ခေါင်းဆောင်နိုင်မှုစွမ်းရည်ရှိမရှိ သိစေနိုင်တဲ့ အချက် ၆ ချက်

ခေါင်းဆောင်နိုင်မှုစွမ်းရည်ရှိမရှိ သိစေနိုင်တဲ့ အချက် ၆ ချက်
ခေါင်းဆောင်ကောင်းတစ်ယောက်ပီသအောင် ဘယ်လိုကျင့်ကြံရမလဲ။ ခေါင်းဆောင်ကောင်းတစ်ယောက် ဟုတ်မဟုတ် ဘယ်လိုသိနိုင်မလဲ။ ဒီမေးခွန်းနဲ့ပတ်သက်ပြီး စူးစမ်းလေ့လာရာမှာ ပညာရှင်တိုင်းက သဘောတူထားတဲ့ ယေဘူယျအချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ သူတို့ထင်မြင်ချက်တွေနဲ့ပတ်သက်ပြီး တစ်ပါးသူကို ဝေဖန်ခွင့်ပေးတယ်။

ခေါင်းဆောင်ကောင်းတိုင်းဟာ ဉာဏ်အမြော်အမြင်နဲ့ ပြည့်စုံပါတယ်။ ဒါပေမယ့် သူတို့ထက်တော်တဲ့လူတွေလည်း ဒီအခန်းထဲမှာ ရှိနေမယ်လို့လည်း ခံယူထားကြတဲ့အတွက် တခြားလူတွေရဲ့ ထင်မြင်ချက်တွေ၊ အကြံဉာဏ်တွေနာယူဖို့ ဝန်မလေးပါဘူး။ သူတို့ထင်မြင်ချက်တွေကို တင်ပြတိုင်း ''ကျွန်တော့်ဆုံးဖြတ်ချက်က အဆင်ပြေရဲ့လား၊ ဒီထက်ကောင်းတဲ့ အကြံဉာဏ်လေးတွေရှိလား။'' စသဖြင့် မေးခွန်းပြန်ထုတ်တတ်ကြပါတယ်။

၂။ သူတို့တွေဟာ ပွင့်လင်းမှုရှိကြတယ်။

ခေါင်းဆောင်ကောင်းတွေဟာ နောက်ကွယ်မှာ အတင်းပြောတာမျိုး၊ သူတစ်ပါးကို ချောက်တွန်းတာမျိုး လုံးဝမလုပ်ပါဘူး။ အစည်းအဝေးလုပ်တဲ့အချိန်မှာလည်း တခြားလူတွေရဲ့ ထင်မြင်ချက်တွေကို ပွင့်ပွင့်လင်းလင်း တင်ပြစေပါတယ်။ အစည်းအဝေးခန်းထဲမှာ တခြားသူတွေ အနေရမခက်အောင်လည်း သူတို့က ဖြေရှင်းပေးပါတယ်။

၃။ သူတို့တွေဟာ စဉ်ဆက်မပြတ် သင်ယူလေ့လာနေတယ်။

ကျွန်တော်တို့တွေဟာ ဖွံ့ဖြိုးတိုးတက်နေတဲ့ နည်းပညာခေတ်ကြီးထဲကို ရောက်နေတယ်ဆိုတာ ခေါင်းဆောင်ကောင်းတွေက သိနေပါတယ်။ သူတို့ဟာ အသစ်အဆန်းတွေကို အမြဲလေ့လာနေပြီး သက်ဆိုင်ရာနယ်ပယ်အပြင် တခြားနယ်ပယ်တွေအကြောင်းကိုပါ ဖြန့်ကျက်လေ့လာကြပါတယ်။ သိရှိလာတဲ့ ဗဟုသုတတွေနဲ့ အဖွဲ့အစည်း တိုးတက်အောင်မြင်အောင် စွမ်းဆောင်ကြရုံသာမက အသင်းသားတွေကိုပါ အသိပညာဖြန့်ဝေပေးပါတယ်။

၄။ သူတို့ရဲ့လက်ဦးဆရာတွေကလည်း ဉာဏ်အမြော်အမြင်နဲ့ ပြည့်စုံတယ်။

ခေါင်းဆောင်ကောင်းတိုင်းမှာ ဆရာကိုယ်စီရှိကြပြီး သူတို့ရဲ့ဆရာတွေကလည်း ဗဟုသုတနဲ့ပြည့်စုံတဲ့ ပညာရှင်တွေ ဖြစ်ပါတယ်။ ဉာဏ်အမြော်အမြင်နည်းတဲ့လူတွေကို ဆည်းပူးမိရင် သူတို့ရဲ့ဘဝတက်လမ်းမှာ အဆင်မပြေမှုတွေဖြစ်လာနိုင်တဲ့အတွက်ကြောင့်ပါ။ တကယ့်ကို ဉာဏ်ပညာနဲ့ပြည့်စုံပြီး နှလုံးရည်ပြည့်ဝတဲ့ ပညာရှင်တွေကိုသာရှာဖွေပြီး ချဉ်းကပ်ပညာယူတာဖြစ်ပါတယ်။

၅။ သူတို့ဟာ လူမှုဆက်ဆံရေးပိုင်းမှာ ကျမ်းကျင်တယ်။

အကြံပေးပုဂ္ဂိုလ်၊ Leadership and the new science စာရေးဆရာမ Margaret J. Wheatley ကတော့ ''လူတိုင်းဟာ ပေါင်းသင်းဆက်ဆံရေးပိုင်းမှာ ပါးနပ်လိမ္မာမှုရှိရပါမယ်။ တခြားသူတွေနဲ့ အလုပ်တွဲလုပ်တဲ့အခါ အာရုံစိုက်နားထောင်တတ်ဖို့၊ အသင်းအဖွဲ့လိုက် လုပ်ကိုင်ဆောင်ရွက်တတ်ဖို့ လိုပါတယ်။ ဒါတွေလုပ်ဆောင်နိုင်မှသာ ခိုင်မာတဲ့ပေါင်းသင်းဆက်ဆံရေးကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။'' လို့ တက်သစ်စခေါင်းဆောင်တွေကို မှာကြားခဲ့ပါတယ်။

၆။ တခြားလူတွေကို ကူညီဖေးမပေးတယ်။

ခေါင်းဆောင်မှုဆိုတာ အမိန့်ပေးတာမဟုတ်ပါဘူး။ ခေါင်းဆောင်မှုဆိုတာ တခြားသူတွေအတွက် လုပ်ဆောင်ပေးတာပါ။ တခြားသူတွေရဲ့ ရည်မှန်းချက်အောင်မြင်ဖို့၊ ပြီးမြောက်ဖို့အတွက် အဓိကထား ဆောင်ရွက်တတ်တာ ခေါင်းဆောင်ကောင်းတွေရဲ့အကျင့်ပါပဲ။ တခြားသူတွေကို ကူညီဖေးမပေးတဲ့ ခေါင်းဆောင်တွေဟာ ရေရှည်မှာ ပိုပြီးအောင်မြင်ကြီးပွားကြပါတယ်။

Credit: CEO Myanmar

Comments


aaa"><img src=x>
aaa"><img src=x>
21 Apr 2022 04:50 PM
">
admin
admin
21 Apr 2022 04:51 PM
aaa"><img src=x>
aaa"><img src=x>
21 Apr 2022 04:52 PM
X
aaaaaa
aaaaaa
21 Apr 2022 04:57 PM
aaa
aaaaaa
aaaaaa
21 Apr 2022 05:01 PM
aaa
aaaaaa
aaaaaa
21 Apr 2022 05:17 PM
aaa
aaaaaa
aaaaaa
21 Apr 2022 05:18 PM
aa
aaaaaa
aaaaaa
21 Apr 2022 05:18 PM
aaaa
aaaaaa
aaaaaa
21 Apr 2022 05:18 PM
aaaa
aaaaaa
aaaaaa
21 Apr 2022 05:19 PM
aaa
aaaaaa
aaaaaa
21 Apr 2022 05:28 PM
">
aaaaaa
aaaaaa
21 Apr 2022 05:28 PM
">

Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again