Micromanagement မလုပ်မိအောင် မန်နေဂျာများရှောင်ကြဉ်ရမယ့် အမူအကျင့် ၆ မျိုး

Micromanagement မလုပ်မိအောင် မန်နေဂျာများရှောင်ကြဉ်ရမယ့် အမူအကျင့် ၆ မျိုး

Micromanagement မလုပ်မိအောင် မန်နေဂျာများရှောင်ကြဉ်ရမယ့် အမူအကျင့် ၆ မျိုး


စီမံခန့်ခွဲရေးအရာရှိတစ်ယောက်အနေနဲ့ လုပ်ငန်းမှာ ကိုယ်ဘယ်လောက်နေရာယူပြီး လုပ်ကိုင်နေလဲဆိုတာ သိဖို့ ခဲယဉ်းပါတယ်။ အကြီးအကဲတစ်ယောက်အနေနဲ့ ဝန်ထမ်းတွေကို စီမံရသလို လုပ်ငန်းတိုးတက်အောင် အမြဲလုပ်ဆောင်နေရပါတယ်။ လုပ်ငန်းကို စီမံခန့်ခွဲရတာ ကိုယ့်ရဲ့တာဝန်ဆိုပေမယ့် ဝန်ထမ်းတွေကို လုပ်ပိုင်ခွင့်မပေးရင် ကိုယ်ဟာ နေရာတိုင်းကို ဝင်စွက်ဖက်နေတဲ့သဘောပါပဲ။ ဒီတော့ ကိုယ်ဟာ တကယ်ပဲ လုပ်ငန်းတိုးတက်အောင် ဝန်ထမ်းတွေကို စီမံခန့်ခွဲနေတာလား၊ ဒါမှမဟုတ် နေရာတကာဝင်ပါပြီး ဝန်ထမ်းတွေကို လုပ်ပိုင်ခွင့်မပေးတဲ့သူလား လေ့လာကြည့်ရအောင်။

၁။ လက်အောက်ကဝန်ထမ်းတွေ အစည်းအဝေးလုပ်တိုင်း ကိုယ်ပါနေမယ်
ကိုယ့်လက်အောက်မှာလူတွေခန့်ထားတဲ့အတွက် သူတို့အလုပ်ကို ကိုယ်ဝင်လုပ်စရာမလိုပါဘူး။ အစည်းအဝေးတိုင်းကို ကိုယ်လိုက်တက်နေရင် ကိုယ့်လက်အောက်က ဝန်ထမ်းတွေဟာ သူတို့ရဲ့အကြံဉာဏ်တွေကို တင်ပြခွင့်မရှိတော့ပါဘူး။ အဆိုးဆုံးကတော့ ကိုယ့်ဆုံးဖြတ်ချက်အတိုင်း သူတို့လိုက်လုပ်ကြမှာဖြစ်ပါတယ်။

၂။ ဝန်ထမ်းတွေရဲ့ လုပ်ရည်ကိုင်ရည်ကို ကိုယ်အသိအမှတ်မပြုဘူး
ကိုယ်ဟာ ဝန်ထမ်းခန့်အပ်ရာမှာ လူကဲခတ်မတော်တဲ့ အရာရှိတစ်ယောက်ဖြစ်ရင်ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ကိုယ့်အဖွဲ့သားတွေအကုန်လုံးကို အရည်အချင်းမရှိဘူးလို့ မထင်လိုက်ပါနဲ့။ ဒါဟာ ကိုယ့်စရိုက်ကြောင့်ပဲ ဖြစ်ပါတယ်။

တကယ်အရည်အချင်းရှိတဲ့ ဝန်ထမ်းဟာ လုပ်ပိုင်ခွင့်မရှိတဲ့ အလုပ်ကနေ ထွက်တတ်ကြတဲ့အတွက် ကိုယ်လုပ်နေတာကိုပဲ ထိုင်ကြည့်နေမယ့် ဝန်ထမ်းတွေနဲ့ပဲ ကျန်ခဲ့ပါလိမ့်မယ်။

၃။ ၇၀ ရာခိုင်နှုန်း စည်းမျဉ်းကိုမေ့ပြီး ၁၂၀ ရာခိုင်နှုန်းကိုပဲ ကျင့်သုံးတယ်

ကိုယ်လုပ်သလို ကိုယ့်ဝန်ထမ်းက ၇၀ ရာခိုင်နှုန်း လုပ်တတ်ရင် ကိုယ့်အလုပ်မပျက်ဘဲ ၇၀ ရာခိုင်နှုန်း ပြီးသွားတာပဲ ဖြစ်ပါတယ်။ နေရာတကာစွက်ဖက်တဲ့ စီမံခန့်ခွဲရေးအရာရှိကတော့ သူ့ထက် ၁၂၀ ရာခိုင်နှုန်းသာမှ တာဝန်လွှဲအပ်မှာဖြစ်ပါတယ်။

၄။ Email ပို့တိုင်း ကိုယ့် Email ကိုပါ တွဲပို့ခိုင်းတယ်
စီမံခန့်ခွဲမှုပိုင်းကျွမ်းကျင်တဲ့ အရာရှိတွေဟာ Email တွေ ဝင်ဖတ်နေဖို့ အချိန်မရှိသလို တကယ်အရေးကြီးတဲ့ Email တွေကိုပဲ လက်ခံချင်ကြပါတယ်။ မစီမံတတ်တဲ့ အရာရှိတွေကသာ ရှိသမျှ Email တွေ လိုက်ဖတ်ချင်ကြတာပါ။ ရှိသမျှ Email တွေ ကိုယ့်ဆီကို တွဲပို့ခိုင်းတာဟာ ဝန်ထမ်းတွေရဲ့ အရည်အချင်း၊ လုပ်ရည်ကိုင်ရည်ကို အထင်သေးရာ၊ မယုံကြည်ရာရောက်ပါတယ်။

၅။ ဆုံးဖြတ်ချက်တိုင်းကို ကိုယ်ချမှတ်တယ်၊ ပြဿနာတိုင်းကို ကိုယ်ဖြေရှင်းတယ်
စီမံခန့်ခွဲရေးအရာရှိတွေဟာ သူတို့ဆီရောက်လာတဲ့ ပြဿနာတိုင်းကို ကောင်းကောင်းကိုင်တွယ် ဖြေရှင်းနိုင်ကြပါတယ်။ ဒါပေမဲ့ ပြဿနာတိုင်းကို လိုက်ဖြေရှင်းပေးနေရင် ဝန်ထမ်းတွေဟာ ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်းမရှိကြတော့ပါဘူး။ အခက်အခဲ၊ ပြဿနာတစ်ခုခုနဲ့ ကြုံလာတိုင်း ဝန်ထမ်းတွေကို အရင်ဖြေရှင်းခိုင်းလိုက်ပါ။ သူတို့မဖြေရှင်းနိုင်တော့မှ ကိုယ်ကူညီပေးလိုက်ပါ။

၆။ တစ်ပတ်မှာ နာရီပေါင်းရှစ်ဆယ် အလုပ်လုပ်တယ်
တကယ်လို့ ကိုယ်ဟာ အထက်ပါအချက်တွေအတိုင်း လိုက်လုပ်နေတယ်ဆိုရင်တော့ ကိုယ်ပိုပြီးအလုပ်များလာမှာပါပဲ။ စီမံခန့်ခွဲမှုကျွမ်းကျင်တဲ့ အရာရှိတွေဟာ လုပ်ငန်းနှောင့်နှေးစေမယ့်အရာတွေကို ဖယ်ထုတ်ပြီး လုပ်ငန်းအတွက် အရေးပါတဲ့ အဓိကသော့ချက်ကိုပဲ ကြိုးစားလုပ်ဆောင်ကြပါတယ်။

ဖော်ပြထားတဲ့ အချက်တွေအတိုင်း ကိုယ်လုပ်နေမိပြီဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ပြီး ပြင်ဆင်ဖို့အချိန် ရောက်ပါပြီ။

နန်းဆွယ်ဆီဝမ်း
Credit: CEO Myanmar

Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again