စမတ်ကျတဲ့ခေါင်းဆောင်တွေကို လူတွေဘာကြောင့် သဘောမကျတာလဲ

စမတ်ကျတဲ့ခေါင်းဆောင်တွေကို လူတွေဘာကြောင့် သဘောမကျတာလဲ
IQ ၁၂၀ နဲ့ အထက်ရှိသူတွေက ဘယ်လောက်ပဲ စွမ်းဆောင်ရည်ကောင်းနေတယ်ဆိုပါစေ... သူတို့ကို သိပ်အလုပ်မဖြစ်ဘူးလို့ထင်လေ့ရှိကြတယ်။
လူတွေတစ်သတ်မှတ်တည်းသတ်မှတ်ထားကြတာက တက္ကသိုလ်ကျောင်းသားတွေကနေ အမှုဆောင်အရာရှိတွေ၊ သမ္မတတွေထိ ခေါင်းဆောင်ကောင်းတွေကိုဖြစ်စေတာက ဉာဏ်ပညာဖြစ်ပါတယ်။

ဘာကြောင့် ဉာဏ်ပညာလိုအပ်သလဲဆိုရင် ဈေးကွက်အပြောင်းအလဲတွေ၊ ဒါမှမဟုတ် ဥပဒေဆိုင်ရာအရှုပ်အထွေးတွေကိုကိုင်တွယ်ဖို့ဆိုတာက တွေးခေါ်နိုင်တဲ့ အရည်အချင်းလိုအပ်တဲ့အတွက်ဖြစ်ပါတယ်။

ခေါင်းဆောင်မှုစွမ်းရည်အပေါ် သုတေသနပြုချက်အသစ်တွေအရတော့ တချို့နေရာတွေမှာ IQ မြင့်မြင့်မားမားရှိခြင်းကကူညီရာမရောက်ဘဲ ထိခိုက်မှုဖြစ်စေတယ်လို့ ဆိုနေပြန်ပါတယ်။

ဘာကြောင့် သဘောမကျကြတာလဲ...
အခုနကပြောခဲ့တဲ့ သုတေသနအရ စမတ်ပိုကျတဲ့ ခေါင်းဆောင်တွေပါတဲ့အုပ်စုက ရည်မှန်းချက်စံနှုန်းတွေနဲ့အညီ ပိုကောင်းအောင်လုပ်ဆောင်နိုင်ကြပေမယ့် နောက်လိုက်တွေက ဉာဏ်ရည်မြင့်တဲ့ ခေါင်းဆောင်တွေကို လုပ်ဆောင် နိုင်စွမ်းနည်းတဲ့သူတွေအဖြစ် ပုဂ္ဂိုလ်ရေးဆန်ဆန် ရှုမြင်ကြပါတယ်။

ဘာကြောင့်လဲဆိုတော့ ဉာဏ်ကောင်းတဲ့ ခေါင်းဆောင်တွေရဲ့စကားလုံးက လူတွေကို စဉ်းစားရစေတယ်။ သူတို့ရဲ့ဖြေရှင်းနည်းတွေက အကောင်အထည်ဖော်ဖို့ ပိုပြီးရှုပ်ထွေးစေပြီး နောက်လိုက်တွေအတွက် ဆက်စပ်ရတာခက်ခဲစေတယ်ဆိုတဲ့အတွက်ဖြစ်ပါတယ်။

ရှာဖွေတွေ့ရှိချက်
ဘဏ်လုပ်ငန်း၊ လက်လီနဲ့နည်းပညာပိုင်းဆိုင်ရာနယ်ပယ်တွေမှာ လုပ်ကိုင်နေတဲ့ နိုင်ငံသုံးဆယ်က အမျိုးသား၊ အမျိုးသမီးလုပ်ငန်းခေါင်းဆောင် ၃၇၉ ယောက်ကို သုတေသနပြုချက်မှာ မန်နေဂျာတွေက IQ စစ်ဆေးမှုကို ဖြေဆိုခဲ့ပါတယ်။ (IQ စစ်ဆေးမှုကစင်းလုံးချောပြည့်စုံတာတော့မဟုတ်ပေမယ့် နယ်ပယ်တော်တော်များများမှာ အားကောင်းတဲ့ လုပ်ရည်ကိုင်ရည်တိုင်းတဲ့အရာ ဖြစ်ပါတယ်။) နောက်ပြီး တစ်ဦးချင်းစီရဲ့ ခေါင်းဆောင် မှုစတိုင်နဲ့ လုပ်ဆောင်နိုင်စွမ်းတွေပေါ်မှာ လုပ်ဖော်ကိုင်ဖက်ရှစ်ဦးကအကဲဖြတ်ခဲ့ပါတယ်။

အဲဒီနေရာမှာ IQ က ခေါင်းဆောင်တွေရဲ့ လုပ်ဆောင်နိုင်စွမ်း၊ နည်းဗျူဟာအချက်အလက်၊ အမြော်အမြင်နဲ့တခြားဝိသေသတွေနဲ့ အခြေအနေတစ်ခုထိ အပြုသဘောဆောင်စွာ ဆက်စပ်နေခဲ့တယ်ဆိုတာကို တွေ့ရပါတယ်။

IQ ၁၂၀ ဝန်းကျင်ရှိတဲ့သူအပေါ် အကဲဖြတ်မှုကအမြင့်ဆုံးဖြစ်ခဲ့ပြီး ရုံးဝန်ထမ်း ၈၀ ရာခိုင်နှုန်းထက် ပို မြင့်ခဲ့ပါတယ်။ အဲဒါထက် IQ မြင့်တဲ့သူတွေအတွက် အကဲဖြတ်မှုရလဒ်တွေကသိပ်မကောင်းခဲ့ပါဘူး။
စံပြဖြစ်တဲ့IQ သုတေသနပြုလုပ်သူတွေအရ 'စံပြဖြစ်တဲ့' IQ က နယ်ပယ်မျိုးစုံမှာ ပိုမြင့်တာ၊ သို့မဟုတ် ပိုနိမ့်တာဖြစ်နိုင်ပါတယ်။ ဒါကလုပ်ငန်းခွင်အနေအထားအရ အသေးစိတ်လုပ်ငန်းပိုင်းကို ပိုတန်ဖိုးထားလား၊ သို့မဟုတ် လူမှုရေးပိုင်းဆိုင်ရာအရည်အချင်းကို ပိုတန်ဖိုးထားလားဆိုတဲ့ အပေါ်မူတည်ပါတယ်။

ဝန်ထမ်းတွေကဘာကြောင့် အလုပ်သိပ်မဖြစ်၊ သိပ်မကြိုက်ဘူးလို့ထင်မြင်ချက်ပေးရလောက်အောင် IQ မြင့်တဲ့ခေါင်းဆောင်တွေက ဘာလုပ်တယ်ဆိုတာကို နားလည်ဖို့အဓိကထားရမှာဖြစ်ပါတယ်။ IQ မြင့်တဲ့ခေါင်းဆောင်တွေကို အလုပ်ထုတ်ပစ်ဖို့မဟုတ်ပါဘူး။

ဉာဏ်ပညာကိုဘယ်နေရာမှာသုံးသင့်သလဲ...
ခေါင်းဆောင်တွေအနေနဲ့ တခြားသူတွေကို သွေးဆောင်နိုင်ပြီး စိတ်အားတက်အောင်လုပ်နိုင်မယ့် ဖန်တီးနိုင်စွမ်းရှိတဲ့ အသုံးအနှုန်းတွေသုံးနိုင်အောင် သူတို့ရဲ့ဉာဏ်ပညာကို အသုံးပြုသင့်ပါတယ်။ စမတ်ကျတဲ့ ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ သူ့ရဲ့ဉာဏ်ပညာကိုသင့်တင့်လျောက်ပတ်စွာပြသ နိုင်ပြီး လူတွေနဲ့ဆက်သွယ်နိုင်ဖို့ တစ်ခုတည်းသောနည်းလမ်းက ဆွဲဆောင်မှုရှိတဲ့နည်းတွေနဲ့ စကားပြောဖို့ပဲ ဖြစ်ပါတယ်။

Credit: CEO Myanmar

Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again