PRO POS တွင် Product များကို ပုံစံ (3) မျိုးဖြင့် ထည့်သွင်း အသုံးပြုနိုင်ပါသည်

PRO POS တွင် Product များကို ပုံစံ (3) မျိုးဖြင့် ထည့်သွင်း အသုံးပြုနိုင်ပါသည်

1. Standard

Standard ဆိုတာကတော့ မိမိဆိုင်၏ ရောင်းချနေသော ပစ္စည်းများကို တစ်ခုခြင်း ထည့်သွင်းသည့် ပုံစံကို ဆိုလိုခြင်း ဖြစ်ပါသည်။
ဥပမာ - မိမိ၏ ဆိုင်သည် စတိုးဆိုင် ဆိုပါစို့။
Overtine ဗူး၊ Ensure ဗူး၊ Brand ငှက်သိုက်၊ နို့ဆီဗူး စသည့် ရောင်းချနေသော ပစ္စည်းများကို ဆိုလိုခြင်း ဖြစ်ပါသည်။ ရောင်းချသည့် အရေအတွက် အလိုက် Inventory မှ အလိုအလျောက် နှုတ်သွားပါမည်။

2. Combo

Combo ဆိုတာကတော့ ပစ္စည်းများကို အုပ်စုဖွဲ့၍ ထည့်သွင်းသည့် ပုံစံကို ဆိုလိုခြင်း ဖြစ်ပါသည်။
ဥပမာ - သီတင်းကျွတ် ပွဲတော် နီးလာသောအခါ လက်ဆောင်ခြင်း များလုပ်ပြီး ရောင်းချသောအခါတွင် အသုံးပြုသည့် ပုံစံမျိုးဖြစ်သည်။
၁ သိန်းတန် ခြင်း တစ်ခုတွင် - Ensure 2 ဗူး၊ Brand ငှက်သိုက် 20 ဗူး ပါဝင်သည် ဆိုပါစို့။
၁ သိန်းတန် ခြင်း တစ်ခု ရောင်းထွက်တိုင်းမှာ Inventory မှာ Ensure 2 ဗူး၊ Brand ငှက်သိုက် 20 ဗူး ကို အလိုအလျောက် နှုတ်ပေးသွားမှာ ဖြစ်ပါတယ်။

3. Service

Service ဆိုတာကတော့ မိမိဆိုင်မှ ဝန်ဆောင်မှု ပေးသည့် အရာများကို ထည့်သွင်းထားသည့် ပုံစံကို ဆိုလိုခြင်း ဖြစ်ပါသည်။
ဥပမာ - ပစ္စည်းထုတ်ပိုးခ (Packing) အတွက် ၁၀၀၀ ကျမည် ဆိုပါစို့။ ထိုအတွက် ဝင်ငွေ ၁၀၀၀ ကျပ် ရရှိပါမည်။

Combo ကတော့ ရှင်းပါတယ် ဒါပေမဲ့ မေးစရာတစ်ခုက Standard နှင့် Service ဘာကွာလဲ ဆိုတာပါ။

ကွားခြားမှု ရှိပါသည်။ Standard ဆိုတာက Inventory နှင့် ချိတ်ဆက်မှု ရှိပါသည်။ အရောင်း၊ အဝယ် လုပ်တိုင်း Inventory သို့ ပေါင်း ၊ နှုတ် လုပ်ပါသည်။
Service ဆိုတာကတော့ Inventory နှင့် သက်ဆိုင်မှု မရှိပါဘူး။ ဝန်ဆောင်မှုအတွက် ကျသင့်သော Amount တစ်ခုသာ ဖြစ်ပါသည်။

ဒီလို Features စုံစုံလင်လင်ပါသော Software မျိုးကို လူကြီးမင်း၏ လုပ်ငန်းအတွက် အသုံးပြုချင်တယ်ဆိုရင်တော့ ယခုပဲ ဆက်သွယ်လိုက်ပါ။

မြန်မှန် တိကျ စိတ်ချရသော PRO POS ⌛️

အသေးစိတ် အချက်အလက်များကို သိရှိလိုပါက >>>
🌐 https://proxpos.com တွင် ဝင်ရောက် ကြည့်ရှူ့နိုင်သည့် အပြင်
ဖုန်းနံပါတ် 📞 +95 9778915075, +95 9954915075 သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။

Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again