ဖတ်ပါ၊ မှတ်ပါ၊ အတုယူပါ >>> ၀န်ထမ်းစီမံခန့်ခွဲမှု

ဖတ်ပါ၊ မှတ်ပါ၊ အတုယူပါ >>> ၀န်ထမ်းစီမံခန့်ခွဲမှု

ဝန်ထမ်းတွေနဲ့ပတ်သက်တဲ့ အခက်အခဲတွေ
............................................................
အလုပ်ကြာကြာမလုပ်တဲ့ လူငယ်တွေ။ အလုပ်တစ်ခုကို စွဲစွဲမြဲမြဲနဲ့ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်း အဖြစ်မလုပ်တာ။ ဘယ်လိုအလုပ်ကို အသက်မွေး ၀မ်းကျောင်း လုပ်မယ်ဆိုပြီး ရွေးမထားဘဲနဲ့ အလုပ်တစ်ခုခုရရင်ပြီးရော လုပ် တာ။ တစ်နေရာရောက်ရင် တစ်မျိုးရရာလုပ်ကြတာ။ ဒီလိုမျိုးတွေ တွေ့ ရတယ်။ နောက် အခက်အခဲတစ်ခုက ရာထူးချင်းအတူမှာ လစာ နည်းနည်း ပိုတာနဲ့ ပြောင်းလျှောက် ကြတာ။ ဒါကိုဘာနဲ့ရှင်းသလဲဆိုတော့ လစာအပြင် တခြားအခွင့်အရေးပေးတာပေါ့။ ဆေးကုပေးတာ၊ စာမေးပွဲဖြေရင် ခွင့် လို သလောက်ပေးတာ။ သူတို့ကို အလုပ်ကိုလစာနဲ့မဆုံးဖြတ်ဘဲ အခြားအခွင့် အလမ်းဘာရှိသလဲ၊ ဘယ်လောက် ပညာရမလဲ၊ ရှေ့မှာ ဘာတက်လမ်း ရှိသလဲ သိအောင် သင်ပြရပါတယ်။ အမူအကျင့်၊ ကိုယ်ရည်ကိုယ်သွေး၊ လေ့လာသင်ယူလိုစိတ် ရှိမရှိစစ်လိုက်ပြီး လိုချင်တဲ့အရည်အသွေး ရှိလာအောင် ပြန်သင်ပေးတယ်။

မိမိဝန်ထမ်းကို ဆက်သုံးတာနဲ့ အပြင်က၀န်ထမ်းကို ခေါ်သုံးတာ
......................................................................................
"ကိုယ့်ဝန်ထမ်းပဲသုံးရင် ကောင်းတာက စရိတ်သက်သာတယ်။ မြန်မြန် ရတယ်။ လုပ်ငန်းချောမွေ့တယ်။ လုပ်ငန်းခွင်နဲ့ သဟဇာတဖြစ်တယ်။ သူ့ အရည် အချင်းနဲ့ သူ့အကြောင်းသိပြီးသားဖြစ် တယ်။ မကောင်းတာက အရင်ဌာနက ဥာဉ်ဆိုးပါသွားတယ်။ ရာထူး တိုးတာဆိုရင် ကျန်ရစ်တဲ့သူက ငြိုငြင်တယ်။ စိတ်ဓာတ်ကျတယ်။ အရင်နည်းလမ်း၊ အရင်အတွေးတွေပဲရ မယ်။ အကြံဥာဏ်သစ်မရဘူး။

အပြင်ကခေါ်သုံးရင် ကောင်းတာက လိုသလောက် အရေအတွက် တစ်ခါ တည်းရနိုင်တယ်။ အတွေ့အကြုံသစ်၊ အယူအသစ်တွေပါလာမယ်။ ပုံသွင်း လို့ရမယ်။ အရင်က အဆက်အသွယ်တွေကို ဆက်သုံးလို့ရမယ်။ မကောင်း တာ ကတော့ အပြင်က၀င်လာသူက လက်ရှိလူတွေနဲ့ ပုံစံမတူတာ ဖြစ် တတ်တယ်။ လက်ရှိ သုံးနေတဲ့ အောင်မြင်တဲ့ နည်းလမ်းတွေနဲ့ သဟဇာတ မဖြစ်ဘူး။ အတွင်းကလူတွေက သူတို့ရမယ့်နေရာကို လာလုတယ်လို့မြင် နိုင်တယ်။

လေ့ကျင့်သင်ကြားမှုနဲ့ ဖွံ့ဖြိုးတိုးတက်စေမှု
.........................................................
ခန့်ထားစဉ်က လက်ရွေးစင်ရရင်တောင်ခြောက်လ၊ တစ်နှစ်ပဲသုံးလို့ရမယ်။ ပြိုင်ဘက်က အလကားမနေဘဲ တော်အောင်လုပ်နေမယ်။ ပါလာတဲ့ ခေါင်း ကိုပဲ ညှစ်သုံးခဲ့ရင် ကြာတော့ ခန်းသွားမယ်။ အသစ်ဖြည့် ကိုဖြည့်ရမယ်။ ၀ယ်သူတွေရဲ့လိုအပ်ချက် တောင်းဆိုချက်တွေကမြင့်လာမယ်။ ဒါကို ဖြည့် ဆည်းဖို့ စဉ်ဆက်မပြတ်သင် ပေးနေမှဖြစ်မယ်။

ဝန်ထမ်းမြဲအောင် ထိန်းသိမ်းခြင်း
............................................
လူက ရုပ်နဲ့စိတ် နှစ်ပိုင်းဖွဲ့စည်းထားတာပါ။ ရုပ်ပိုင်းမှာ အဓိကကျတာ ငွေ ပေါ့။ လစာငွေဟာလုပ်ငန်းတူ၊ ရာထူးတူမှာ မမြင့်ရင်တောင် မနိမ့်ရဘူး။ အလုပ်ထွက်ကြတဲ့ အကြောင်းအရင်းမှာ လစာ ကြောင့်များတယ်။ မိသားစု စားဝတ်နေရေးရှိတာကိုး။ လစာများတာမရရင်အလုပ်ပြောင်းမှာပဲ။ မဟုတ် ရင်လည်း မလောက်တဲ့အတွက် မရိုးသားတာတွေ လုပ်ငန်းခွင်မှာဖြစ် လာနိုင်တယ်။ လုပ်ငန်းရှင်က ပြိုင်ဘက်လုပ်ငန်းတွေကပေးတဲ့ လစာနှုန်းကို လေ့လာပြီး ညှိနှိုင်းပြင်ဆင် သတ်မှတ်ပေးသင့်တယ်။

နောက်တစ်ပိုင်းက အခြားခံစားခွင့်ပေါ့။ ဖယ်ရီရှိသလား။ ကား စီစဉ်ပေး သလား။ ဖုန်း ပေးသလား။ စိတ်ပိုင်းမှာတချို့ဝန်ထမ်းတွေက ရာထူး အဆင့် ကို မက်ကြတယ်။ အလုပ်နဲ့သင့်တော်တဲ့ ရာထူး ဖန်တီး ပေးရမယ်။ လုပ် သက် ကြာလာပြီဆိုရင် ရာထူးတိုးဖို့ မျှော်လင့်ကြတယ်။ တချို့က ပညာလို ချင်တယ်။ သင်တန်း တက်ချင်ကြတယ်။ ပညာသင်ပေးတဲ့အစီအစဉ် ရှိရ မယ်။ သင်ကြားရေးဟာ လူမှုရေး ရင်းနှီးမြှုပ်နှံမှုဆိုတာ အမြင်ကျယ်တဲ့ လုပ်ငန်းရှင်တွေ လက်ခံလာကြတယ်။ ဆရာဦးအေးကျော်က လူ့စွမ်းအား စီမံခန့်ခွဲရေးပညာရှင် တစ်ဦးဖြစ်သလို သင်တန်းကျောင်းလုပ်ငန်း ရှင်လည်း ဖြစ်တဲ့အတွက် ဒီဘာသာရပ်ကို သဘောတရားနဲ့ လက်တွေ့ တတ်သိ ပိုင်နိုင်သူဖြစ်တယ်။ အထက်မှာ တွေ့ရတဲ့ဆွေးနွေးချက်တွေကို ဆင်ခြင်ပြီး နည်းယူကြရမှာဖြစ်တယ်။

KMD မှ ဦးသောင်းတင်ရဲ့ ၀န်ထမ်းဆိုင်ရာ ဒဿန
..................................................................
ကျွန်တော်တို့လုပ်ငန်းက လက်ရှိဝန်ထမ်း ရှစ်ရာကျော်ရှိပါတယ်။ အိမ်တွင်း ဖြစ်ကနေ တဖြည်းဖြည်း တက်လာတော့ အသစ်ဝင်လာတဲ့သူတိုင်း သူ့ အထက်လူက သူ့ဆရာ၊ သူ့စီနီယာပဲဖြစ်နေတယ်။ ဒီတော့ ငယ်တဲ့သူက အတွေးအခေါ်သစ်တွေ ရှိနိုင်ပေမဲ့ တင်ပြဖို့ မ၀ံ့မရဲတာတွေ ဖြစ်နိုင်တယ်။ နောက်ပြီးတော့ ရှေ့က လူကို ကျော်တက်ဖို့လည်း ခက်တယ်။ လုပ်ငန်း ကိစ္စ အစည်းအဝေးမှာဆို ကျွန်တော်က တစ်ခုတင်ပြရင် ဒါကိုပဲ လိုက် ဆွေးနွေး နေကြတယ်။ မိသားစုအသွင် ဆောင်နေတော့ လူကြီးက ဒါဆိုရင် ဒါကိုပဲဖြစ် အောင် ဘယ်လိုလုပ်မလဲ စဉ်းစားတယ်။ တခြားအကြံဥာဏ် ကောင်းရှိရင်တောင် မပေးကြဘူး။ ဒါက အားနည်းချက်ပေါ့။ အာရှတိုက် သားတွေရဲ့ ဓလေ့ယဉ်ကျေးမှုလို့တောင် ပြောလို့ရတယ်။ ဒီတော့ ကျွန်တော်က ပွင့်ပွင့်လင်း လင်းပြောဖို့၊ ကိုယ့်အမြင်ကို လွတ်လွတ်လပ်လပ် တင်ပြကြဖို့ပြောရတယ်။ နေရာတကာမှာကျွန်တော်က မသိနိုင်ဘူးလေ။ အာရှတိုက်သားတွေရဲ့ ဓလေ့ယဉ်ကျေးမှုကလည်း တစ်ခါ ဆရာဖြစ်ဖူးရင် အမြဲဆရာပဲလေ။

ဝန်ထမ်းလိုရင် အတွင်းနဲ့ပြင်ပကခေါ်ခြင်း
......................................................
၉၀ ရာခိုင်နှုန်းက အတွင်းကပဲခေါ်ပါတယ်။ ဒီတော့ ကောင်းတာက လုပ်ငန်း ပုံမပျက်ဘဲ ဆက်သွားတယ်။ မကောင်းတာက ကိုယ်လိုတဲ့အရည်အချင်း သူ့ မှာပြည့်ချင်မှပြည့်မယ်။ လုပ်နေကျမဟုတ်တဲ့ လုပ်ငန်းသစ်လုပ်မယ် ဆိုရင် တော့ ပြင်ပက စိတ်ကြိုက်ခေါ်ယူတာက ပိုကောင်းတယ်။ ဒါပေမဲ့ အရင် အလုပ်က ပါလာတဲ့အကျင့်တွေက အလုပ်မှာ ယဉ်ကျေးမှု စရိုက်မတူလို့ အခက်အခဲဖြစ်စေတယ်။ လက်တွေ့မှာမလွယ်ဘူး။

ဝန်ထမ်းသစ် ၀င်လာကတည်းက ထိုက်တန်တဲ့ လစာပေးမယ်။ ပညာရ ရစေမယ်။ လုပ်ခဲ့တဲ့အချိန်တွေ အလဟဿမဖြစ်စေရဘူး။ ဒီမှာသင်ရင် သင်၊ မသင်ရင် အပြင်မှာ ဌာနကစရိတ်နဲ့ သွားတက် ခိုင်းတယ်။ နိုင်ငံခြား သင်တန်း လွှတ်ရင် သေချာတာတော့ ပြောင်းလဲသွားတယ်။ တချို့သင် ပေးပြီးရင် ပြောင်းသွားတာမျိုးရှိတယ်။ တားလို့မရဘူး။ တခြားသူကို သင် ပေးထားခဲ့ပြီးရင် သွားချင်သွား။ ဒီတော့ လုပ်ငန်းမပျက်ဘူး။ သူနဲ့ အခင် အမင်လည်း မပျက်ဘူး။ ဒီမှာလုပ်နေပါတယ်။ ဒီမှာလုပ်ခဲ့ပါတယ်ဆိုတာ ဂုဏ်ယူနေရမယ်။ ဒီလုပ်ငန်းက ဘယ်တော့မှ သိက္ခာမဲ့တဲ့အလုပ်မလုပ်ဘူး။ အရေးကြီးဆုံးကဒါပါပဲ။ လစာငွေကအရေးပါသလို ၀န်ထမ်းတွေရဲ့ ဘ၀တိုး တက်မှုကရေးကြီး ဆုံးပါ။

ဝန်ထမ်းထိန်းဖို့ အကောင်းဆုံးနည်း
..............................................
လစာငွေက အရေးကြီးပါတယ်။ ပွင့်ပွင့်လင်းလင်းစုပေါင်း ဖြေရှင်းရတာ ပို ကောင်းပါတယ်။ ၀န်ထမ်းက သူ့အလုပ်ကို စိတ်ကျေနပ်နေဖို့လိုတယ်။ ၀န်ထမ်း တွေရဲ့ဘ၀ တိုးတက်မှုရှိဖို့ လိုတယ်။ ဒါက ၀န်ထမ်း အတွက်ရော လုပ်ငန်းအတွက်ပါ ကောင်းတယ်။ ၀န်ထမ်းက မိန်းကလေးများပြီး ယောက်ျားလေးနည်းတယ်။ လူငယ်သဘာဝ ကိစ္စလေးတွေရှိတော့ သတိ ထားရတယ်။ သူတို့အချင်းချင်း အဆင်မပြေပြန်ရင် အလုပ်က မတွင် ကျယ် တော့ဘူး။

ဆရာဦးသောင်းတင်က ကွန်ပျူတာပညာရှင် တစ်ဦးဖြစ်ပါတယ်။ မြန်မာ နိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဖြစ်တဲ့အပြင် KMD ကွန်ပျူတာသင်တန်း ကျောင်းနဲ့ ကွန်ပျူတာ ကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာလည်း ဖြစ်တာကြောင့် ၀န်ထမ်းဆိုင်ရာ တွေးခေါ်မြော်မြင်မှုတွေက တစ်မျိုးတစ် ဘာသာ ဆင်ခြင်စရာ ဖြစ်ကြောင်း ပါ။

ဝန်ထမ်းတွေထွက်သွားရင် ကိုယ့်ဘက်က ချို့ယွင်းချက်ရှိလို့ပဲ
----------------------------------------------------------------
လွယ်ဟိန်းကုမ္ပဏီဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်းက လူ့စွမ်းအား စီမံခန့် ခွဲရေးနဲ့ပတ်သက်တဲ့ သူ့ရဲ့ခံယူချက်နဲ့သဘောထား အမြင်ဆွေးနွေး ချက် တွေကို အောက်ပါအတိုင်း သိရှိရပါတယ်။

ဝန်ထမ်းစီမံခန့်ခွဲမှု အတွေ့အကြုံ
...........................................
လွယ်ဟိန်း ကုမ္ပဏီဝန်ထမ်းက မန္တလေးစက်ရုံအပါအ၀င် ၁,၆၀၀ လောက် ရှိပါတယ်။ ၀န်ထမ်းတွေကို အလွန်လိုက်လျော သက်သာစေတဲ့ပုံစံမျိုးနဲ့ပဲ ခန့်ထားပါတယ်။ ၀န်ထမ်းမြဲစေဖို့ အကောင်းဆုံးနည်းလမ်းက နှလုံးသားနဲ့ ဆက်သွယ်တာပါ။ သူတို့ဘာတွေလိုအပ်နေလဲ၊ ဘာလိုချင်သလဲ ဆိုတာကို သိဖို့လို့ပါတယ်။ အဲဒီအတွက် သူတို့ဘက်က ခံစားပြီး ဂရုစိုက်ပေးတာ အကောင်းဆုံးပါပဲ။ နှလုံးသားရေးရာ ချိတ်ဆက်ပြီးတော့ မိသားစုဖွဲ့ စည်း လိုက်တာ အကောင်းဆုံးပါပဲ။ ၀န်ထမ်းတွေ ကိုယ်ပိုင်စီးပွားရေး လုပ်လာ အောင် တွန်းအား ပေးတာပါ။ ကုမ္ပဏီကလည်း သူတို့ကိုယ်ပိုင် စီးပွားရေး လုပ်နိုင်အောင်ဖန်တီးပေးတယ်။ မူလကအရောင်း ၀န်ထမ်းတွေကို သူတို့ တာဝန်ကျတဲ့မြို့နယ်အပိုင်းတွေမှာ အရောင်းကိုယ်စားလှယ်အဖြစ် ကိုယ်ပိုင် လွှဲပေးပါတယ်။ ကားငှားပေးတယ်။ ယခင်ဝန်ထမ်းဘ၀က တစ်လ ကိုနှစ်သိန်း၊ သုံးသိန်းရခဲ့ရင် ကိုယ်တိုင်ဦးဆောင်ပြီး လုပ်တဲ့အခါ တစ်လကို သိန်း ၂၀ လောက် ရသွားသူတွေရှိတယ်။ တစ်နှစ်ကို ၀န်ထမ်း သုံးလေး ဆယ် လောက် ကိုယ်ပိုင်လုပ်ငန်း ထောင်နိုင်ကြတယ်။ ၀န်ထမ်းတွေ အလုပ်ထွက်တာ အလွန်နည်းပါတယ်။ ၁၉၉၆ ခုနှစ်ကတည်းက ပီပီပြင်ပြင် ဖွဲ့လာတဲ့ လွယ်ဟိန်းကုမ္ပဏီဝန်ထမ်း တော်တော်များများရှိနေပါတယ်။ တချို့ဝန်ထမ်းတွေထွက် တာရှိပါ တယ်။ နိုင်ငံခြားသွားပြီး ပညာသင်တာမျိုး ဆိုရင် ကုမ္ပဏီက အထောက်အပံ့ပေးပါတယ်။

ဝန်ထမ်းလိုအပ်ချက်ရှိရင် ကိုယ့်မှာရှိတဲ့ဝန်ထမ်းကို သုံးတာနဲ့ပြင်ပမှ ခေါ်ယူ သုံးတာနှစ်ခုစလုံးမှာ အားသာချက်နဲ့အားနည်း ချက်ရှိပါတယ်။ ၀န်ထမ်း ဟောင်းကို သုံးရင် သစ္စာရှိမှုကိုအခြေခံပြီး လုပ်တဲ့အတွက် ၁၅ နှစ်လောက် တွဲလုပ်လာတဲ့သူကို ဦးစားပေးတယ်။ ကျွမ်းကျင်တဲ့၊ တအားတော်တဲ့ ၀န်ထမ်းကိုခေါ်သုံးရင် ကုမ္ပဏီမှာ ကြာရှည်နေချင်မှနေမယ်။ အတွင်းစည်း ထဲမှာ သုံးလေးနှစ်နေပြီး တော့ သိသင့်သိထိုက်တာသိပြီးရင် တခြားကို ထွက်သွားမှာစိုးရိမ်ရတယ်။ သိပ်တော်တဲ့လူက ကုမ္ပဏီအတွင်းရေး အကုန် သိသွားရင် တစ်နေ့နေ့မှာ ကန်ထွက်သွားနိုင်တယ်။

ဝန်ထမ်းတွေအတွက် လုပ်ငန်းဆိုင်ရာသင်တန်းတွေဖွင့်ပြီး သင်ပေးပါတယ်။ သင်ထားပြီးလို့မှ ထွက်သွားခဲ့ရင် ကိုယ့်ဘက်ကချို့ ယွင်းချက်ရှိလို့ပဲ။ ချို့ ယွင်းချက်မရှိဘဲနဲ့ ထွက်သွားစရာအကြောင်းမရှိပါဘူး။ ၀န်ထမ်း စီမံခန့်ခွဲ ရာမှာ နှလုံးသားချင်းဆက်သွယ်မှုကိုအခြေခံပြီး ၀န်ထမ်းတွေဘက်က ခံစား ချက်ကို စာနာနားလည်ပြီး ၀န်ထမ်းတွေဘ၀ ကောင်းစားရေး အလေးထား တတ်တဲ့ ဒေါက်တာစိုင်းဆမ်ထွန်းရဲ့သဘောထားကို လေးစားနည်းယူစရာ ကောင်းလှပါတယ်။

ဝန်ထမ်းတွေအပေါ် လုပ်ငန်းရှင်ရဲ့သဘောထား
----------------------------------------------------
ပြည့်ဖြိုးကျော်ထရေးဒင်းမှ အုပ်ချုပ်မှုဒါရိုက်တာဦးလှ မောင်ရွှေက လူ့စွမ်း အား စီမံခန့်ခွဲမှုဆိုင်ရာ သဘောထားကို အောက်ပါအတိုင်း ဆွေးနွေးခဲ့ပါ တယ်။

ဝန်ထမ်း စီမံခန့်ခွဲမှုအတွေ့အကြုံ
...........................................
ကုမ္ပဏီကို ၁၉၉၄ ခုနှစ်မှာ စတင်ထူထောင်ခဲ့တယ်။ အမြဲတမ်းဝန်ထမ်း လေးရာလောက်ရှိတယ်။ အောက်ခြေ၀န်ထမ်းကအစ ကုမ္ပဏီစရိတ်နဲ့ သင်တန်းတွေပေးတယ်။ သုံးပုံတစ်ပုံလောက်ရှိတဲ့ အောက်ခြေ၀န်ထမ်း တွေက လက်ရှိသူတို့ရနေတဲ့ အခွင့်အရေးတွေက နည်းနေတယ်လို့ ထင်ကြ တယ်။ အလယ်ဆင့်နဲ့ အပေါ်ဆင့် ၀န်ထမ်းတွေက အလုပ်ပြောင်းတာ နည်း တယ်။ ယာဉ်မောင်း၊ ရုံး ၀န်ထမ်း၊ ဧည့်ကြိုစတာတွေက သူများနဲ့တန်းတူ ပေးပေမဲ့ နည်းတယ်လို့ထင်ပြီး အခွင့်အရေး ပိုရမယ်ထင်တဲ့နေရာကို သွား ကြတယ်။ ဒီတော့ သူတို့အလုပ်မှာ စိတ်အားထက်သန်အောင် နွေးနွေးထွေး ထွေးဆက်ဆံတယ်။ သင်တန်းတွေပေးတယ်။ တတ်ပြီးမှပြောင်းရင်လည်း ကိစ္စမရှိဘူး။ သူတို့ကိုသင်ပေးလိုက်တဲ့အတွက် ကုမ္ပဏီနာမည် ဆိုးစရာ မရှိပါဘူး။

ဝန်ထမ်းထိန်းသိမ်းခြင်း
..............................
လူမှန်နေရာမှန် မဖြစ်တာတွေရှိပါတယ်။ အရည်အချင်းရှိကောင်းရှိပေမဲ့ ပေး အပ်တဲ့ လုပ်ငန်းတာဝန် ထမ်းဆောင်ရာမှာ လုပ်ရည်ကိုင်ရည် မပြနိုင်ဘူး ဆိုတာမျိုး ဖြစ်တတ်တယ်။ တချို့ဝန်ထမ်းက လုပ်ရည်ကိုင်ရည်ထူး ချွန် ထက် မြက်ပေမဲ့ လုပ်သက်နုနေသေးတယ်ဆိုရင် သူထွက်မသွားအောင် လုပ်ရည်ကိုင်ရည်ကိုလိုက်ပြီး ထပ်ဆောင်းငွေပေးရပါတယ်။

ကျွန်တော်တို့မှာ ပြည့်ဖြိုးကျော်ထရေးဒင်း၊ ရွှေမိသားစုထရေးဒင်း၊ ဆောက် လုပ်ရေးနဲ့ ဟိုတယ်လုပ်ငန်းတွေရှိတယ်။ အလုပ်သမားတွေကို သီးခြား တာဝန်မပေးထားဘဲ လိုတဲ့နေရာမှာ သုံးတာမျိုး အုပ်ချုပ်မှု လွဲမှားနေတာမျိုး ရှိတယ်။ အခုဆိုရင် ဆောက် လုပ်ရေးလုပ်ငန်း အေးနေတဲ့အတွက် အလုပ် သမားတွေက လုပ်ငန်း ကောင်းနေတဲ့ ဟိုတယ်လုပ်ငန်းမှာ ၀င်လုပ်ပေးနေ ကြတာမျိုးရှိတယ်။ ၀င်ငွေအကျိုးအမြတ်နဲ့ ကုန်ကျစရိတ်ကို ကြည့်ပြီး အလုပ် ပါးနေတဲ့ဝန်ထမ်းတွေကို သင်တန်းအလှည့်ကျတက်စေတာ၊ စာတမ်းဖတ်ပွဲ၊ ဆွေးနွေးပွဲ တက်စေတာနဲ့ လေ့လာသင်ယူစေကာ ထူးချွန်ထက်မြက် အောင် လုပ်ပေးပါတယ်။ ကျွန်တော်တို့နဲ့ လက်တွဲနေတဲ့ အချိန်မှာ ၀န်ထမ်း တွေ လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ပိုင်နိုင်မှု တိုးတက်တာနဲ့အမျှ ကုမ္ပဏီက ဂုဏ်ယူရမှာပါ။

ရောင်းဝယ်ရေး၊ ဆောက်လုပ်ရေးနဲ့ ဟိုတယ်လုပ်ငန်းတွေ ကို စီမံခန့်ခွဲရေး တာဝန်ခံ ဦးဆောင်သူဖြစ်တဲ့ ဦးလှမောင်ရွှေရဲ့ ဆွေးနွေးတင်ပြချက်တွေက ၂၀၁၀ ပြည့်နှစ်ကာလ မြန်မာ့စီးပွားရေး အခြေအနေမှာ ၀န်ထမ်း ရေးရာစီမံ ခန့်ခွဲမှုအတွေ့အကြုံကို ဆင်ခြင်စရာ ဖြစ်ကြောင်းပါ။