SME များကိုအောင်မြင်စေဖို့အတွက် ၅ ချက်

SME များကိုအောင်မြင်စေဖို့အတွက် ၅ ချက်
မအောင်မြင်မယ့် စီးပွားရေးလုပ်ငန်းတစ်ခုကို စပြီးလုပ်ဖို့ ဘယ်စွန့်ဦးတီထွင်သူကမှ အိပ်မက်မမက်ပါဘူး။ ဒါပေမဲ့တစ်ခါတလေမှာ အဲဒီလိုဖြစ်သွားတတ်ပါတယ်။ မအောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းလေးတစ်ခုက ကိုယ်လုပ်နိုင်တာတွေအားလုံး ကုန်ဆုံးသွားပြီဆိုတဲ့အဓိပ္ပာယ်မဟုတ်ပါဘူး။ အဲဒီလိုဖြစ်တာက ကုမ္ပဏီကိုကယ်တင်ဖို့အတွက် အစွမ်းကုန်အရှိန်မြှင့်လုပ်ကိုင်ရမယ်ဆိုတဲ့ အဓိပ္ပာယ်သာဖြစ်ပါတယ်။

ဘာအပြောင်းအလဲမှ စပြီးမလုပ်ဘဲ မျောလိုက်သွားခဲ့ရင် ကိုယ့်ရဲ့လုပ်ငန်းဟာ ရှေ့ဆက်ပြီးအောင်မြင်တာတွေပဲဖြစ်ကောင်းဖြစ်နေမှာပါ။အဲဒီလိုအခြေအနေတွေကနေ ပြန်ဦးမော့လာအောင်လုပ်ပြီး ကိုယ့်ရဲ့လုပ်ငန်းကြီးထွားဖို့အတွက် အဲဒီရှုံးနိမ့်မှုတွေဆီက ရရှိတဲ့သင်ခန်းစာတွေကို အသုံးပြုလို့ ရပါတယ်။ မအောင်မြင်ဘဲဖြစ်ခဲ့တဲ့အသေးစားလုပ်ငန်းတွေဆီက သင်ယူခဲ့တဲ့သင်ခန်းစာ ၅ ခုကို အောက်မှာ ဖော်ပြလိုက်ပါတယ်။

၁။ မှန်ကန်တဲ့လူတွေကပေးတဲ့ အကြံကိုလက်ခံပါ။

စီးပွားရေးလုပ်ငန်းတစ်ခုကို စလုပ်တော့မယ်လို့ ဆုံးဖြတ်လိုက်တဲ့အချိန်ကစပြီးလမ်းညွှန်မှုကို ရှာဖွေတာဟာ မဖြစ်မနေလုပ်ရမယ့်အလုပ်တစ်ခုဖြစ်ပါတယ်။ ကိုယ့်ရဲ့ ကိုယ်ပိုင်လမ်းကြောင်းကိုဖောက်တာက လိုအပ်ပေမယ့် ရှေ့ကိုဆင်ကန်းတောတိုးမသွားမိဖို့ဆိုရင် မေးခွန်းတွေ မေးရပါမယ်။ အကြံဉာဏ်ယူဖို့ လိုအပ်လာတဲ့အခါ ကိုယ့်စာရင်းရဲ့ထိပ်ဆုံးမှာ စာရင်းကိုင်တွေ၊ ရှေ့နေတွေနဲ့ သမ္ဘာရင့်တဲ့လုပ်ငန်းရှင်တွေပါဝင်ရမှာဖြစ်ပါတယ်။

ကိုယ့်လုပ်ငန်းရဲ့ ဘဏ္ဍာရေးအခြေအနေကို အဓိပ္ပာယ်ဖော်ဖို့ စာရင်းကိုင်တွေကကူညီနိုင်ပါတယ်။ ကိုယ့်ကိုအောင်မြင်အောင် အကောင်းဆုံးကူညီမယ့် လုပ်ငန်းဖွဲ့စည်းပုံကိုရွေးချယ်ဖို့ ရှေ့နေတွေကကူညီနိုင်ပါတယ်။ ပြီးတော့ တခြားအသေးစားလုပ်ငန်း ပိုင်ရှင်တွေဟာ ကိုယ်ရောက်နေတဲ့ နေရာမှာရှိခဲ့ကြဖူးပါတယ်။ သူတို့က ကိုယ့်ကိုသူတို့လိုအမှားမျိုးကို မလုပ်မိအောင်သူတို့ရဲ့ လုပ်ငန်းကျွမ်းကျင်မှုတချို့ကို မျဝေပေးနိုင်ပါတယ်။

၂။ ဆုံးရှုံးမှုတစ်ခုမဖြစ်ခင်၊ ဖြစ်နေတုန်းနဲ့ ဖြစ်ပြီးနောက်ပိုင်းမှာ အဆိုးဆုံးအတွက်စီစဉ်ထားပါ။

အသေးစားစီးပွားရေးလုပ်ငန်းတစ်ခုကို စီမံကွပ်ကဲတဲ့အခါ အရာအားလုံးဟာ စီစဉ်ထားတဲ့အတိုင်း အတိအကျဖြစ်လာမှာမဟုတ်ပါဘူး။ လုပ်ငန်းထဲမှာရှိတဲ့ အရာအားလုံးကို မထိန်းချုပ်နိုင်တဲ့အတွက် ဖြစ်နိုင်ခြေရှိတဲ့ အဆိုးဆုံးအနာဂတ်အခြေအနေအတွက် အသင့်ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ ဆုံးရှုံးမှုတစ်ခုကို ကိုင်တွယ်နိုင်ဖို့အတွက် ကိုယ့်ရဲ့လုပ်ငန်းကို ပြည့်စုံမှုရှိအောင် လုပ်ထားပြီလား။ မအောင်မြင်မှုဟာ ပိုပြီးဆိုးဝါးလာခဲ့ရင် အဲဒီအတွက် အသင့်ပြင်ထားပြီလား။ ပြီးတော့ ဒီလိုမျိုး နောက်တစ်ခါကြုံလာရင် ကိုင်တွယ်ဖို့စနစ်တွေ သူ့နေရာနဲ့သူရှိနေပြီလား။ ကိုယ့်ရဲ့လုပ်ငန်းကို စီမံကွပ်ကဲတဲ့အခါ အရေးပေါ်ရန်ပုံငွေအဖြစ်နဲ့ အရန်ငွေတစ်ရပ်ကိုထူထောင်ပြီး ထည့်ဝင်ထားသင့်ပါတယ်။ အဲဒါက ကိုယ့်လုပ်ငန်းမှာ အခက်အခဲဖြစ်ပေါ်လာတဲ့အခါ ယာယီဖြေရှင်းနိုင်မှာဖြစ်ပါတယ်။

ကိုယ့်လုပ်ငန်းတိုးတက်ဖို့ မဟာဗျူဟာကို အာရုံစိုက်နိုင်အောင်နဲ့ ကုမ္ပဏီတိုးတက်အောင်ကူညီဖို့အတွက် အသေးစားလုပ်ငန်းအတွက် လုပ်ငန်းအစီအစဉ်တစ်ခု နေသားတကျရှိသင့်ပါတယ်။ ပြီးတော့ ပေါ်ပေါက်လာတဲ့ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် မဟာဗျူဟာအသစ်တွေကို မြင်အောင် သေသေချာချာကြည့်ဖို့ ကိုယ့်ရဲ့အသင်းအဖွဲ့နဲ့ ပုံမှန်တွေ့ဆုံသင့်ပါတယ်။

၃။ ကိုယ့်လုပ်ငန်းမအောင်မမြင်ဖြစ်နေတယ်ဆိုတာကို ငြင်းပယ်တာဟာ အရာအားလုံးကို ပိုပြီးတော့သာ ဆိုးဝါးစေပါလိမ့်မယ်။

ကိုယ့်ရဲ့လုပ်ငန်းမှာ ရှိနေတဲ့ပြဿနာတွေကိုပိုပြီး မြန်မြန်မိအောင်ဖမ်းနိုင်လေ ကိုယ့်ရဲ့ကုမ္ပဏီကို လမ်းကြောင်းမှန်ပေါ်ရောက်အောင်လုပ်ဖို့ ပိုပြီးလွယ်လေဖြစ်ပါတယ်။ ဒါကြောင့် ဖြစ်နေတဲ့ပြဿနာတွေကို ကိုယ်က အသိအမှတ် ပြုလက်ခံပြီး အပြောင်းအလဲတွေလုပ်ဖို့ တိုင်းတာဆုံးဖြတ် နိုင်ပြီဆိုတာနဲ့ အလုပ်မဖြစ်တဲ့အရာတွေကို ရပ်ဆိုင်းပစ်နိုင်ပါတယ်။

၄။ အလုပ်မဖြစ်တဲ့အရာတွေကို ရှင်းလင်းဖယ်ရှားပစ်လိုက်ပါ။

ကိုယ့်ဆီမှာ အလုပ်မဖြစ်တဲ့ စိတ်ကူးတချို့ရှိကောင်းရှိနိုင်ပါတယ်။ ကိုယ်က လုပ်ငန်းတိုးချဲ့မှုလုပ်တာမြန်လွန်းပြီး ရှေ့ကိုမတိုးဘဲလည်း ဖြစ်ကောင်းဖြစ်သွားမယ်၊ ဒါမှမဟုတ် ပုံအောလိုက်တာ နည်းနည်းများသွားတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ကိုယ့်ရဲ့လုပ်ငန်းကို လမ်းကြာင်းမှန်ပေါ် ပြန်ရောက်အောင် အထောက်အကူဖြစ်ဖို့အတွက် ကိုယ့်ရဲ့လုပ်ငန်း ဆောင်တာတွေထဲမှာ အလုပ်မဖြစ်တဲ့အရာတွေကို ဖော်ထုတ်သိရှိပြီး ဖယ်ရှားပစ်ဖို့ လိုအပ်ပါတယ်။ ပြီးတော့ အသုံးစရိတ်တွေကို ပြန်လျော့ဖို့ လိုအပ်ပါတယ်။ နောက်ကိုပြန်ဆုတ်တာဟာ ကိုယ့်ရဲ့မာနကို ထိခိုက်ကောင်း ထိခိုက်နိုင်ပေမယ့် အဲဒါဟာ ကိုယ့်ရဲ့လုပ်ငန်းကို ရှေ့ကိုတက်သွားအောင်တွန်းပေးဖို့ တစ်ခုတည်းသောနည်းလမ်း ဖြစ်ပါတယ်။

၅။ လုပ်ငန်းပြန်ပြီး ဦးမော့အောင်လုပ်ဖို့ဆိုတာဟာ ဖြစ်နိုင်တဲ့အရာတစ်ခုဖြစ်ပါတယ်။

မအောင်မမြင်ဖြစ်နေတဲ့ အသေးစားလုပ်ငန်းဆီက သင်ယူခဲ့တဲ့ အကြီးဆုံးအရာကတော့ အဲဒီမအောင်မြင်မှုဟာ အဆုံးသတ်မဟုတ်သေးဘူးဆိုတာပဲဖြစ်ပါတယ်။ ရှုံးနိမ့်သူရဲ့စိတ်နေသဘော ထားတစ်ခုကို ကိုယ်ကမခံယူခင် လုပ်ငန်းအများစုမှာ အခက်အခဲဆိုတာ ပုံစံတစ်မျိုးမဟုတ် တစ်မျိုးနဲ့ ရှိနေတာပဲဆိုတာကို သတိရလိုက်ပါ။ သူတို့အားလုံးက သူတို့လုပ်ရခက်ခဲပြီဆိုတာနဲ့ လုပ်ငန်းတွေကို ရပ်ပစ်လိုက်ကြမယ်သာဆိုရင် တချို့သောဧရာမ Brand ကြီးတချို့ကို အခုလို မြင်တွေ့နိုင်မှာမဟုတ်ပါဘူး။

Credit: CEO Myanmar

Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again