Pro Clinic ၏ Pricing Attributes ဆိုတာ ဘာလဲ

Pro Clinic ၏ Pricing Attributes ဆိုတာ ဘာလဲ

Pricing Attribute ဆိုတာကတော့ ဆေးများ၏ ရောင်းစျေးကို quantity အပေါ်တွင် အခြေခံ၍ ရောင်းစျေးကို သတ်မှတ်ထားနိုင်ခြင်း ဖြစ်ပါသည်။

၁ လုံးခြင်းယူလျှင်ရင် ပုံမှန်ရောင်းစျေးဖြင့်သွားပြီး၊ ၁၀ လုံးယူပါက စျေးတစ်မျိုးထားမည်၊ အလုံး ၅၀ ယူပါက စျေးတစ်မျိုးဖြင့် ထားမည် စသည်ဖြင့် ခွဲခြားထားခြင်းမျိုး ဖြစ်ပါသည်။ (ပုံတွင်နမူနာကြည့်ရန်)


Pricing Attributes သတ်မှတ်နိုင်ရန်အတွက် Products > Add Product သို့ဝင်ရောက်ပါ။ ထို့နောက် Pricing Attributes ဆိုသည့် စာသားကို တွေ့မြင်ရပါမည်။ Pricing Attributes သတ်မှတ်ရန်အတွက် ၄င်းကို နှိပ်လျှင် Qty နှင့် Price သတ်မှတ်နိုင်သည့် နေရာကို တွေ့မြင်ရပါမည်။

Example

>= 10 ကို $ 900 သတ်မှတ်ထားလျှင် ထို Product အား အရောင်းဘောင်ချာဖွင့်သည့် အချိန်တွင် ၁ လုံးယူပါက မူလသတ်မှတ်ထားသော ရောင်းစျေးဖြင့်သာ ရောင်းပါလိမ့်မည်။ Product ၏ qty ကို ၁၀ ခုရောင်းလိုက်ပါက တစ်ခုရောင်းစျေးသည် 900 သို့အလိုအလျောက် ပြောင်းလဲပေးသွားပါလိမ့်မည်။

Qty - 10 ပြောင်းလိုက်လျှင် ရောင်းစျေးသည် Pricing Attributes တွင် သတ်မှတ်ထားသည့် 10 လုံးနှင့်အထက် ဖြစ်ပါက ရောင်းစျေး 900 က အလိုအလျောက် အလုပ်လုပ်ပြီး ရောင်းစျေးက 900 သို့ပြောင်းလဲပေးသွားပါလိမ့်မည်။


ပုံတွင် Qty - 1 လုံး ဆိုလျှင် မူလရောင်းစျေး 1,000 ကို တွေ့မြင်ရပါမည်။


သတိပြုရန်
Wholesale Customer များအား Wholesale Price ဖြင့်သာ ရောင်းချပေးမည်ဖြစ်သောကြောင့် လက်ကား Customer များအတွက် Pricing Attributes သည် အလုပ်မလုပ်ပါ။ Pricing Attributes သည် လက်လီ Customer များကိုမှ အနည်း အများ ဝယ်ယူသူများအတွက် စျေးမတူအောင် Quantity base pricing ပြုလုပ်ထားနိုင်ခြင်းမျိုးဖြစ်ပါသည်။

ဒီလုပ်ဆောင်ချက်ကလေးကတော့ Pro Clinic တွင် အသစ်ထပ်တိုးပေးလိုက်သည့် Pricing Attributes ၏ လုပ်ဆောင်ချက်ပဲ ဖြစ်ပါသည်။

အသေးစိတ် အချက်အလက်များကို သိရှိလိုပါက >>

ဖုန်းနံပါတ် 📞 +95 9778915075, +95 9954915075 သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။

🌐 Demo အသုံးပြုရန်အတွက် website တွင် Book Demo ပြုလုပ်ပေးပါ။

📘 𝑼𝒔𝒆𝒓 𝑴𝒂𝒏𝒖𝒂𝒍 >> http://tiny.cc/proclinic_ebook

✉️ Messenger မှ တစ်ဆင့်လည်း သိလိုသမျှ မေးမြန်းနိုင်ပါသည်။


Comments


Kaung Sithu Hein
Kaung Sithu Hein
08 Jun 2024 05:51 AM
Demo plz for Pharmacy

Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again