၃၅ နှစ်အထိ ဆင်းရဲနေသေးတယ်ဆိုရင်တော့ မင်းရဲ့အမှားပါ

၃၅ နှစ်အထိ ဆင်းရဲနေသေးတယ်ဆိုရင်တော့ မင်းရဲ့အမှားပါ
အင်တာနက် မကောင်းသေးခင် အချိန်ကတည်းက အွန်လိုင်း စျေးဝယ်နေရာ ကုမ္ပဏီ တည်ထောင်ပြီး ဘီလျံနာသူဌေး ဖြစ်လာခဲ့သူကတော့ အလီဘာဘာ တည်ထောင်သူ တရုတ်နိုင်ငံသား၊ စီးပွားရေး လုပ်ငန်းရှင်ကြီး Ma Yun ခေါ် Jack Ma ပဲ ဖြစ်ပါတယ်။ လျှောက်ခဲ့တဲ့ အလုပ်တွေကလည်း တစ်ခုမှ မခန့်အပ်ခံခဲ့ရသလို နောင်တစ်ချိန်မှာ သူ့ကို ကမ္ဘာသိ ဘီလျံနာတစ်ဦး ဖြစ်လာစေမယ့် အလီဘာဘာ စတည်တည်ထောင်ချိန်ကလည်း ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး အလီဘာဘာကို မတည်ထောင်ရသေးခင်၊ စတင်မယ့်လုပ်ငန်းနဲ့ ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းဖို့ သူငယ်ချင်း ၂၄ ဦးကို ကျွန်တော့်အိမ် ဖိတ်ခဲ့ပါတယ်၊ နှစ်နာရီလောက် ဆွေးနွေးပြီးတဲ့အထိ သူတို့တွေ ဆုံးဖြတ်ရခက်၊ ဇဝေဇဝါ ဖြစ်နေကြဆဲပဲ၊ နောက်ဆုံး အဆုံးအဖြတ်ခံယူတော့ အင်တာနက် မကောင်းကြောင်းနဲ့ ကနဦး ရင်းနှီးမြှုပ်နှံမယ့် ငွေအရင်းအနှီး မရှိဘူး ဆိုတဲ့ အကြောင်းပြချက်နဲ့ပဲ ၂၃ ယောက်က အခန်းထဲက ထွက်သွားခဲ့ကြတယ် လို့ ဆိုပါတယ်။

တစ်ယောက်တည်းပဲ၊ ဘဏ်မှာ လုပ်နေတဲ့ သူငယ်ချင်း တစ်ယောက်တည်းကပဲ မင်းမှာ လုပ်ချင်တဲ့ ဆန္ဒ ရှိရင် စမ်းလုပ်ကြည့်ပေါ့၊ တကယ်လို့ မင်း ထင်ထားသလို အလုပ် ဖြစ်မလာခဲ့ဘူး ဆိုရင်တောင် ဘာမှ မလုပ်ရသေးတဲ့ ဒုံရင်းအခြေအနေမျိုးဆီ ပြန်သွားလို့ရတာပဲ ဆိုပြီး ကျွန်တော့်ကို ပြန်ပြောတယ်၊ ဒီလိုနဲ့ အလုပ်စမယ့်ကိစ္စကို တစ်ညလောက် ကျွန်တော် တစိမ့်စိမ့်တွေးနေပြီး မနက်လည်း လင်းရော ဘယ်လိုပဲဖြစ်ဖြစ်၊ ကျွန်တော့်အကြံကို ၂၄ ယောက်စလုံးက ဆန့်ကျင်ခဲ့ရင်တောင် ကျွန်တော်ကတော့ ဆက်လုပ်မှာပဲလို့ ကိုယ့်ကိုယ်ကိုယ် စိတ်ဆုံးဖြတ်ခဲ့တယ် လို့ Jack Ma က ဆက်ပြောပါတယ်။ ဒါ့ပြင် ဒီလိုနဲ့ အလုပ်စထောင်ပြန်တော့လည်း ချက်ချင်းဆိုသလို ကျွန်တော့်မိသားစုနဲ့ သူငယ်ချင်းတွေက အပြင်းအထန် ကန့်ကွက်ခဲ့ကြတယ်၊ ကိုယ်လုပ်တဲ့အလုပ်တစ်ခုက ရှုံးတာ၊ မြတ်တာကို အသာထားလို့ အတွေ့အကြုံရတယ် ဆိုရင်တောင် အောင်မြင်တာပဲ၊ ခင်ဗျား ကြိုးစားဖို့ အခွင့်အရေးရှိတယ်၊ အေး နောက်ဆုံး အလုပ်မဖြစ်ခဲ့ဘူး ဆိုရင်တောင် ခင်ဗျား ဘာမှ မလုပ်ခဲ့ရသေးတဲ့ အခြေအနေဆီ အမြဲတမ်း ပြန်ဆုတ်လို့ ရနိုင်နေတာပဲ လို့ ဆိုပါတယ်။
Jack Ma နောက်ဆုံးပြောတာကတော့ အသက် ၃၅ နှစ်အထိ ဆင်းရဲနေသေးတယ် ဆိုရင်တော့ မင်းရဲ့ အမှားပါ တဲ့။ ပြီးတော့ လူတစ်ယောက် မအောင်မြင်ရတာနဲ့ ပတ်သက်လို့လည်း အချက်တစ်ချက်ချင်း ထောက်ပြထားပြီး အဲဒါတွေကတော့

ခင်ဗျား ဆင်းရဲရတာက အောင်မြင်သူတစ်ယောက် ဖြစ်ဖို့ စိတ်ဆန္ဒ ခင်ဗျားမှာ မရှိလို့ပါ
ခင်ဗျား ဆင်းရဲရတာက တွေးခေါ်မြော်မြင်မှု အားနည်းလို့ပါ
ခင်းဗျား ဆင်းရဲရတာက သူရဲဘောကြောင်တဲ့ ခင်ဗျားရဲ့ ငကြောက်စိတ်ကို မကျော်နိုင်လို့ပါ
ခင်ဗျား ဆင်းရဲရတာက သတ္တိရှိရှိနဲ့ ခိုင်မာတဲ့စိတ်ဆုံးဖြတ်ချက်မျိုး မရှိလို့ပါ
ပြင်းပြတဲ့ တိုးတက်ကြီးပွားလိုစိတ်နဲ့သာ သိမ်ငယ်မှု အားလုံးကို ကျော်လွှားနိုင်မှာ ဖြစ်ပြီး ခင်ဗျားရဲ့ စွမ်းပကားကိုပါ အကောင်းဆုံး အသုံးချနိုင်မှာ ဖြစ်တယ်
ပြင်းပြတဲ့ တိုးတက်ကြီးပွားလိုစိတ်နဲ့သာ ခင်ဗျားဟာ မဆုတ်မနစ်ကြိုးစားနိုင်မယ်၊ အသစ်၊ အသစ်တွေကို အဆက်မပြတ်လေ့လာသင်ယူနိုင်မယ်၊ ပြိုင်စံရှားဖြစ်အောင် အားထုတ်နိုင်မယ်
ပြင်းပြတဲ့ တိုးတက်ကြီးပွားလိုစိတ်နဲ့သာ ခင်ဗျားဟာ တစ်ဖက်စီးနင်း အခြေအနေအားလုံးကို ကြံ့ကြံ့ခံ၊ စိန်ခေါ်နိုင်မယ်၊ ဒါမှ တခြားသူတွေ မဝံ့မရဲတဲ့ကိစ္စမျိုးကိုပါ အံ့ဖွယ် အစွမ်းပြနိုင်မယ်
ခင်ဗျား မိသားစု ဘယ်လောက်ဆင်းရဲတယ် ဆိုတာက ကိစ္စမဟုတ်ဘူး၊ ခင်ဗျားရဲ့ စွမ်းရည်ကို သံသယမဖြစ်ဘဲ ရည်မှန်းချက်ကို ပျက်စီးမခံဖို့သာ လိုတယ်
ခင်ဗျား မိသားစုကပါ ခင်ဗျားကို သုံးမရဘူးလို့ ထင်လာတဲ့တစ်နေ့ ဘယ်သူမှ သနားလိမ့်မှာ မဟုတ်ဘူး
ဆေးဖိုးဝါးခ ပေးချေစရာ ခင်ဗျား မိဘတွေမှာ ငွေမရှိတဲ့တစ်နေ့ ဘယ်သူမှ သနားလိမ့်မှာ မဟုတ်ဘူး
ခင်ဗျား ပြိုင်ဘက်တွေက ခင်ဗျားကို အနိုင်ယူသွားတဲ့တစ်နေ့ ဘယ်သူမှ သနားလိမ့်မှာ မဟုတ်ဘူး
ချစ်လှပါတယ် ဆိုတဲ့ ခင်ဗျား ချစ်သူ စွန့်ပစ်သွားတဲ့တစ်နေ့ ဘယ်သူမှ သနားလိမ့်မှာ မဟုတ်ဘူး
၃၅ နှစ် ရောက်လို့ ခင်ဗျား ဘာတစ်ခုကိုမှ ပြောင်ပြောင်မြောက်မြောက် လုပ်မပြနိုင်သေးတဲ့ တစ်နေ့ ဘယ်သူမှ သနားလိမ့်မှာ မဟုတ်ဘူး

ကြီးမားတဲ့ရည်မှန်းချက်ဆီ ဦးတည်ပါ၊ ဒါမှမဟုတ် အိမ်ပြန်ပါ၊ အဲဒါမှမဟုတ်ရင်တော့ ခင်ဗျား အလကား အချိန်ဖြုန်းနေတာပဲ



Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again