အချိန်စီမံခန့်ခွဲရာမှာ မှားလေ့ရှိတဲ့ အမှားများ

အချိန်စီမံခန့်ခွဲရာမှာ မှားလေ့ရှိတဲ့ အမှားများ

၁။ To do List မရေးမိခြင်း။

အရေးကြီးတဲ့အလုပ်တွေကို လုပ်ဖို့မေ့သွားတာမျိုး ကြုံဖူးလား။ မေ့ဖူးတယ်ဆိုရင် သေချာတာတော့ To do Listကို မသုံးလို့ပါပဲ။ သုံးတယ်ဆိုရင်တောင် အကျိုးရှိရှိ အသုံးမချလို့ ဖြစ်ပါလိမ့်မယ်။ To do List ကို အကျိုးရှိရှိ သုံးနိုင်စေမယ့် လျို့ဝှက်ချက်က ကိုယ်လုပ်ရမယ့် ဦးစားပေးအလုပ်တွေကို ဘယ်လိုမှတ်ထားမလဲဆိုတဲ့ပေါ် မူတည်ပါတယ်။ တော်တော်များများကတော့ A ကနေ F အထိ အက္ခရာစဉ် စီ တတ်ကြပါတယ်။ အရေးအကြီးဆုံးဦးစားပေးလုပ်ရမှာ ကို A လို့ထားပြီး နောက်ဆုံးမှလုပ်လို့ရတာကို F လို့ ထားတာမျိုးပေါ့။ တချို့ကတော့ ဂဏန်းတွေနဲ့ စဉ်လေ့ရှိကြပါတယ်။ 
တကယ်လို့ To do List မှာ လုပ်စရာတွေ ပုံနေလို့ သေချာဂရုမစိုက်မိလိုက်ရင် အကျိုးမရှိဖြစ်သွားစေ တတ်ပါတယ်။ ဥပမာအနေနဲ့ အလုပ်တစ်ခုကို ဘယ်တော့နောက်ဆုံးထားပြီးလုပ်မယ်လို့ မသတ်မှတ်ထားရင် ဘယ်အချိန်မှာမှ လုပ်ဖြစ်မယ်ဆိုတာ မသေချာပါဘူး။ ဒါကြောင့် အစကအရေးမကြီးဘူးလို့ သတ်မှတ်ထားတဲ့ အလုပ်တွေကိုလည်း ဘယ်နေ့မှာတော့ နောက်ဆုံးပြီးစီးအောင်လုပ်ရမယ်ဆိုပြီး သတ်မှတ်ထားတာ၊ ဘယ်တော့စလုပ်မယ်ဆိုပြီး သတ်မှတ်ထားတာ၊ ပုံနေတဲ့အလုပ်တွေကို ဖြည်းဖြည်းချင်းခွဲလုပ်ဖို့ ရက်သတ် မှတ်ထားတာတွေက အကျိုးရှိတဲ့အချိန်စီမံခန့်ခွဲမှုတစ်ခု ဖြစ်လာစေပါတယ်။ တစ်ချိန်တည်းမှာ အလုပ်တွေ အများကြီးပုံလာရင် ဘယ်အချိန်မှာဘာလုပ်မယ်ဆိုတဲ့ Action Plan ရေးဆွဲထားမျိုး ပြုလုပ်ထားသင့်ပါတယ်။

၂။ ပန်းတိုင်မသတ်မှတ်ထားခြင်း။

နောက်ခြောက်လကြာရင်၊ ဒါမှမဟုတ် နောက်နှစ်ဒီအချိန်မှာ၊ ဒါမှမဟုတ် နောက်ဆယ်နှစ်ကြာတဲ့အခါမှာ ကိုယ်ဘာဖြစ်ချင်တယ်ဆိုတာ သိပါသလား။ တကယ်လို့ မသိသေးဘူးဆိုရင်တော့ ကိုယ့်ရဲ့ပန်းတိုင်ကို သတ် မှတ်ဖို့ အခုပဲလုပ်လိုက်ပါ။ ရည်မှန်းချက်ချမှတ်ထားတာဟာ အချိန်ကိုစီမံခန့်ခွဲရာမှာ အရေးကြီးတဲ့အစိတ် အပိုင်းတစ်ခုဖြစ်တဲ့အပြင် ကိုယ့်ရည်မှန်းချက်ပန်းတိုင်ကို အမြန်ဆုံးရောက်ရှိစေဖို့ အကောင်းဆုံးနည်းလမ်း လည်း ဖြစ်ပါတယ်။ ကိုယ်ဘာဖြစ်ချင်တယ်ဆိုတာကို သိရင်ကိုယ့်ရည်မှန်းချက်ကိုရောက်ရှိစေဖို့ ဘာတွေလို အပ်တယ်၊ အချိန်ကိုဘယ်လိုစီမံခန့်ခွဲရမယ်ဆိုတာနဲ့ ဘယ်အရာတွေကို ဦးစားပေးလုပ်ရမယ်ဆိုတာတွေကို ရှင်းရှင်းလင်းလင်း သိမြင်လာစေမှာပါ။ ရည်မှန်းချက်ရှိတာကြောင့် ဘယ်အရာတွေကို လုပ်ရတာကိုယ့်အတွက် အကျိုးရှိတယ်၊ ဘယ်အရာတွေကတော့ ကိုယ့်အတွက် စိတ်ရှုပ်စရာသက်သက်ပဲဆိုတာကို သိသာလာစေပါ တယ်။

၃။ ဦးစားပေးအရာမသတ်မှတ်ခြင်း။

တစ်ခါတလေမှာ ဘာကိုဦးစားပေးသတ်မှတ်ရမလဲဆိုတာက တော်တော့်ကိုဆုံးဖြတ်ရခက်ပါတယ်။ အထူး သဖြင့် အရေးကြီးတယ်လို့ ထင်ရတဲ့အလုပ်တွေကို လုပ်နေရတဲ့အချိန်မှာပေါ့။ အချိန်ကို ကောင်းကောင်းစီမံခန့် ခွဲနိုင်ဖို့ဆိုရင် ဘယ်အရာတွေကို ဦးစားပေးလုပ်ရမယ်ဆိုတာကို လေ့လာထားဖို့လိုပါတယ်။ ဘယ်အလုပ်တွေ က ဦးစားပေးလုပ်ရမယ်၊ ဘယ်အလုပ်တွေကိုတော့ ချက်ချင်းလုပ်ရမယ်၊ ဘယ်အလုပ်တွေက လိုလိုမယ်မယ် လုပ်ထားရမှာတွေဆိုတာတွေကို ကွဲကွဲပြားပြားသိလာရင် အချိန်ကိုစီမံခန့်ခွဲတာ ပိုပြီးကောင်းလာမှာဖြစ်ပါ တယ်။

၄။ အနှောင့်အယှက်ပေးတာတွေကို စီမံခန့်ခွဲထားမှုမရှိခြင်း။

ကိုယ့်ကို အနှောင့်အယှက်ပေးနိုင်တဲ့အရာတွေက Email ၊ Chatting ၊ သူငယ်ချင်းမိတ်ဆွေတွေရဲ့ ဝေဖန်စကားတွေနဲ့ အဝင်ဖုန်းတွေကိုပိတ်ထားတာက ကိုယ့်ရဲ့အလုပ်အောင်မြင်မှုကို နီးကပ်လာစေပါတယ်။ တစ်နေ့တာလုပ်ငန်းကို အကောင်းဆုံးလုပ်နိုင်ဖို့ အနှောင့်အယှက်ပေးနိုင်တာတွေကို အကောာင်းဆုံး ထိန်းချုပ်ထားနိုင်ဖို့ လိုပါတယ်။ ဥပမာ- ဖုန်းကို Silence လုပ်ထားတာ၊ Facebook ပိတ်ထားတာ၊ ကိုယ့်ကို ခဏခဏ အနှောင့်အယှက်ပေးနေတဲ့လူရှိရင်လည်း သူ့ကို သတိပေးတာမျိုးတွေနဲ့ ထိန်းချုပ်ထားသင့်ပါတယ်။

၅။ အချိန်ဆွဲခြင်း။

လုပ်ရမှာကိုချက်ချင်းမလုပ်ဘဲ အချိန်ဆွဲလိုက်ရင် ပြန်လုပ်တဲ့အခါမှာ စိုးရိမ်စိတ်တွေ၊ ကြောင့်ကြစိတ်တွေ၊ ကြောက်စိတ်တွေဖြစ်လာစေမယ့်အပြင် အချိန်မီမပြီးတာနဲ့ အလွဲလွဲအချော်ချော်ဖြစ်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဥပမာ- ဆယ်မိနစ်စာပရောဂျက်ကို တစ်ယောက်တည်းရှင်းပြရမယ်ဆိုတဲ့အခါမျိုးမှာ အချိန်ဆွဲတဲ့လူက ငါတစ်ယောက်တည်း အစအဆုံးလုပ်ရပါမှာလားဆိုတာက သူ့ကိုလွှမ်းမိုးနေပြီး အကောင်းဆုံး လုပ်နိုင်ပါ့မလားဆိုတာကို စိုးရိမ်နေနိုင်ပါတယ်။ အဲဒီလိုဖြစ်နေမယ့်အစား လုပ်ငန်းသေးလေးတွေ ခွဲပြီးလုပ်မယ်ဆိုရင် လုပ်ရတာပိုလွယ်ကူပြီး ရလဒ်ကောင်းတွေရအောင်လည်း အကူအညီပေးနိုင်ပါတယ်။ လုပ်ငန်းကြီးတစ်ခုကို ကိုယ်စီမံခန့်ခွဲနိုင်တဲ့ အနေအထားအထိတစ်ဆင့်ချင်းခွဲလုပ်တာက အလွယ်တကူနဲ့ အလုပ်ပြီးမြောက်စေသလို တစ်ခါမှာတစ်ခုပြီးအောင်လုပ်ဖို့လည်း လွယ်ကူစေပါတယ်။ ဒီလိုလုပ်တာက အလုပ်စလုပ်တဲ့အခါမှာ လုပ်မှလုပ်နိုင်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်မဖြစ်ပေါ်လာအောင်လည်း ရှောင်ရှားပြီးသား ဖြစ်စေပါတယ်။

၆။ တာဝန်အများကြီးယူထားခြင်း။

တကယ်လို့ သင်ဟာငြင်းရမှာ အားနာတတ်တဲ့လူမျိုးဆိုရင် သင့်ဆီမှာလုပ်စရာအလုပ်တွေ တစ်ပုံတစ်ပင်ဖြစ်လာ စေမှာပါ။ ဒါဟာသင့်ရဲ့လုပ်ဆောင်နိုင်စွမ်း ကျသွားစေရုံမကဖိအားတွေ ရလာစေပြီး စိတ်ဓာတ်လည်း ကျလာစေမှာပါ။
သင်ဟာ မန်နေဂျာတစ်ဦးဖြစ်ပြီး အလုပ်တွေ ကို တခြားလူတွေကိုပေးလုပ်ရင် အစအဆုံးပြန်ပြင်ရမယ်ဆိုပြီး သူတို့ကို မယုံကြည်တဲ့စိတ်ကြောင့် အလုပ်တွေအားလုံးကို ကိုယ်တိုင်လုပ်ဖို့ပဲ စိတ်အားထက်သန်နေတဲ့ လူမျိုးဖြစ်တယ်ဆိုရင် အမြန်ဆုံးပြင်သင့်ပါတယ်။ ဒါဟာကိုယ့်အတွက်တင်မက တခြားလူတွေအတွက်လည်း ပြဿနာတစ်ခုဖြစ်လာစေနိုင်ပါတယ်။ တာဝန်တွေ အများကြီးယူထားတာက ကိုယ့်ရဲ့ကိုယ်ပိုင်အချိန်တွေ၊ လွတ်လပ်မှုတွေကို ဆုံးရှုံးစေရုံတင်မက အလုပ်ကို အလျင်စလိုနဲ့ ဖြစ်ကတတ်ဆန်းလုပ်မိစေလာတတ် တာကြောင့် သင့်ရဲ့အောင်မြင်မှုကိုလည်း ထိခိုက်လာစေနိုင်ပါတယ်။ အလုပ်တအားများတာက သင့်ကိုစိတ်ဖိအားတွေ ဖြစ်လာစေပြီး အလုပ်လုပ်နိုင်စွမ်းကိုလည်း ကျ ဆင်းစေပါတယ်။ ဒါကြောင့် အလုပ်ကိုသက်သောင့်သက်သာနဲ့ အောင်အောင်မြင်မြင်လုပ်နိုင်ဖို့ အချိန်ကို အကျိုးရှိရှိ စီမံခန့်ခွဲနိုင်ဖို့ လိုပါတယ်။

၇။ အလုပ်အများကြီးကို တစ်ပြိုင်နက်တည်းလုပ်ခြင်း။

လူတော်တော်များများက အလုပ်တွေကိုတစ်ပြိုင်တည်း လုပ်တာကအလုပ်မြန်မြန်ပြီးစေတယ်လို့ ထင်ကြပါ တယ်။ ဒါပေမဲ့ တကယ်တော့အလုပ်တွေ တစ်ပြိုင်တည်းလုပ်တာက အလုပ်ကိုပုံမှန်တစ်ဆင့်ပြီးတစ်ဆင့်လုပ် တာထက် အချိန် ၂၀၊ ဒါမှမဟုတ် ၄၀ ရာခိုင်နှုန်းလောက် ပိုပြီး ကြာစေပါတယ်။ ဒါအပြင် ဥပမာ- ကိုယ့်ရဲ့ဖောက် သည်တစ်ယောက်ကို Email ပြန်နေရင်းနဲ့ နောက်ဖောက်သည်တစ်ယောက်ကို ဖုန်းပြောနေတာမျိုးကို တစ်ပြိုင် တည်းလုပ်ရင် Email မှာ အမှားတွေအများကြီးဖြစ်လာ စေနိုင်တဲ့အပြင်ဖုန်းပြောရာမှာလည်း အာရုံစူးစိုက်မှု အားနည်းသွားစေနိုင်ပြီး ဖောက်သည်တွေက သူတို့ကိုအလေးမထားဘူးဆိုပြီး သတ်မှတ်စေပြီးဖောက်သည် နှစ်ဦးလုံးကိုဆုံးရှုံးရစေနိုင်ပါတယ်။
ဒါကြောင့်အလုပ်တွေကို တစ်ပြိုင်တည်းမလုပ်ဘဲ တစ်ကြိမ်မှာ အလုပ်တစ်ခုလုပ်ဖို့ကို သေသေချာချာ အာရုံစိုက်လုပ်တာက ကိုယ့်ရဲ့လုပ်ငန်းစွမ်းဆောင်ရည်ကို တိုးတက်စေမှာဖြစ်ပါတယ်။

BitMiner - free and simple next generation Bitcoin mining software

၈။ အနားမယူခြင်း။

Deadline နီးနေတဲ့အချိန်မျိုးဆိုရင် လူတော်တော်များများက ရှစ်နာရီ ဆယ်နာရီလောက် မနားဘဲ တောက်လျောက် လုပ်နိုင်တယ်လို့ ထင်တတ်ကြပါတယ်။ ဒီလိုထင်တာ ကောင်းပါတယ်။ ဒါပေမဲ့ ဘယ်သူမှ ဦးနှောက်ကို အနားမပေးဘဲ တောက်လျောက်အလုပ်လုပ်မယ်ဆိုရင် အလုပ်တစ်ခုတည်းကို အာရုံစူးစိုက်ပြီး အကောင်းဆုံးလုပ် နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ 
ဒါကြောင့် အနားယူလိုက်တာကို အချိန်ဖြုန်းတယ်လို့ မထင်ပါနဲ့။
အနားယူလိုက်တာကြောင့်နောက် လုပ်ရမှာကို ဘယ်လိုနည်းနဲ့ အကောင်းဆုံးလုပ်နိုင်မလဲဆိုတာကို စဉ်းစားဖို့ အချိန်ရသလိုဖြစ်သွားပြီး ဆန်း သစ်တဲ့ တီထွင်ဉာဏ်တွေနဲ့ အလုပ်ကိုအကောင်းဆုံး လုပ်လာနိုင်မှာဖြစ်ပါတယ်။ တကယ်တော့ အလုပ်လုပ်နေတာကိုရပ်ပြီး အနားယူဖို့ဆိုတာ ခက်ပါတယ်။ ဒါကြောင့် ဘယ်အချိန် မှာ နားမယ်ဆိုတာကို အချိန်စာရင်းထဲထည့်ဆွဲထားတာဖြစ်ဖြစ် နှိုးစက်အချိန်ပေးထားတာဖြစ်ဖြစ် ပြုလုပ်ထား သင့်ပါတယ်။ နားတဲ့အချိန်မှာ လမ်းလျောက်တာ၊ ကော်ဖီသွားသောက်တာ၊ ဒါမှမဟုတ် ကိုယ့်စားပွဲမှာပဲထိုင်ပြီး အနားယူတာမျိုး ပြုလုပ်သင့်ပါတယ်။ တစ်နာရီ၊ ဒါမှမဟုတ် နှစ်နာရီကြာတိုင်းမှာ ငါးမိနစ်လောက်အနားယူနိုင်ဖို့ ကြိုးစားပါ။ ပြီးတော့ နေ့လယ်စာစားချိန်ကိုလည်း လုံလုံလောက်လောက်ပေးပါ။ သင်ဗိုက်ဆာနေတယ်ဆိုရင် အလုပ်ကိုအကောင်း ဆုံးလုပ်နိုင်မှာ မဟုတ်ပါဘူး။

၉။ လုပ်စရာကိစ္စတွေကို အကျိုးရှိရှိ အချိန်စာရင်းမဆွဲထားခြင်း။

တချို့လူတွေက မနက်ပိုင်းမှာအလုပ်လုပ်ရတာကို တက်ကြွနေတတ်လေ့ရှိပြီး တချို့လူတွေကတော့ နေ့ လယ်ပိုင်းမှာ အလုပ်လုပ်ရတာကို သဘောကျတတ်ကြပါတယ်။ သင်ဟာလည်း ကိုယ်ဘယ်အချိန်မှာ အလုပ် လုပ်ရတာကို အားအရဆုံးလဲဆိုတာကို သိသင့်ပါတယ်။
ကိုယ်အလုပ်လုပ်ရတာကို အားအရဆုံးအချိန်မှာ အရေးကြီးတဲ့အလုပ်ကိစ္စတွေကို လုပ်ဖို့အစီအစဉ် ဆွဲထားပြီး ကိုယ်သိပ်ပြီး အလုပ်မလုပ်နိုင်တဲ့အချိန်မှာ Email စစ်တာ၊ ဖုန်းပြောတာစတဲ့ ကိုယ်စွမ်းကိုယ်စ သိပ်မသုံးရတဲ့အလုပ်တွေကို လုပ်ဖို့အစီအစဉ်ဆွဲထား သင့်ပါတယ်။

Credit: CEO Myanmar

Comments


U De Pa
U De Pa
18 Jan 2020 12:51 PM
Many many thank to you .Very effective for everyone

Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again