MPU Card ကို Ecommerce လျှောက်ထား ပုံအဆင့်ဆင့်

MPU Card ကို Ecommerce လျှောက်ထား ပုံအဆင့်ဆင့်
အွန်လိုင်းမှတဆင့် ငွေပေးချေမှုများပြုလုပ်လိုပါက လူကြီးမင်း၏ MPU Card သည် Ecommerce လျှောက်ထားတဲ့ Card ဖြစ်ရပါမည်။

Ecommerce Account ဖွင့်မယ်မည်ဆိုပါက E-commerce လက်ခံသော MPU အဖွဲ့ဝင်ဘဏ်များတွင်လျှောက်ထားနိုင်သလို Online တွင်လည်းလျှောက်ထားနိုင်ပါသည်။

Online မှတဆင့်လျှောက်မည်ဆိုပါက အောက်ပါ Link သို့သွားရောက်လျှောက်ထားနိုင်ပါသည်။


E-commerce Enrollment လုပ်မည်ဆိုပါက..
1. Card Number နေရာတွင် မိမိအသုံးပြုလိုသောကတ်၏ နံပါတ်ကို ရိုက်ထည့်ပါ။

2. ပြီးလျှင် Check and continue Button ကို နှိပ်ပါ။

3. နှိပ်ပြီးပါက Card Expiry နေရာတွင် Card မှာပါတဲ့ VALID THRU ဘေးကနံပါတ်( Expire Date) ကိုဖြည့်သွင်းပေးပါ။

4. Name နေရာတွင် Card ပိုင်ရှင်၏အမည်ကို ဖြည့်သွင်းပါ။

5. Email နေရာတွင် မိမိ၏အမြဲသုံးနေကျ (e-mail or G-mail)ကိုရိုက်ထည့်ပေးပါ။(E-mail or G-mail အကောင့်ရှိမှသာလျှင် E-commerce အသုံးပြုနိုင်မည်ဖြစ်သည်)

6. Date of Birth နေရာတွင် မိမိ၏ မွေးနေ့ကို ရွေးခြယ်ထည့်ပေးပါ။

7. NRC နေရာတွင် မိမိ၏မှတ်ပုံတင်နံပါတ် ကို ရိုက်ထည့်ပေးရပါမည်။

8. Enter the text shown above နေရာတွင် ၎င်း၏အပေါ်တွင်လေးထောင့်ကွက်ဖြင့်ဖော်ပြထားသော (Captcha)စာလုံးအမဲများကို ရိုက်ထည့်ပေးပါ။ (မသဲကွဲပါက စာလုံးအမဲဘေးတွင်ရှိသော မျှားအကောက်လေးကို နှိပ်ပါ)

9. I declare that above information is correct. ထိပ်မှ လေးထောင့်ကွက် ကို အမှန်ခြစ်ပေးပါ။(မိမိဖြည့်ထားသောစာများ မှန်ကန်ကြောင်းစစ်ဆေးပြီး အမှန်ခြစ် ခြစ်ပေးပါ)

10. ပြီးပါက SUBMIT NOW Button ကိုနှိပ်ပါ။

(MPU E-commerce Register ပြုလုပ်ခြင်းအောင်မြင်စွာ လျှောက်ထားပြီးဖြစ်ပါသည်။)

Comments


hlaingwinhtut
hlaingwinhtut
11 Oct 2021 08:46 AM
thank you
Win Moe Kyaw
Win Moe Kyaw
16 Aug 2023 02:09 PM
mpu
Win Moe Kyaw
Win Moe Kyaw
16 Aug 2023 02:11 PM
wavepay
Htoi Dan Shong
Htoi Dan Shong
23 Sep 2023 07:39 PM
mpu e-cummerce johy

Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again