပ်ငန်းအတွင် ချမှတ်ထားသော စည်းကမ်းများကို လိုက်နာမှုမရှိသောအခါတွင် သတိပေးခြင်းခံရသော ဝန်ထမ်းများအား မှတ်သားလိုသည့် အချိန်တွင် အသုံးပြုနိုင်ပါသည်။ (သတိပေးခြင်း ၃ ကြိမ်ဖြစ်ပါက အလုပ်ထုတ်သည် လုပ်ငန်းများလည်း ရှိသည်)

🔹 Termination
ဝန်ထမ်းအား အလုပ်မှ ထုတ်သည့်အခါတွင် အသုံးပြုရန် ဖြစ်သည်။ Employee Status သို့ အလိုအလျောက် Update လုပ်ပေးသွားမည် ဖြစ်သည်။

🔹 Resignation
အလုပ်မှ နုတ်ထွက်စာတင်သော ဝန်ထမ်းများ၏ အချက်အလက်များကို မှတ်သားလိုသည့် အချိန်တွင် အသုံးပြုရန် ဖြစ်သည်။ Employee Status သို့ အလိုအလျောက် Update လုပ်ပေးသွားမည် ဖြစ်သည်။

🔹 Travel
ဝန်ထမ်းများ အလုပ်ကိစ္စဖြင့် ခရီးထွက်ရသည့်အခါတွင် အသုံးပြုရန်အတွက် ဖြစသည်။

🔹 Gate Pass
ဝန်ထမ်းအလိုက် လုပ်ငန်းအတွင်းမှ အလုပ်ချိန်အတွင်း အပြင်ထွက်သည့်အခါတွင် ဝင်ချိန်၊ ထွက်ချိန်အလိုက် အချိန်ဘယ်လောက်ကြာကြာ အပြင်ထွက်သည်ကို မှတ်သားသည့်အချိန်တွင် အသုံးပြုရန် ဖြစ်သည်။ Employee Detail View တွင်လည်း Warning Count နှင့် Total Gate Pass Time (Monthly) တို့ကို ပြထားပေးသည်။

🔹 Reporting
လုပ်ငန်းအတွင်း ရှိသော Department အလိုက် ဝန်ထမ်းစာရင်းများ၊ Gender အလိုက် ဝန်ထမ်းစာရင်းများ ကို ထုတ်ကြည့်နိုင်ပါသည်။
ဝန်ထမ်းများ အလိုက် Type, Age Range, Warning Count and etc. များအရလည်း ထုတ်ကြည့်နိုင်ပါသည်။ Reports များအား Excel, Word and PDF ဖြင့်လည်း Export ပြုလုပ်နိုင်ပါသည်။

🔹 User & Permission
#EMS Software အသုံးပြုမည့် User များအား သတ်မှတ်ခြင်း နှင့် Permission များ ပေးခြင်းတို့ကို ပြုလုပ်နိုင်မည်လည်း ဖြစ်သည်။
Database Auto Backup ပြည်လုပ်ခြင်းများလည်း ပါဝင်ပြီး ဖြစ်သည်။
EMS ဆော့ဝဲလ်အား Server & Clients များဖြင့် ချိတ်ဆက်အသုံးပြုနိုင်မည် ဖြစ်သည်။

လုပ်ငန်းလိုအပ်ချက်အရ Customized လည်း ပြုလုပ်နိုင်ပါသည်။
အသေးစိတ်အချက်အလက်များကို သိရှိလိုပါက -
Phone : +95 9778915075 , +95 9698507878
Email : [email protected]
Website : https://proxsoftwaresolution.com



Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again

Order form

 Your Order has been sent successfully. We will contact you as soon as possible.
Error: Please try again