Top 10 Safest Countries in the World (2021)

Top 10 Safest Countries in the World (2021)

10.Switzerland(ဆွစ်ဇာလန်)



ဆွစ်ဇာလန်နိုင်ငံဟာ နိုင်ငံခြားဧည့်သည်တွေကို ဆွဲဆောင်နိုင်ပြီး လုံခြုံစိတ်ချစွာ ခရီးသွားလာနိုင်တဲ့ နိုင်ငံတစ်နိုင်ငံပါ။ သူတို့နိုင်ငံမှာလှည့်လည်သွားလာမယ်ဆိုရင် ဘယ်နေရာမဆို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စုံစုံစိစိ သွားရောက်လေ့လာနိုင်မှာပဲဖြစ်ပါတယ်။ ပြီးတော့ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေး ရမှတ် (၁.၃၇၅) ဖြစ်ပြီး အေးအေးဆေးဆေး သွားလည်ပတ်လို့ရတဲ့ နိုင်ငံ ၁၀ နိုင်ငံထဲမှာ နံပါတ် ၁၀ အဆင့်ဝင်နေပါတယ်။

သူတို့နိုင်ငံကလူတွေဟာ စီးပွားရေးအပြင် အခြားသော အခြားသော နယ်ပယ်တွေမှာလဲ ထူးချွန်ကြတဲ့အတွက် ပိုမိုကောင်းမွန်တဲ့လူနေမှုစနစ် ၊ အလုပ်အကိုင် နဲ့ ပညာရေး တို့က စိတ်ပူစရာမလိုဘူးပေါ့။ ဆွစ်ဇာလန်နိုင်ငံမှာ လုယက်မှု အကြမ်းဖက်မှုနဲ့ နယ်စပ်ပြသနာတွေက သင်တို့ မြင်ချင်လို့တောင် မြင်ရမှာမဟုတ်ပါဘူး။ တကယ်လို့သင်တို့အဲ့ဒီနိုင်ငံကို သွားလည်ချင်တယ်ဆိုရင်တော့ တစ်ယောက်ထဲတောင် လိုက်သွားလို့အဆင်ပြေပါတယ်။ ပိုက်ဆံတော့ ပါပါစေ။

9.Japan(ဂျပန်)

ဒီနှစ်ထဲမှာတော့ ဂျပန်နိုင်ငံက သွားလည်ဖို့ စိတ်ချရတဲ့ နိုင်ငံတွေစရင်းမှာ နံပါတ် (၉) အဆင့်ရှိပါတယ်။ ကမ္ဘာလုံးဆိုင်ရာငြိမ်းချမ်းရေး ကိန်းညွှန်းအရ သူတို့နိုင်ငံမှာ လူသတ်မှုဆိုတာ အလွန်ရှားပါးတယ်။ကန့်သတ် လက်နက်တင်သွင်းမှုနည်းတယ်။ပြီးတော့ ကုန်ပစ္စည်းတင်သွင်းမှုမှာ တော်တော်လေးအကူအညီရတဲ့အတွက် ကမ္ဘာလုံးဆိုင်ရာငြိမ်းချမ်းရေးကိန်းအရ အောင်မြင်နေတဲ့ အနေအထားတစ်ခုမှာရှိနေပါတယ်။

အဲ့ဒီလိုလုံခြုံမှုရှိတဲ့အပြင် နိုင်ငံခြားခရီးသွားဧည့်သည်တွေကို ပိုပြီးဂရုတစိုက်ကြည့်ပေးပြီး အထူးပို့ဆောင်ရေးယဉ်တွေနဲ့ပါ လိုက်ပတ်ပေးပါတယ်လို့သိရပါတယ်။အဲ့ဒါကြောင့် အခု ၂၀၂၁ မှာတော့ သွားလည်ဖို့တော်တော်လေးလုံခြုံစိတ်ချရတဲ့နိုင်ငံတစ်ခုလို့ပြောရပါမယ်။Covid-19 ကပ်ဆိုးကြီးကို ကျော်လွှားနိုင်ခဲ့ရင် ပြောစရာမလိုအောင် ပြည့်စုံနေမှာပါ။

8.Slovenia(ဆလိုဗေးနီးယား)

နောက်ထပ်တစ်နိုင်ငံဖြစ်တဲ့ ဆလိုဗေးနီးယားကတော့ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေး ရမှတ် (၁.၃၅၅) ရှိပြီး လည်ပတ်ရတာ တော်တော်လေး ငြိမ်းချမ်းတဲ့နိုင်ငံတစ်နိုင်ငံပါ။ ဒီအကြောင်းတွေကြောင့်ပဲ သူတို့နိုင်ငံက ခရီးသွားတွေအတွက် လုံခြုံစိတ်ချရတဲ့နိုင်ငံတွေစာရင်းမှာ နံပါတ် ရှစ်နေရာမှာ ရပ်တည်နေတာပေါ့။ ဒီနိုင်ငံဟာအနောက်ဥရောပနှင့်ထိစပ်နေသော နယ်စပ်တွင်တည်ရှိပြီးလုံခြုံစိတ်ချရသောတိုင်းပြည်ဖြစ်ပြီး လူဦးရေ (၂)သန်းကျော်နေထိုင်ကြတာပဲဖြစ်ပါတယ်။

အကြမ်းဖက်မှုတွေ မရှိဘူး။ဆိုးဆိုးရွားရွား အပြစ်လုပ်တဲ့သူမရှိဘူး။ပြီးတော့ နယ်စပ် ပြဿနာတွေ နဲ့ စစ်ကုန်သွယ်ရေးဆိုတာ ဘာမှန်းတောင် မသိကြပါဘူး။ ဆိုတော့ သွားလည်ဖို့အတွက် လုံခြုံစိတ်ချရတဲ့ နိုင်ငံတစ်နိုင်ငံပါပဲ။

7.Singapore(စင်ကာပူ)

၂၀၁၇ လောက်တုန်းကတော့ စင်ကာပူနိုင်ငံက လည်ပတ်ဖို့စိတ်အချရဆုံးဖြစ်ခဲ့ပြီး အခုချိန်မှာတော့ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးရမှတ် ၁.၃၄၇ မှတ်နဲ့ နံပါတ်(၇)နေရာမှာ ပြန်လည်ရပ်တည်နေပါတယ်။

ဒါကတော့ စင်္ကာပူအစိုးရရဲ့ ကြီးမားတဲ့အောင်မြင်မှုလို့ပဲပြောရပါမယ်။ အားကျစရာပဲနော်။စင်ကာပူနိုင်ငံဟာ ပြည်တွင်း ပဋိပက္ခ အနည်းဆုံးနိုင်ငံဖြစ်ပြီးတော့ လူမှုလုံခြုံရေးဟာ စင်ကာပူအစိုးရရဲ့အဓိကအာရုံစိုက်မှုဖြစ်တဲ့အတွက် ခရီးသွားတွေအတွက် တော်တော်ကိုအဆင်ပြေတဲ့အချက်တစ်ခုပါပဲ။ သူတို့နိုင်ငံဟာ အတော်လေးကိုလှပပြီး စိတ်ဝင်စားစရာကောင်းတဲ့ ပြတိုက်တွေနဲ့ အခြားလူကြိုက်များတဲ့ နေရာတွေကပဲ ခရီးသွားတွေကို အများဆုံးဆွဲဆောင်နေတော့တာပေါ့။

6.Canada(ကနေဒါ)


ကနေဒါ နိုင်ငံဟာနယ်မြေကျယ်ပြန့်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီးတော့ အိမ်နီးချင်းနိုင်ငံတွေနဲ့လဲ ဆက်ဆံရေးအလွန်ကောင်းမွန်ပါတယ်။ပြီးတော့ ကမ္ဘာ့တက္ကဆီ နိုင်ငံလို့ ဆိုရလောက်အောင် ကား Driver တွေများပြားပြီး ဒီနိုင်ငံမှာရှိတဲ့လူတွေက ခင်ခင်မင်မင်ရှိကြပါတယ်။ဒါ့အပြင် ကနေဒါနိုင်ငံဟာ အကောင်းဆုံးနေရာတွေလည်း အများကြီး အများကြီးကို ရှိနေတဲ့အတွက် သွားရောက်လည်ပတ်မယ်ဆိုရင် ကုန်အောင်စုံအောင် လည်ပတ်ဖို့တောင် ခက်ခဲနေမှာအမှန်ပါပဲ။သူ့တို့နိုင်ငံမှာ အားကောင်းတဲ့စစ်တပ်ကြီးရှိနေပြီးတော့ သူတို့ရဲ့စစ်တပ်က ပြည်သူတွေကိုကာကွယ်ပေးတဲ့ အကြမ်းဖက်မှုတွေ တရားမဝင်လုပ်ရပ်တွေကို အချိန်နဲ့အမျှဖြေရှင်းပေးနေတဲ့ သုံးစားလို့ရတဲ့

လွန်စွာမှာ အလွန်တရာမှ အသုံးဝင်တဲ့ စစ်တပ် အကယ်ဒမီတစ်ခုပါပဲ။ အခု ၂၀၂၁ မှာတော့ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးရမှတ် ၁.၃၂၇ မှတ်နဲ့ နံပါတ် (၆) နေရာမှာရပ်တည်နေပြီးတော့ အမေရိကန်နိုင်ငံထက်ကို အဆင့်သတ်မှတ်ချက်တော်တော်လေး မြင့်နေတဲ့နိုင်ငံတစ်ခုပါ။ သွားလည်မယ်ဆိုရင်တော့ အရမ်းကိုခင်ခင်မင်မင်ရှိတဲ့သူတွေ နေထိုင်တဲ့အတွက် တစ်ယောက်ထဲသွားလဲ ဖြစ်နိုင်ပါတယ်။ဒါပေမယ့် ခရီးသွားတာဆိုတော့ တစ်ယောက်ထဲသွားတာဘယ်ကောင်းမလဲနော်။

5.Denmark(ဒိန်းမတ်)


ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးရမှတ် (၁.၃၁၆)မှတ်နဲ့ နံပါတ် (၅)နေရာကို ရပ်တည်နေတဲ့ ဒိန်းမက်နိုင်ငံကတော့ တော်တော်လေးအံ့သြစရာကောင်းပါတယ်။နောက်ထပ်စိတ်ဝင်စားစရာတစ်ခုကတော့ ဒိန်းမက် နိုင်ငံဟာ ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံးနိုင်ငံအဖြစ်လဲ လူသိများကြပါသေးတယ်။ဘာလို့ပျော်နေရတာလဲတော့ ကျနော်မသိဘူးဗျ။သေချာတာ တစ်ခုကတော့ သူတို့နိုင်ငံဟာ Top Ten Sex-Free နိုင်ငံထဲမှာ နံပါတ် (၇)နေရာမှာရှိနေပါတယ်။ဆိုတော့ အဲ့ဒါကြောင့်လဲ ပါမယ်ထင်ပါတယ်။ပြီးတော့ ပြဿနာဖြစ်မှာတွေ လုယက်မှုတွေအတွက်ကို စိတ်ပူနေပါသလား။မပူနေပါနဲ့။ အဲ့ဒီမှာ ပြဿနာဆိုလို့ ကိုယ်ကိုယ်တိုင် ရှာမှပဲတွေ့နိုင်မှာဖြစ်လို့ ကိုယ်ကသာ ပြဿနာကောင်ကြီးမဖြစ်ပါစေနဲ့။

4.Austria(သြစတေးလျ)


သြစတေးလျ နိုင်ငံဟာ နိုင်ငံခြားခရီးသွားဧည့်သည် အများဆုံးနိုင်ငံတစ်ခုပါပဲ။ သင်ဟာ အဲ့ဒီနိုင်ငံမှာ လည်ပတ်စရာနေရာတွေ ရေးချထားရင်တောင် ရေးလို့မကုန်နိုင်ပါဘူး။ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးရမှတ် (၁.၂၉၁)မှတ်နဲ့ နံပါတ် (၄)နေရာမှာရပ်တည်နေတဲ့ အလုံခြုံစိတ်ချရဆုံး နိုင်ငံတစ်ခုဆိုလဲ မမှားပါဘူး။ကောင်းတဲ့အရာတွေကိုလုပ်ဆောင်နေတဲ့ နိုင်ငံနှစ်နိုင်ငံဖြစ်တဲ့ ဂျာမနီ နှင့် ချက် သမ္မတနိုင်တို့ နဲ့ဆက်ဆံရေးအလွန်ကောင်းမွန်ပါတယ်။လက်နက် တင်သွင်းမှုနည်းပါးပြီး ငြိမ်းချမ်းတဲ့ရွေးကောက်ပွဲကျင်းပတာကို သင်မြင်တွေ့နိုင်မှာပဲဖြစ်ပါတယ်။

3.Portugal(ပေါ်တူဂီ)


Conde Nast ရဲ့ထုတ်ပြန်ချက်တွေအရတော့ ၂၀၁၆ တုန်းက ပေါ်တူဂီနိုင်ငံမှာရှိတဲ့ Lisbon မြို့ဟာ တန်ဖိုးအရှိဆုံးမြို့ဖြစ်တယ်လို့သိရပါတယ်။ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးရမှတ်ကိုကြည့်မယ်ဆိုရင်တော့ (၁.၂၇၄) မှတ်နဲ့ အဆင့် (၃)နေရာမှာ ရပ်တည်နေပါတယ်။လှပပြီးပျော်ရွှင်စရာကောင်းတဲ့ နိုင်ငံတစ်ခုကို သွားချင်တယ်ဆိုလို့ ပေါ်တူဂီနိုင်ငံကိုသွားရင်ကောင်းမလား မေးစရာမလိုအောင် ပျော်စရာတွေနဲ့ပြည့်နှက်နေတဲ့နိုင်ငံတစ်ခုပါပဲ။

2.New Zealand(နယူးဇီလန်)


နယူးဇီလန် နိုင်ငံဟာ လှပပြီး ပျော်ရွှင်စရာကောင်းတဲ့ ခရီးတွေ၊စွန့်စားခန်းတွေနဲ့ သင့်ကို မရိုးနိုင်အောင် ခံစားမှုအသစ်အဆန်းတွေ ပေးစွမ်းနိုင်မယ့် နိုင်ငံတစ်ခုလို့ ဆိုရပါမယ်။သင်ဟာ အရမ်းကို အေးချမ်းပြီး ကျေနပ်စရာကောင်းတဲ့ ကမ်းခြေမှာ အပမ်းဖြေခရီးထွက်ချင်တယ်ဆိုရင်လဲရပါတယ်။ဒီနိုင်ငံကတော့ လည်ပတ်ဖို့အကောင်းဆုံးနဲ့ လုံးဝ Safe ဖြစ်တဲ့ နိုင်ငံတစ်ခုဖြစ်ပေမယ့် ထပ်ဆုံးတော့မဟုတ်သေးပါဘူး။

နံပါတ် (၂) နေရာမှာပဲ ရှိပါသေးတယ်။ ပြည်တွင်းပဋိပက္ခနဲ့သေးငယ်တဲ့ ပြစ်မှု နည်းနည်းကလေးသာရှိပြီးတော့ အရမ်းကို အေးချမ်းတဲ့နိုင်ငံပဲဖြစ်ပါတယ်။ သူ့ရဲ့ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးရမှတ် ကတော့ (၁.၂၂၁)မှတ်ပါ။

1.Iceland(အိုက်စလန်)


ကဲနောက်ဆုံးတစ်ခုကတော့ အိုက်စလန် ဆိုတဲ့ နိုင်ငံငယ်လေးပါပဲ။ယခုချိန်မှာ အိုက်စလန်ဟာ အလုံခြုံဆုံးနဲ့ သွားရောက်လည်ပတ်ဖို့အကောင်းဆုံးနိုင်ငံစာရင်းတွေထဲမှာ ထိပ်ဆုံးမှာပြေးနေပါတယ်။ဒီနိုင်ငံဟာ စိတ်အချရဆုံးနိုင်ငံတစ်နိုင်ငံ ဖြစ်နေတာ လွန်ခဲ့တဲ့ (၁၀) နှစ်ကတည်းကပါပဲ။သူ့ရဲ့ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးရမှတ်ကတော့ (၁.၀၇၂)မှတ်ဖြစ်ပါတယ်။နိုင်ငံမှာရှိတဲ့ တရားရုံးကိုသွားကြည့်မယ်ဆိုရင် ပြဿနာ အသေးအဖွဲကလေးတွေပဲ ရုံးမှာဖြေရှင်းပေးနေတာကို တွေ့ရမှာပါ။အဲ့ဒီပြဿနာအသေးစားတွေကတော့ သူတို့နိုင်ငံမှာ အကြီးစားတွေပါပဲ။ပြည်တွင်းပဋိပက္ခတွေမရှိတဲ့အပြင် နယ်စပ်ပြဿနာတွေလဲ မရှိပါဘူး။နောက်ပြီးတော့ စိတ်ပါမယ်ဆိုရင်တော့ တစ်ဒေါ်လာတန် အိုက်စလန်တောင်ပေါ်က လေသန့်သန့်ထည့်ထားတဲ့ လေဘူးကလေးကို ဝယ်လို့ရပါသေးတယ်။ တောင်ပေါ်လေ သန့်သန့်ကို တစ်ဒေါ်လာပေးပြီး ရှုကြတာပေါ့ ဟုတ်ပြီလား။


Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again