လုပ်ငန်းတစ်ခုကို ထူထောင်တဲ့အခါမှာ

လုပ်ငန်းတစ်ခုကို ထူထောင်တဲ့အခါမှာ
ဘယ်လုပ်ငန်းကိုပဲလုပ်လုပ်သင့်ရဲ့လုပ်ငန်းကို ကူညီပေးနိုင်ဖို့ အရည်အချင်းရှိတဲ့ဝန်ထမ်းတွေရှိဖို့လိုပါတယ်။ ဒါပေမဲ့ ကိုယ့်လုပ်ငန်းအတွက်အမှန်တကယ်လိုအပ်တဲ့ ဝန်ထမ်းကိုခန့်ထားနိုင်ဖို့ဆိုတာထင်ထားတာ ထက်ပိုပြီးခက်ခဲပါတယ်။ ကိုယ့်ရဲ့လုပ်ငန်းမှာလိုအပ်တဲ့ဝန်ထမ်းကို ခန့်ထားနိုင်ဖို့အတွက် သူ့ရဲ့လုပ်ငန်းအတွေ့အကြုံတွေ၊ ကိုယ်ရေးအကျဉ်းအချက်အလက်တွေအပြင် သူ့ရဲ့အကြောင်းကိုလည်း အနည်းအကျဉ်းတော့သိဖို့လိုပါတယ်။ နောက်ပြီး ကိုယ်ခန့်လိုက်တဲ့ဝန်ထမ်းမှာလုပ်ငန်းအတွက်သင့်တော်တဲ့ အရည်အချင်းနဲ့လုပ်ငန်းအတွေ့အကြုံရှိဖို့လည်းလိုအပ်ပါတယ်။ ဒါအပြင် ကိုယ့်လုပ်ငန်းနဲ့ကိုက်ညီတဲ့ယဉ်ကျေးမှုမျိုးလည်းရှိရမယ့်အပြင် လုပ်ငန်းမှာဖြစ်ပေါ်လာနိုင်တဲ့ စိန်ခေါ်မှုတွေကိုလည်း ရင်ဆိုင်နိုင်တဲ့လူဖြစ်ဖို့လိုပါတယ်။

Startup တော်တော်များများဟာ ကုမ္ပဏီကြီးတွေမှာ ရာထူးကြီးကြီးနဲ့အလုပ်လုပ်ခဲ့တဲ့လူတွေက အဲဒီလုပ်ငန်းနဲ့အလားတူတဲ့ သူတို့ရဲ့အခုမှစတင်လိုက်တဲ့ လုပ်ငန်းတွေကိုအလွယ်လေးလုပ်နိုင်လိမ့်မယ်လို့ယုံကြည်တတ်ကြပါတယ်။ တကယ်တော့ ဒါဟာလုံးဝကိုမှားယွင်းတဲ့အယူအဆပါ။ သူတို့ရဲ့အရင်ကုမ္ပဏီကြီးမှာလုပ်ခဲ့တုန်းကရခဲ့တဲ့လုပ်ငန်းကျွမ်းကျင်မှု အပေါ်မှာရာထူးတွေက ပြန်ပြီးရောင်ပြန်မဟပ်ပါဘူး။ ဆိုလိုတာကအရင်က ရာထူးကြီးကြီးနဲ့ကုမ္ပဏီအကြီးကြီးမှာလုပ်ခဲ့တုန်းက သူ့မှာရှိခဲ့တဲ့ကျွမ်းကျင်မှုတွေဟာဒီဘက်က အခုမှစလုပ်မှာဖြစ်တဲ့လုပ်ငန်းသေးသေးလေးမှာ အသုံးဝင်မှာမဟုတ်ပါဘူး။ အခုမှစပြီးတည်ထောင်တဲ့လုပ်ငန်းမှာက ကုမ္ပဏီကြီးတွေနဲ့မတူဘဲ တီထွင်ဆန်းသစ်မှုဆိုင်ရာစိန်ခေါ်မှုတွေအများကြီးကို ရင်ဆိုင်ရမှာဖြစ်တယ်။

ကျွန်တော်တို့တွေအားလုံးနည်းပညာရှင်တိုင်းဟာ စီးပွားရေးသမားမဖြစ်နိုင်ဘူးဆိုတာကို သိကြပါတယ်။ အလားတူပဲ အောင်မြင်နေပြီးသားလုပ်ငန်းတွေက CEO တွေဟာလည်း Startup လုပ်ငန်းတွေမှာ အောင်မြင်တဲ့ CEO တစ်ဦးပြန်ဖြစ်နိုင်ဖို့ဆိုတာ ရှားပါတယ်။ ဒါကြောင့် Startupတွေအနေနဲ့ ကိုယ့်ရဲ့လုပ်ငန်းမှာ ဝန်ထမ်းတွေကိုခန့်အပ်တော့မယ်ဆိုရင် သူတို့အရင်က ဘာရာထူးနဲ့ ဘယ်ကုမ္ပဏီမှာလုပ်ခဲ့တယ်ဆိုတာကို မစဉ်းစားဘဲ သူတို့ရဲ့ Performance Skill တွေ၊ လုပ်ငန်းဆောင်ရွက်မှုရလဒ်တွေ၊ Motivation Skill တွေနဲ့ ကတိအပေါ်မှာဘယ်လောက်ထိ တာဝန်ယူမှုရှိလည်း ဆိုတာတွေပေါ်မှာအခြေခံပြီး စဉ်းစားပါလို့ အကြံပြုလိုပါတယ်။ စွန့်ဦးတီထွင်လုပ် ငန်းရှင်တွေအနေနဲ့ မိမိလုပ်ငန်းမှာ ဝန်ထမ်းတွေခန့်တော့မယ်ဆိုရင်သိကိုသိထားသင့်တဲ့ Dr. Laurence J Peter ရဲ့ အကြံပြုချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ လုပ်ငန်းနဲ့ ပေါင်းသင်းဆက်ဆံရေးနှစ်ခုလုံးကို ကောင်းကောင်းဆောင်ရွက်နိုင်သူကို ရွေးချယ်ပါ။

Startup တွေဟာ လုပ်ငန်းကိုအခုမှ စတင်လုပ်ဆောင်သူတွေဖြစ်တာကြောင့် လိုအပ်တဲ့ဌာနအသီးသီးအတွက် ဝန်ထမ်းတွေအများကြီးကို ခန့် ထားနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဝန်ထမ်းတစ်ယောက်တည်းနဲ့စွယ်စုံလုပ်နိုင်တဲ့သူမျိုးကို ခန့်အပ်ထားသင့်ပါတယ်။ ကိုယ့်ရဲ့ဝန်ထမ်းတွေကလုပ်ငန်းပိုင်းမှာလည်း ကျွမ်းကျင်ပြီးပေါင်းသင်း ဆက်ဆံရေးပါကောင်းမယ်ဆိုရင် လုပ်ငန်းပိုမိုအောင်မြင်ဖို့ ပိုပြီးလွယ်ကူစေမှာဖြစ်ပါတယ်။

၂။ ရှိပြီးသားအရည်အချင်းတွေကို သိမြင်ပြီးလိုအပ်တာတွေကို ဖြည့်စွက်ပါ။

ခေတ်နဲ့အညီပြောင်းလဲလာတဲ့အပေါ်မှာ ကိုယ်ကလိုက်ပြီးပြောင်းလဲဖို့ မကြိုးစားဘူးဆိုရင် နောက်ပိုင်းမှ ပြောင်းလဲဖို့ဆိုတာ ပိုခက်ခဲပါတယ်။ စိန် ခေါ်မှုအသစ်တွေကို ရင်မဆိုင်လိုက်ဘူးဆိုရင် နောက်ပိုင်းမှာ Flexibleဖြစ်ဖို့ဆိုတာ ခက်သွားနိုင်တဲ့အတွက် အောင်မြင်ဖို့အတွက် အဓိကလိုအပ်တဲ့အရည်အချင်းတွေကို ဖြည့်ဆည်းထားပါ။

၃။ ရလဒ်ပေါ်မှာပဲ အာရုံစိုက်ထားပါ။ ကြိုးစားမှုပေါ်မှာတင် မသာယာနေပါနဲ့။

အလုပ်လာလျောက်တဲ့လူက သူတို့ဘယ်အချိန်ထိ အလုပ်လုပ်တယ်၊ ဘယ်နှနာရီထိ အလုပ်လုပ်တယ်၊ ဘယ်လောက်အလုပ်ရှုပ်တယ်ဆိုတာတွေကို အင်တာဗျူးမှာပြောလာတယ်ဆိုရင် ချက်ချင်းပဲသူတို့ရဲ့အရင်လုပ်ငန်းမှာ ဘာတွေလုပ်ခဲ့ရတယ်ဆိုတဲ့ အပိုင်းတွေကို ပြောင်းလဲမေးခွန်းထုတ်ပြီး နောက်ထပ်အင်တာဗျူးလာသူတစ်ယောက်အတွက် အလှည့်ပေးလိုက်ပါ။ သင့်ဆီမှာ လာလျောက်တဲ့လူတွေရဲ့ အရည်အချင်းတွေကို အကဲဖြတ်ပေးနိုင်တဲ့ စံသတ်မှတ်ချက်တစ်ခုလည်း ရှိဖို့လိုပါတယ်။

၄။ သင့်လုပ်ငန်းအောင်မြင်မှုနှေးကွေးစေတာကိုတားဆီးနိုင်ဖို့ ဆုပေးဒဏ်ပေးစနစ်ကို ကျင့်သုံးပါ။

သင့်ရဲ့ဝန်ထမ်းတွေဟာ လုပ်ငန်းတိုင်းကို ကုမ္ပဏီရဲ့အောင်မြင်မှုကိုရရှိစေမယ့် အခွင့်အရေးတစ်ခုအဆင့်တစ်ဆင့်လို့ ခံယူထားသလားဆိုတာကို သိဖို့လိုပါတယ်။ သင်ဟာ အောင်မြင်မှုကိုလိုလားတဲ့ လူတစ်ယောက်ဆိုရင်သင့်ရဲ့ စကားလုံးတိုင်းနဲ့ လုပ်ဆောင်ချက်တိုင်းကို ပြတ်သားရှင်းလင်းပါစေ။ အောင်မြင်မှုမရှိတဲ့လုပ်ငန်းဟာ လုပ်ငန်းရှင်အတွက်ကိုရော ဝန်ထမ်းတွေအတွက်ကိုပါ ဆုံးရှုံးမှုတွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်။ တစ်နည်းအားဖြင့် လုပ်ငန်းကအောင်မြင်မှုမရှိဘူးဆိုရင် သင့်ရဲ့ဝန်ထမ်းကောင်းတွေကို လက်လွတ်ဆုံးရှုံးရစေနိုင်ပါတယ်။

၅။ စီမံခန့်ခွဲမှုပိုင်းရော လုပ်ငန်းပိုင်းမှာပါ စွမ်းဆောင်နိုင် စွမ်းရှိသူကို ခန့်ထားပါ။

တချို့လူတွေဟာ အလုပ်လုပ်ရတာကို နှစ်သက်တဲ့ လူတွေဖြစ်ကြပေမဲ့လို့ တချို့ကျတော့ စီမံခန့်ခွဲရတဲ့ အပိုင်းကိုအားသန်ကြတာရှိပါတယ်။ ဒါပေမဲ့ တကယ်တမ်း ဒီကဏ္ဍနှစ်ခုလုံးကို အကောင်းဆုံး စွမ်ေးဆာင်နိုင်မှသာ အတော်ဆုံးလူဖြစ်မှာပါ။ များသောအားဖြင့် လုပ်ငန်းကြီးတွေ စီမံခန့် ခွဲရေးပိုင်းတာဝန်ရှိသူတွေဟာ သူတို့ရဲ့ဝန်ထမ်းတွေ လုပ်ဆောင်ပေးလာတဲ့ လုပ်ငန်းတွေကိုပဲ ဆုံးဖြတ်ချက်ချပေးနေရတာကြောင့် သူတို့ ဘယ်လိုအလုပ်လုပ်ရမယ်ဆိုတာကို မေ့လျော့သွားတတ်လေ့ရှိကြပါတယ်။ ဒီလို လူကြီးမျိုးကို အခုမှစတင်မယ့် လုပ်ငန်းတွေမှာ မလိုအပ်ပါဘူး။

၆။ ကိုယ်တိုင်ကလည်း လေ့လာလိုစိတ်ရှိပြီး သူများကိုလည်း ပြန်လည်သင်ကြားပေးလိုစိတ်ရှိသူတွေကို ရွေးချယ်ခန့်ထားပါ။

စွန့်ဦးတီထွင်လုပ်ငန်းရှင်တော်တော်များများဟာ သူတို့ရဲ့ ဝန်ထမ်းတွေလိုအပ်တဲ့သင်တန်းတွေပံ့ပိုး ပေးဖို့အချိန်မရှိကြပေမဲ့ ဝန်ထမ်းသစ်တိုင်းကိုတော့ ပြန်လည်သင်ကြားပေးလိုစိတ်ရှိတဲ့ သူတို့ရဲ့Senior ဝန်ထမ်းတွေနဲ့ တာဝန်ချထားပေးနိုင်ပါတယ်။ ပြီးတော့ ဝန်ထမ်းသစ်တွေကို အွန်လိုင်း Seminar တွေ၊ သူတို့ရဲ့လေ့လာမှုကိုအထောက်အကူဖြစ်စေမယ့် တာဝန်တွေပေးအပ်ရင်းနဲ့လည်း ပံ့ပိုးပေးနိုင်ပါတယ်။

စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေအတွက် Peter ရဲ့အကြံပြုချက်တွေထဲက ချက်ချင်းလိုက်နာဖို့ အခက်ခဲဆုံးကတော့ သူတို့ရဲ့လုပ်ငန်းမှာ ရာထူးနဲ့မသင့်တော်တဲ့သူကို မှားယွင်းပြီး ခန့်ထားလိုက်တာကို သိသိချင်းမှာ Action ယူပြီး မဆောင်ရွက်နိုင်တာဘဲဖြစ်ပါတယ်။ ဒါဟာ Startup တွေ အတွက်တော့ တခြားအရေးကြီးတဲ့ ကဏ္ဍရပ်တွေလိုပဲ တအားကိုအရေးပါပါတယ်။ သင်ဒါကိုဖြေရှင်းဖို့ အချိန်ဆွဲလေလေ၊ သင့်ရဲ့ဆုံးရှုံးမှုရလာဒ်ကလည်း ပိုကြီးလေလေဖြစ်စေမှာပါ။

သင်ဟာ ခေါင်းဆောင်တစ်ယောက်အနေနဲ သူ့လုပ်ငန်းရဲ့ အဓိကနေရာမှာအရည်အချင်းမပြည့်ဝတဲ့ဝန်ထမ်းကို မှားယွင်းခန့်ထားတာနဲ့ ပတ်သက်ပြီး ချက်ချင်းမဖြေရှင်းဘူးဆိုရင် သူတို့တွေက သင့်ရဲ့လုပ်ငန်းကို တုံ့ဆိုင်းရပ်တန့်သွားအောင် လုပ်ပါလိမ့်မယ်။ လုပ်ငန်းကအရည်အချင်းရှိတဲ့ ဝန်ထမ်းတွေဟာ အလုပ်ကထွက်သွားပါလိမ့်မယ်။

သင့်လုပ်ငန်းမှာအရည်အချင်းမရှိတဲ့သူတစ်ယောက်တည်းပဲ ကျန်ရှိနေတော့မှာဖြစ်ပါတယ်။ ဒီလိုမျိုးလုပ်တာဟာ Peter ရဲ့ အကြံပြုချက်ကမှန်ကန်တယ်လို့သက်သေပြလိုက်သလိုပါပဲ။

Credit: CEO Myanmar
Link >> https://www.facebook.com/CEOMyanmar/posts/3131472976907759

Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again