အူမကြီးကင်ဆာကို ကာကွယ်နိုင်တဲ့အစားအစာ ဆယ်မျိုး

အူမကြီးကင်ဆာကို ကာကွယ်နိုင်တဲ့အစားအစာ ဆယ်မျိုး
သင် မုန့်ပဲသရေစာ စားသုံးတာကို ရှောင်ကြဉ်သွားချင်လိမ့်မယ်။ အဆီ၊ အဆိမ့်တွေနဲ့ အချိုဓာတ်များတဲ့ အစားအစာ တွေဟာ အူမကြီးကင်ဆာဖြစ်ပွားမှုနဲ့ ဆက်စပ်မှုရှိတယ်လို့ University of Edinburgh ရဲ့ လေ့လာချက်အသစ်တွေအရ ခန့်မှန်းနိုင်ပါတယ်။ သုတေသနပညာရှင်တွေဟာ ကျန်းမာတဲ့ သူတွေနဲ့ အူမကြီးကင်ဆာ ခံစားနေရတဲ့လူနာတွေရဲ့အစား အသောက်အလေ့အထကို အစားအစာအမျိုးအစား ၁၇၀ ကျော်လောက် လေ့လာပိုင်းခြားစိတ်ဖြာကြည့်လိုက်တဲ့အခါ အဆီအဆိမ့်များတဲ့မုန့်တွေ၊အချိုများတဲ့မုန့်တွေဟာ ကင်ဆာ ကို ၁၈ ရာခိုင်နှုန်းလောက် ပိုမိုဖြစ်ပွားနိုင်ပြီး အချိုဓာတ်များ လွန်းတဲ့အချိုရည်တွေဟာ ၁၂ ရာခိုင်နှုန်းလောက် ပိုမိုဖြစ်ပွား နိုင်ပါတယ်။ ဘာကြောင့်ဖြစ်ပွားတယ်ဆိုတာ တိတိကျကျ မသေချာပေမယ့် ခန့်မှန်းနိုင်တာတစ်ခုကတော့ ကယ်လိုရီ များတဲ့အစားအစာတွေဟာ အန္တရာယ်ပေးပါတယ်။

ကယ်လိုရီများတဲ့ အစားအသောက်တွေနဲ့ အဝလွန် တာဟာ အူမကြီးကင်ဆာဖြစ်ပွားမှုနဲ့ ဆက်စပ်နေတယ်လို့ လည်း အခြားလေ့လာချက်တွေက ဆိုပါတယ်။ ပါဝင်လေ့လာ ခံရသူတွေရဲ့ ကယ်လိုရီစားသောက်မှုမှာ အဲဒီမုန့်ပဲသရေစာ တွေဟာ ၂၀ ရာခိုင်နှုန်းလောက် ပါဝင်နေပါတယ်။ အမေရိကန်မှာ လူနာ ၁၄၃,၀၀၀ လောက်ဟာ အူမကြီးကင်ဆာရောဂါရှိကြောင်း တွေ့ရပါတယ်။ အူမကြီးကင်ဆာကို ကာကွယ်ဖို့အတွက် မျိုးရိုးလိုက်တာကိုမကာကွယ်နိုင်ပေမဲ့ အခြားနည်းလမ်းတွေကိုသုံးပြီးတော့ ကာကွယ်နိုင်ပါတယ်။ ဥပမာ- ကိုယ်အလေးချိန်ထိန်းထားတာ၊ လေ့ကျင့်ခန်းပုံမှန်လုပ်တာ၊ ဆေးလိပ်မသောက်တာနဲ့ တစ်နေ့မှာ အရက်အနည်းငယ်သာသောက်သုံးတာတို့ပါ။ အစားအသောက်ကနေ ရောဂါဖြစ်ပွားနှုန်းလျော့ချချင်တယ်ဆိုရင်တော့ အမျင်ဓာတ်ပါတဲ့ အစားအစာ၊ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက် များများစားသုံးတာ၊ အနီရောင်ရှိတဲ့အသားတွေ၊ ဓာတုဆေး ဝါးတွေ သုံးထားတဲ့အသားတွေ လျော့စားတာတို့ ပြုလုပ်ရပါ မယ်။ အူမကြီးကင်ဆာကို ကာကွယ်နိုင်တဲ့အစားအစာ ဆယ်မျိုးကတော့ အောက်ပါအတိုင်းပါ။

၁။ အညိုရောင်ဆန် (ဆန်လုံးညို)

အညိုရောင်ဆန်ကို အနည်းဆုံးတစ်ပတ်တစ်ကြိမ် စားသုံး မယ်ဆိုရင် ကင်ဆာဖြစ်ပွားနိုင်တဲ့ အူမမှာ အကျိတ်လုံးတွယ် တာမျိုးကို ၄၀ ရာခိုင်နှုန်းလောက် လျော့ချနိုင်တယ်လို့ အစားအသောက်နဲ့ ကင်ဆာလေ့လာချက်တွေအရ သိရှိရပါ တယ်။ အညိုရောင်ဆန်မှာ အမျင်ဓာတ်အများအပြား ပါဝင် ပါတယ်။ အမျင်ဓာတ်မှာ ကင်ဆာဆဲလ်တွေရဲ့ ကြီးထွားမှုကို ဟန့်တားပေးနိုင်တဲ့ Short-Chain Fatty Acid တွေပါဝင်ပါ တယ်။ အဖြူရောင်ဆန် နို့ဆီဘူး တစ်လုံးမှာ အမျင်ဓာတ်ဟာ ဝ.၅ ဂရမ်သာ ပါဝင်ပြီး အညိုရောင်ဆန် နို့ဆီဘူး တစ်လုံး မှာ အမျင်ဓာတ် ၃.၅ ဂရမ်တောင် ပါဝင်ပါတယ်။

၂။ ဆယ်မွန်ငါး

ဗီတာမင် ဒီ ချို့တဲ့မှုဟာ အူမကြီးကင်ဆာဖြစ်ပွားစေတယ်လို့ အချို့သုတေသနလေ့လာချက်တွေကဆိုပါတယ်။ ဆယ်မွန် ငါးသုံးအောင်စစားသုံးရင် တစ်နေ့တာအတွက် ဗီတာမင် ဒီ လိုအပ်ချက်ရဲ့ရာခိုင်နှုန်းရှိပါတယ်။ အခြားဗီတာမင်ဒီပြည့်၀ တဲ့အစားအသောက်တွေလည်း စားသုံးလို့ရပါတယ်။

၃။ ဂျုံ၊ ပြောင်း (ထောပတ်သုတ်ထားတဲ့ပြောင်း၊ ထောပတ်ပေါက်ပေါက်)

ဂျုံ၊ ပြောင်းတို့မှရတဲ့ အမျင်ဓာတ်မှာ Inositol Hexa- phosphate လို့ခေါ်တဲ့ဓာတ် ပါဝင်ပါတယ်။ယင်းဓာတ်ဟာ အူမကြီးကင်ဆာကြီးထွားမှုကို ဟန့်တားပေးနိုင်တယ်လို့ University of Maryland က သုတေသနရလဒ်တွေအရ သိရပါတယ်။ ထောပတ်ထပ်ပေါင်းလိုက်တာက ကင်ဆာ ဆဲလ်တွေကို တိုက်ခိုက်နိုင်တဲ့Conjugated Linoleic Acid (CLA) ထပ်ပေါင်းလိုက်သလိုပါပဲ။

၄။ မြေပဲ

မြေပဲဟာ အခွံမာသီးမဟုတ်ဘဲ ပဲတောင့်ရှည်မျိုးနွယ်စုက လာတာပါ။ ကုလားပဲ၊ ပဲစေ့နက်၊ ပဲလုံးတို့ကို တစ်ပတ်သုံး ကြိမ်စားတာဟာ အူမမှာ အလုံးဖြစ်ပေါ်မှုကို ၃၃ ရာခိုင်နှုန်း လောက် လျော့ချပေးနိုင်တယ်လို့Loma Linda University က သုတေသနပညာရှင်တွေက ဆိုပါတယ်။ မြေပဲအနည်းငယ် စားသုံးတာနဲ့အမျင်ဓာတ် ခြောက်ဂရမ်ထက် မနည်းရရှိပါ တယ်။

၅။ ချင်း

ချင်းတက်ကို ၂၈ ရက်လောက်စားသုံးလိုက်ရင် အူမကြီး ရောင်ရမ်းတာကို ၂၈ ရာခိုင်နှုန်းလောက် လျော့ကျသွားစေ တယ်လို့ သုတေသနလေ့လာချက်တွေအရ တွေ့ရပါတယ်။ အူမကြီးရောင်ရမ်းလာတာဟာ ကင်ဆာဆဲလ်တွေ ပွားများလာ လို့ပါ။ ချင်းတက် နှစ်ဂရမ်၊ ဒါမှမဟုတ် ချင်းစိမ်းစားပွဲတင်ဇွန်း နှစ်ဇွန်းကို အစားအစာတွေနဲ့ နေ့တိုင်းရောစားသင့်ပါတယ်။

၆။ လက်ဖက်ဖြူ

လက်ဖက်ဖြူတစ်နေ့တစ်ခွက်သောက်တာနဲ့ အူမကြီးကင်ဆာ ဖြစ်ပွားမှုကို တစ်ဝက်လောက်လျော့ချနိုင်တယ်လို့Louisia- na State University နဲ့ University of North Carolina မှ လေ့လာချက်တွေက ဆိုပါတယ်။ Oregon State Unive- rsity က သုတေသနတွေအရ လက်ဖက်ဖြူမှာ ကင်ဆာဆဲလ် တွေ ပွားများမှုနဲ့ အကျိတ်လုံးကြီးထွားမှုတွေကို ပိတ်ပင်တား ဆီးနိုင်တဲ့ Antioxidant တွေ ပါဝင်တယ်လို့ သိရပါတယ်။ လက်ဖက်ဖြူဟာ အူမကြီးကင်ဆာကာကွယ်ရာမှာ လက်ဖက် စိမ်းထက် ပိုမိုအကျိုးသက်ရောက်ပါတယ်။

၇။ ဟင်းခတ်အမွှေးအကြိုင် (မဆလာ)

ဓာတ်ခွဲခန်းသုတေသနတွေအရ ဟင်းခတ်အမွှေးအကြိုင်မှာ ပါတဲ့ အဝါရောင်အမှုန့်တွေကို Curcumin လို့ခေါ်ပြီး သူ တို့ဟာ ကင်ဆာဆဲလ်တွေကို သတ်ပစ်နိုင်ပါတယ်။Louis-iana State University က သုတေသနပညာရှင်တွေဟာ ယင်း Curcumin နဲ့ ကင်ဆာဆဲလ်တွေကို အတူတွဲစမ်းသပ်ပြီး ၂၄ နာရီအကြာမှာ ကင်ဆာဆဲလ်တွေရဲ့ ၂၅ ရာခိုင်နှုန်းဟာ သေနေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

၈။ ဟင်းနုနယ်

ဟင်းနုနယ်မှာပါဝင်တဲ့ Beta-carotene ဟာ အူမကြီးကင် ဆာကိုကာကွယ်ရာမှာ အထောက်အကူပြုပါတယ်။ အစာ အာဟာရနဲ့ ကင်ဆာသုတေသနတွေ့ရှိချက်တွေအရ အစိမ်း ရောင်ဟင်းသီးဟင်းရွက်တွေကို တစ်နေ့တစ်ကြိမ် စားသုံးတဲ့ သူတွေဟာ မစားသုံးတဲ့သူတွေထက် အူမကြီးကင်ဆာဖြစ်ပွား နိုင်မှုမှာ ၂၄ ရာခိုင်နှုန်းလောက် လျော့နည်းသွားပါတယ်။

၉။ မှို

အူမကြီးကင်ဆာကာကွယ်ဖို့ အထူးအစားအသောက် အဖြစ် ဟင်းနုနယ်မှာ မှိုထပ်ပေါင်းလိုက်ပါ။ ဘာဖြစ်လို့လဲဆို တော့ မှိုတွေမှာလည်း ကင်ဆာဆဲလ်တွေကို တိုက်ခိုက်နိုင် တဲ့ Ergothioneine လို့ခေါ်တဲ့ Antioxidant တွေ အများ အပြားပါဝင်လို့ပါ။

၁၀။ အနက်ရောင် ရပ်စ်ဘယ်ရီသီး

ဓာတ်ခွဲခန်းစမ်းသပ်မှုတွေမှာ ပုံမှန်ကျွေးမွေးထားတဲ့ ဓာတ်ခွဲ ခန်းကြွက်တွေထက် ရပ်စ်ဘယ်ရီသီးကျွေးထားတဲ့ ဓာတ်ခွဲခန်း ကြွက်တွေဟာ ကင်ဆာဖြစ်နိုင်ခြေ ၈၀ ရာခိုင်နှုန်းလောက် ပိုနည်းပါတယ်။အနီရောင်ရပ်စ်ဘယ်ရီသီးတွေထက် ကင်ဆာ ဆဲလ်တွေကို တိုက်ခိုက်နိုင်တဲ့ Antioxidant တွေ ၄၀ ရာ ခိုင်နှုန်းလောက် ပိုပါတဲ့ အနက်ရောင်ရပ်စ်ဘယ်ရီသီးတွေကို ရွေးချယ်စားသုံးသင့်ပါတယ်။

သွင်ထူး
Credit: CEO Myanmar Facebook Page

Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again