Microsoft Co-Founder Paul Allen ၏ ဒေါ်လာဘီလီယံတန်သည့် သင်ခန်းစာ ၇ ခု

Microsoft Co-Founder Paul Allen ၏ ဒေါ်လာဘီလီယံတန်သည့် သင်ခန်းစာ ၇ ခု
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလအတွင်းက Pual Allen သေဆုံးခဲ့သည်။ သူသည် Microsoft ကုမ္ပဏီကို ပူးတွဲတည်ထောင်ခဲ့သူတစ်ဦးအနေနှင့်ရော၊ PC လုပ်ငန်းကဏ္ဍသစ်တည်ထောင်ဖို့ Bill Gates ကို စည်းရုံးခဲ့သူတစ်ဦးအနေနှင့် PC လောက၏ လက်ရှိအခြေအနေကိုတည်ထောင်ရာတွင် လူပေါင်းများစွာထက် ပိုမိုလုပ်ဆောင်ခဲ့သူတစ်ဦးဖြစ်သည်။  ယင်း၏ထင်ရှားသော လုပ်ငန်းအတွေ့အကြုံများအပြင် Bill Gates နှင့် တွဲဖက်လုပ်ကိုင်မှုမှ ကျွနု်တို့အအနေနှင့်သင်ခန်းစာများစွာ ရယူနိုင်ပေသည်။ ထိုအတွေ့အကြုံများအနက်မှ ထင်ရှားသော ၇ ခုကို ဖော်ပြလိုက်ရပါသည်။

(၁) ဖြစ်ပေါ်လာသည့် ပြောင်းလဲမှုပုံစံကို ဝင်ရောက်နိုင်ရန်အတွက် ကျွမ်းကျင်မှုများရယူထားပါ

လက်ရှိ ဒေါ်လာဘီလီယံချီ၍တန်ဖိုးရှိသောလုပ်ငန်းများ၏ ရောင်နီဦးကာလတွင် ဤအချက်သည် အဓိကအချက်များအနက် တစ်ခုအပါအဝင်ဖြစ်သည်။ ထွက်ပေါ်လာသည့် အပြောင်းအလဲနှင့်သက်ဆိုင်သည့် ကျွမ်းကျင်မှုရ ယူထားခြင်းသည် ကျွနု်ပ်တို့ရရှိနိုင်သည့် သင်ခန်းစာများအနက် အရေးကြီးဆုံး ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ Allen နှင့် Gates တို့သည် Seattle မြို့အထက်တန်းကျောင်း သားဘဝကတည်းက Personal Computer များကို လက်တည့်စမ်းခဲ့ကြသူများဖြစ်သည်။

ဤအချက်ကယင်းတို့ကို လုပ်ငန်းခွင်တွင် ဖြစ်ပျက်နေမှုများအား နားလည်နိုင်သည့် ကျွမ်းကျင်မှုကိုပေး ပြီး ထွက်ပေါ်လာသည့်ရှုပ်ထွေးလှသောလုပ်ငန်းများအလယ်တွင် ဦးဆောင်နိုင်သည့် အရည်အချင်းကိုပေးခဲ့ သည်။ ဖြစ်ပေါ်လာသည့် ပြောင်းလဲမှုများအလယ်နည်းပညာများကို ကျွမ်းကျင်စွာကိုင်တွယ်နိုင်သည့် အခြားသူ များမှာ၊ Intel ၊ Apple ၊ Genentech ၊ Google ၊ Amazon ၊ Facebook အစရှိသည့် လုပ်ငန်းများကို တည်ထောင်ခဲ့ကြသူများဖြစ်သည်။

(၂) ပေါ်ထွက်လာသည့် အပြောင်းအလဲဖြစ်စဉ်သို့ မှန်ကန်သင့်လျော်သည့် အချိန်တွင်ဝင်ရောက်နိုင်ဖို့ ကြိုးစားပါ

Personal Computer များထွက်ပေါ်လာသည့် အချိန်တွင် Altair ကုမ္ပဏီက ပထမဦးဆုံး PC Kit ကို လူထုသို့မိတ်ဆက်ခဲ့သည်။ Allen က Gates ကို Altair  ကုမ္ပဏီအတွက် Computer Program ရေးဆွဲပေးခြင်းဖြင့် ဤကဏ္ဍသို့ ဝင်ရောက်ဖို့ အချိန်တန်ပြီဖြစ်ကြောင်း တိုက်တွန်းခဲ့သည်။ ထွက်ပေါ်လာသော ဤအပြောင်းအလဲဖြစ်စဉ်တွင် ဦးေဆောင်သူတစ်ဦးအနေနှင့် ပါဝင်လိုသည့်ဆန္ဒရှိပြီး ဤ စွန့်စားမှုတွင်သူငယ်ချင်းဖြစ်သူ Gates ကိုလည်း ယင်းနှင့်အတူ ပူးပေါင်းဖို့တိုက်တွန်းခဲ့သည်။

(၃) တာထွက် (လုပ်ငန်းစတင်)သည့် အချိန်ထိမိမိကိုယ်ကိုမောင်းတင်(အားစိုက်ပြင်ဆင်)ထားပါ

လုပ်ငန်းစတင်သည့်အချိန်တွင် Allen သည် Software ရေးသားပြီး အချိန်ပြည့်အလုပ်လုပ်ခဲ့သည်။ Gates နှင့် Allen  တို့သည် လုပ်ငန်းသစ်ကိုဦးစွာ အချိန်ပိုင်းလုပ်ကိုင်ခြင်းဖြင့်စတင်လျက်၊ လုံလောက်သည့် အရှိန်အဟုန်ကို ကိုင်တွယ်ထိန်းချုပ်နိုင်မှသာ အချိန်ပြည့်စတင်လုပ်ကိုင်ခဲ့ ကြသည်။ အကူအညီ၊ အထောက်အပံ့များ ရှာဖွေခဲ့ခြင်းမရှိပေ။ Gates သည် Harvard  တက္ကသိုလ်တွင် စီမံကိန်းများ ဆက်လက်လုပ်ကိုင်ခဲ့သည်။ သူတို့သည် သူတို့ကိုယ်တိုင် ကြိုးစားရပ်တည်ခဲ့ကြသည်။ စိတ်ပျံ့လွင့်ခြင်းမရှိ အောင်နေကြသည်။ Altair မှ အကူအညီလိုအပ်သည့် အချိန်တွင် Software ရေးသားပြီး ရောင်းချခဲ့ကြသည်။ လုပ်ငန်းစတင်လည်ပတ်နိုင်သည့်အချိန်ထိ မိမိတို့ကိုယ်ကို အားတင်းပြင်ဆင်ထားခြင်း၊ စောစီးစွာစတင်ခြင်းကြောင့် ဖြစ်ပေါ်မည့် အားနည်းချက်များကို ရှောင်ရှားနိုင်ခြင်း စသည့်အချက်များအားဖြင့် ကမ္ဘာ့အချမ်းသာ ဆုံးလုပ်ငန်းရှင်များအဆင့်တွင် အပါအဝင်ဖြစ်လာကြ သည်။


(၄) ဆည်းကပ်သိုမှီးအတုယူပြီး တိုးတက်အောင်ကြိုးစားပါ

PC လုပ်ငန်းသို့ ဝင်ရောက်ရန် IBM ကုမ္ပဏီမှဆုံးဖြတ်ခဲ့စဉ်က ယင်းတို့အတွက် Operation System တစ်ခု လိုအပ်သည်ကို Gates က တွေ့ရှိခဲ့သည်။ Allen နှင့် Gates တို့ System တစ်ခုဝယ်ယူခဲ့ပြီး ပိုမိုကောင်းမွန်အောင် ပြုပြင်ကာလိုင်စင်ရယူပြီး IBM သို့ ပြန်လည်ရောင်းချခြင်းဖြင့်  ခေတ်သစ် Computer လောက၏ အချက်အချာတစ်ခု ဖြစ်လာခဲ့သည်။ ယနေ့ခေတ်နည်းစနစ်၊ ဒါမှမဟုတ် နည်းဗျူ ဟာတစ်ခုခုကို ထပ်ကာထပ်ကာ အသုံးပြုနေသည့် အချိန်တွင် လူတိုင်းက အသစ်ဖန်တီးသူ၊ ဒါမှမဟုတ် ဆန်းသစ်သူဖြစ်ဖို့ အာရုံစူးစိုက်ကြိုးပမ်းနေကြသည်။ Gates နှင့် Allen တို့မှာမူ အောင်မြင်ရေးအတွက် အသစ်တီထွင်သူများဖြစ်ဖို့ မကြိုးစားကြပေ။ ယင်းအစား ယင်းတို့၏ Microsoft ကုမ္ပဏီသည် “ဆန်းသစ်တီထွင်ခြင်းအားဖြင့် မဟုတ်ဘဲ” Spread Sheet ၊ Word Processor  တို့ကဲ့သို့ အတု ယူစုစည်းထားသည့် “ငွေကြေးသုံးစွဲရာတွင် ပါးနပ်မှုရှိသော စီးပွားရေးနည်းဗျူဟာ Software များကို အသုံးပြုခြင်းအားဖြင့်” အများအပေါ်ကြီးစိုးသည့် ကုမ္ပဏီတစ်ခု ဖြစ်လာခဲ့သည်။

(၅) ကြီးစိုးခြယ်လှယ်နိုင်ရေးအတွက် မိတ်ဖက်ပူးပေါင်းမှုတည်ဆောက်ပါ

အောင်နိုင်ရေးအတွက် Allen နှင့် Gates တို့သည် ထိုအချိန်က Computer လောကတွင် ဘုရင်တစ်ဆူဖြစ်သော IBM နှင့် မိတ်ဖက်ပူးပေါင်းခဲ့ကြသည်။  လုပ်ငန်းလည်ပတ်သည့် System တစ်ခုရှာဖွေနေသည့် IBM ကုမ္ပဏီနှင့် ပူးပေါင်းခြင်းအားဖြင့် အောင်မြင်ရေးလမ်းကြောင်းပေါ်သို့ ရောက်ရှိခဲ့ကြသည်။ ယင်းတို့ ထူးချွန်သည့်အချက်မှာ IBM အတွက် လုပ်ငန်းလည်ပတ်မှုနည်းစနစ် Operating System ကို တစ်ဦးတည်းပိုင် သီးသန့်မဟုတ်သည့် လိုင်စင်ပြုလုပ်ပေးခြင်းဖြစ်သည်။ ထိုနည်းအားဖြင့် ယင်းတို့ ၏ လုပ်ငန်းလည်ပတ်မှုစနစ် Operating System ကို  PC  လောက၏ အရေးပါသည့် အရာတစ်ခုဖြစ်အောင် လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ယင်းတို့အနေနှင့် လက်ဝယ်ပိုင် ဆိုင်မှုလုံးဝမရှိဘဲ IBM ၏ ဩဇာသက်ရောက်မှုကို ရယူနိုင်ခဲ့ကြခြင်းဖြစ်သည်။

(၆) ပြန်လည်ရှုမြင်သုံးသပ်ပြီး ထိုအချက်ကို ဗဟိုပြုလှုပ်ရှားပါ

လုပ်ငန်းရှင်အများစုမှာ ပထမအကြိမ်ကြိုးစားစဉ် ထူးခြားစွမ်းဆောင်နိုင်သည့် နည်းလမ်းဟူ၍မရှိပါ။ လုပ်ငန်း စတင်လုပ်ကိုင်ပြီး အခြေအနေအရပ်ရပ်တို့ကို ရှုမြင်သုံးသပ်ကာ နည်းစနစ်ကို လိုအပ်သလို ပြောင်းလဲခြင်းသာ ဖြစ်သည်။ Allen နှင့် Gates တို့နှစ်ဦး၊ ယင်းတို့အတွက် အခွင့်ထူးကိုတွေ့ခဲ့စဉ်က လုပ်ဆောင်ခဲ့သည့် နည်းလမ်းပင်ဖြစ်သည်။ လုပ်ငန်းလည်ပတ်မှုနည်းစနစ်ကို အာရုံ စိုက်ပြီး၊ IBM ၏ အရှိန်အဝါဖြင့် PC လောက၏ စံချိန်စံညွှန်းတစ်ခုဖြစ်အောင် လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။

(၇) မိမိအခြေအနေကို နားလည်သဘောပေါက်ပြီး လိုအပ်လျှင်၊ သင့်တော်သည့် လုပ်ဖော်ကိုင်ဖက်တစ်ဦးရှာဖွေပါ

Allen သည် မိမိအနေနှင့် နည်းစနစ်အသစ်များ တည်ဆောက်လိုသည်ကို သိရှိထားပြီး၊ ပေါ်ထွက်လာသည့် လုပ်ငန်းတွင် အောင်မြင်နိုင်ရန် လိုအပ်သည့်သတ္တိနှင့် လုပ်ရည်ကိုင်ရည်မျိုး မိမိတွင်မရှိကြောင်းကို သဘော ပေါက်ထားသည်။ သူ၏လုပ်ကိုင်နိုင်သည့် အတိုင်းအတာ ကို ကိုယ်တိုင်သိနေခဲ့သည်။ သို့သော်  သူငယ်ချင်းဖြစ်သူ Bill Gates တွင် အောင်မြင်လိုသည့်ဆန္ဒနှင့် လိုအပ်သော လုပ်ရည်ကိုင်ရည်ရှိနေကြောင်းကိုလည်း သိထားသည်။ ထိုကြောင့် အထက်တန်းကျောင်းအပြီး  Harvard တက္ကသိုလ်သို့ တက်ရောက်နေသည့် Bill ရှိရာ Bostonသို့ လိုက်သွားခဲ့သည်။ ထို့နောက် Software တည်ဆောက်ခြင်းကို အတူတကွ စတင်လုပ်ဆောင်ကြတော့သည်။ မှန်ကန်သည့် လုပ်ဖော်ကိုင်ဖက်ရွေးချယ်ခြင်းက ယင်း၏ကြီးမားသည့် အောင်မြင်မှုအတွက် အဓိကသော့ချက်ဖြစ်ခဲ့သည်။

Pual Allen ၏ ဒုတိယလုပ်ဆောင်ချက်မှ လုပ်ငန်းရှင်တို့မည်သည့်သင်ခန်းစာများ ရရှိနိုင်ကြသနည်း?

Jeff Bezos နှင့် Jack Dorsey တို့ကဲ့သို့ ကမ္ဘာ့စီးပွားရေးဦးဆောင်လမ်းထွင်သူများ မိမိတို့လက်ရှိဦးဆောင်နေသည့် လုပ်ငန်းမှစွန့်ခွာသွားလျှင်မည်သည့်အဖြစ်များနှင့် ရင်ဆိုင်ကြရမည်နည်း။ မည်သည့်အအခြေအနေသို့ ဦးတည်ကြမည်နည်း။ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလအတွင်း အသက် ၆၅ နှစ်အရွယ်တွင် ကွယ်လွန်သွားသည့် Microsoft ကို ပူးတွဲတည်ထောင်ခဲ့သူ Pual Allen ယင်းကိုယ်တိုင်တည်ထောင်ခဲ့သည့် လုပ်ငန်းမှထွက်ခွာခဲ့စဉ်ကကမ္ဘာအနှံ့ခရီးထွက်ခဲ့သည်။ ပန်းချီကားများ စုဆောင်းခဲ့သည်။ Scuba Diving ကို သင်ယူခဲ့သည်။ ထိုစဉ်က “Scuba Diving” က ကျွနု်ပ်ကို လက်ရှိတွေ့ကြုံခံစားနေရတဲ့ အဖြစ်အပျက်တွေကနေ ခေတ္တကင်းကွာစေခဲ့တယ်” ဟု ယင်းက ပြောကြားခဲ့သည်။


Allen ပြောသည်မှာ မှန်ပေသည်။ စီးပွားရေးလုပ်ငန်းကို ရောင်းချ၍ပဲဖြစ်စေ၊ အနားယူဖို့အချိန်တော်၍ပဲဖြစ်စေ၊ အလုပ်ကိုငြီးငွေ့လာ၍ပဲဖြစ်စေ၊ ယင်းတို့၏လုပ်ငန်းများကို တစ်နည်းမဟုတ်တစ်နည်း စွန့်ခွာကြသည့် စီးပွားရေးလုပ်ငန်းရှင်များသည် ယင်းတို့၏လက်ရှိပတ်ဝန်းကျင်နှင့် ဝေးကွာမေ့ဖျောက်နိုင်ဖို့လိုအပ်သည်။ လုပ်ငန်းတစ်ခုကို စတင်တည်ထောင်ရခြင်းနှင့်လည်ပတ်ဖို့ ကြိုးစားရခြင်းတို့သည် လုပ်ငန်းရှင်၏ကိုယ်ပိုင်ပုံပန်းသဏ္ဌာန်ကိုအတင်းအကျပ်ပြောင်းလဲရသည့် အလုံးစုံပေးဆပ်ရုန်း ကန်ရခြင်းတစ်ခုပင်ဖြစ်သည်။

လူထုအတွက်မှာမူ Allen ဆိုသည့် ပုဂ္ဂိုလ်သည် Microsoft ကို ဖန်တီးတည်ထောင်ခဲ့သည့် ယင်း၏အခန်းကဏ္ဍနှင့် အမြဲပင်ဆက်နွယ်နေမည်သာဖြစ်သည်။ ၁၉၇၅ ခုနှစ်တွင် ယင်း၏ငယ်သူငယ်ချင်းဖြစ်သူ Bill Gates အား စီစဉ်ရေးဆွဲရေးနှင့်ပတ်သက်၍ လူအများအတွက် ပိုမိုလွယ်ကူရှင်းလင်းစေမည့် အစီအစဉ်ရေးဆွဲသည့်ပညာရပ်တစ်ခု ဖန်တီးတည်ဆောက်သင့်ကြောင်း ဆွဲဆောင်ခဲ့သည်။ လူတိုင်းကွန်ပျူတာသုံးစွဲနိုင်ရမည်ဆိုသည့် ယင်းတို့၏ပိုမိုကြီးကျယ်သော ရည်မှန်းချက်အကောင်အထည်ပေါ်ရန် နှစ်ပေါင်းများစွာ အချိန်ယူခဲ့သော်လည်း၊ မူရင်းစီမံကိန်းက ယင်းတို့၏ကုမ္ပဏီကိုလမ်းကြောင်းပေါ်သို့ တင်ပေးနိုင်ခဲ့ သည်။

Gates နှင့် Allen တို့သည် Microsoft အား အရေးပါသည့် Software ကုမ္ပဏီတစ်ခုအဖြစ်တည်ထောင်ခဲ့ကြ သည့် “အံ့ဖွယ်လူငယ်လေးနှစ်ယောက်” အဖြစ်သို့ ရောက်လာခဲ့ကြသည်။ သို့သော် ၁၉၈၂ ခုနှစ်တွင် Allen သည် ကင်ဆာရောဂါနှင့်လုံးပမ်းခဲ့ရပြီး၊ Gates နှင့် သဘောထားကွဲလွဲမှုတို့က ယင်းကို စိတ်ဓာတ်ကျဆင်းပင်ပန်းနွမ်းနယ်စေသည့်အလျောက် ကမ္ဘာ့အနှံ့ခရီးလှည့်လည်ခဲ့သည်။

ထို့နောက် Microsoft ကုမ္ပဏီသို့ လုံးဝပြန်မလာတော့ပေ။ ယင်းအဖြစ်အပျက်၏ နောက်ဆက်တွဲဖြစ်ရပ်များတွင်ကား တစ်ချိန်မဟုတ်တစ်ချိန် မိမိတို့၏လုပ်ငန်းကိုစွန့်ခွာမည့်လုပ်ငန်းရှင်များအနေနှင့် သတိပြု၊ သင်ခန်းစာယူရမည့်အချက်များ ရှိနေပေသည်။ စွန့်လွှတ်ထွက်ခွာခြင်းနှင့်အတူ မိမိရပ်တည်သည့်အခြေအနေ၊ ခွဲခွာခြင်းကြောင့်ဖြစ်ပေါ်သည့် စိတ်ခံစားချက်များ၊ ဆုံးရှုံးမှု၏ စိုးရိမ်ပူပန်မှုများ စသည့်ခံစားချက်များစွာနှင့်အတူ လက်တွေ့မဆန်သောအောင်မြင်မှုမျှော်လင့်ခြင်းများဒွန်တွဲ၍ ပါလာကြမည်ဖြစ်သည်။ ဤပြဿနာများမှာ လူများစွာအတွက်ဆက်စပ်မှုမရှိပေ။ ထို့သို့ထွက်ခွာပြီးနောက် အလွန်ချမ်းသာြွကယ်ဝသည့်လုပ်ငန်းရှင်အလွန်နည်းပါးပြီး အရေအတွက်တိုးပွားလာမှုလည်း သိပ်မရှိလှပေ။ ရှောင်ကြဉ်ခြင်းခံရလျက်၊အထီးကျန်ဆန်သည့်ခံစားမှု ဖြစ်စေနိုင်ပေသည်။ Allen ၏အဖြစ်အပျက်တွင် စွန့်ခွာပြီး သုံးနှစ်ကြာသည့်တိုင် Miscrosoft ကုမ္ပဏီသည် IPO ခေါ် ကုမ္ပဏီ၏အစုရှယ်ယာကို လူထုထံသို့ ပထမဆုံးအကြိမ် ရောင်းချခွင့်မရရှိသေးသဖြင့် နေ့ချင်းညချင်း ဒေါ်လာ ၁၃၄ သန်း ပိုမိုချမ်းသာလာသည့် ၁၉၈၆ ခုနှစ်မတိုင်ခင်အထိ “ထွက်ခွာပြီး ရုတ်ခြည်းကြွယ်ဝလာသည့်အဖြစ်” မှ နှောင့်နှေးခဲ့ရသည်။

၁၉၈၃ ခုနှစ် ဥရောပတစ်ခွင် လှည့်လည်မှုခရီးစဉ်အပြီးတွင် ယင်း၏နေအိမ်ရှိရာ Seattle သို့ ပြန်သွားခဲ့ သည်။ Microsoft မှ ရခဲ့သည့်အတွေ့အကြုံများကိုအခြေခံပြီး၊ စီးပွားရေးလုပ်ငန်းသစ်အတွက် ငွေချေးခဲ့ကာ Gates နှင့်အတူတည်ထောင်ခဲ့ကြသည့် ကုမ္ပဏီနှင့်မတူသော ယင်း၏ကိုယ်ပိုင်နည်းပညာနယ်ပယ်ဟု မျှော်လင့်ထားသည့် ကုမ္ပဏီကို စတင်ခဲ့သည်။


ထပ်မံတောင်းဆို/ဖြစ်ပျက်မှုမျိုးမရှိတော့ပါ။

ပထမတစ်ကြိမ်အောင်မြင်ခြင်းက နောက်ထပ်တစ်ကြိမ် အောင်မြင်မည်ဆိုသည်ကို အာမမခံနိုင်သည့်အလျောက် ယင်း၏နောက်ထပ်လုပ်ငန်းတစ်ခုမှာ ဒုတိယလုပ်ဆောင် မှုတို့တွင် တွေ့ကြုံနေကျအဟန့်အတားနှင့် ရင်ဆိုင်ခဲ့ရသည်။ Microsoft ကုမ္ပဏီစတင် တည်ဆောက်စဉ်က ရရှိခဲ့သည့် အရှိန်အဟုန်မှာ ထိုအချိန်က ဖြစ်ပေါ် နေသည့် Personal Computer တို့ရှိ နေခဲ့သည့် အခြေအနေ၊ နည်းပညာ အဆင့်အတန်းတို့အရတည်ထောင် သူတို့အတွက် ပုံစံအတိအကျဝင်ခဲ့သည်။ “Allen သည် ယင်း Microsoft ကို ဖန်တီးစဉ်ကရရှိခဲ့သည့် ခံစားမှုကို ပြန်လည်ရရှိနိုင်ဖို့ ကြိုးစားခဲ့ သည်” ဟု ၂၀ဝ၃ ခုနှစ်ကရေးသားခဲ့သည့် ကိုယ်ရေးမှတ်တမ်းစာအုပ် “The Accidental Zillionaire” တွင် ဖော်ပြခဲ့သည်။ ယင်း၏ Software ထုတ်လုပ်သည့်ဆိုင် Asymetrix  သို့  ယင်း Microsoft ကုမ္ပဏီတွင် ရှိစဉ် ကထက် ဖန်တီးသူတစ်ဦး၊ စေ့ဆော်သူတစ်ဦးအဖြစ် ခံစားရစေနိုင်မည့် လူများကိုခေါ်ယူခန့်ထားခဲ့သည်။ သို့သော် ထိုကုမ္ပဏီသည် Allen  မျှော်မှန်းထားသည့်အတိုင်း နည်းပညာလောကတွင် ယှဉ်ပြိုင်နိုင်လောက်သည့် စိတ် အားထက်သန်မှုမရှိခဲ့ပေ။ အားထုတ်မှုနောက်တစ်ခု အဖြစ် Broardband Channel များမှတစ်ဆင့် TV Signal များ ထုတ်လွှင့်ပေးသည့် SkyPix ကုမ္ပဏီ၊ လက်တွေ့ကျလုနီး ပါး အစီအစဉ်တစ်ခုဖြစ်သည့် ePlanet တို့ အပါအဝင် Allen  ၏ ရဲတင်းသည့် အယူအဆများကို ကိုင်တွယ်သည့် Interval Rechearch သည်လည်း ဈေးကွက်အခြေအနေ နားလည်မှုတွင် အားနည်းသောကြောင့် မအောင်မြင်ခဲ့ပေ။

လုပ်ငန်းရှင်များစွာသည် လုပ်ငန်းမှစွန့်ခွာသွားသည့်အခါ ရင်းနှီးမြှုပ်နှံသူများဖြစ်လာကြပြီး Allen လည်း အလားတူပင်လုပ်ဆောင်ခဲ့သည်။ ယင်းသည် Vulcan Inc ကုမ္ပဏီကိုတည်ထောင်ခဲ့ပြီး ဤလုပ်ငန်းတွင်လည်း မအောင်မြင်ခဲ့ပေ။ Vulcan ရင်းနှီးမြှုပ်နှံမှုများဖြစ်သော Virtual Vision ၊ Egghead ၊ Lone Wolf Technologic ၊ Trilobyte ၊ Media Multimedia တို့အပါအဝင် များပြားလှသည့် လုပ်ငန်းများမှာ တာရှည်မခံဘဲ အများစုမှာ မေ့ပျောက်ခံကြရသည်။ ဆက်သွယ်ရေးနှင့်ပတ်သက်သည့် Allen ၏ မျှော်လင့်ချက်က AOL (Online Service Provider)  ကုမ္ပဏီတွင် ကြီးမားသည့်ရင်းနှီးမြှုပ်နှံမှုပြုစေခဲ့သည်။ အလားတူပင် လူအများကို အိမ်တိုင်ရာရောက် ဖြေဖျော်မှုများနှင့် ဝန်ဆောင်မှုပေးမည်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ၁၉၉၈ ခုနှစ် က Charter Communications ကုမ္ပဏီကို ဒေါ်လာ ၄.၅ ဘီလီယံဖြင့် ဝယ်ယူခဲ့သည်။ 

လုပ်ငန်းရှင်များသည် ရင်းနှီးမြှုပ်နှံမှုနှင့် အကျွမ်းတဝင်ရှိကြသူများ မဟုတ်ကြပါ။ လုပ်ငန်းတစ်ခုတွင် ရင်း နှီးမြှုပ်နှံထားသော်လည်း အခြားလုပ်ငန်းတစ်ခုက အကျိုးပြုနေလေ့ရှိသည်။ Allen အနေနှင့်မူ ငွေကြေးနှင့် ပတ်သက်သည့် စဉ်းစားချင့်ချိန်မှုကို လျစ်လျူရှုပြီး ထူးခြားပြောင်မြောက်သည့် အကြံဉာဏ်များကို  အလွယ်တကူနှစ် သက်သဘောကျမှာဖြစ်သည်။  Allen ၏ ရင်းနှီးမြှုပ်နှံမှုတိုင်းက ပျက်စီးခြင်းသို့ ရောက်ကြသည်တော့မဟုတ်ပါ။ Starwave ဆိုသည့် Software ထုတ်လုပ်သည့်ဆိုင်ကို Disney သို့ ဒေါ်လာသန်းနှစ်ရာဖြင့် ရောင်းချခဲ့ရပြီး Allen ကို အမြတ်ငွေ ဒေါ်လာသန်းတစ်ရာရစေခဲ့သည်။ ထို့ပြင် ယင်းနောက်ဆုံးရွေးချယ်ကျင့်သုံးခဲ့သည့် စိတ်လှုပ်ရှား ဖွယ်ကောင်းသော ရင်းနှီးမြှုပ်နှံမှုပုံစံက ရင်းနှီးစိုက်ထုတ် ခဲ့သည့် ငွေများအတွက် အကျိုးကျေးဇူးအချို့ဖြစ်စေခဲ့ သည်။


ရိုးရှင်းစွာဖော်ပြရမည်ဆိုလျှင် Allen သည်

အားကောင်းသည့် နည်းပညာရှင်တစ်ဦးအဖြစ် ဆက်လက်ရပ်တည်နေဆဲဖြစ်သည်။ သို့သော် ယင်းလက်တွဲဖော်ဟောင်း၏ လုပ်ငန်းလည်ပတ်ခြင်းနှင့်သက်ဆိုင်သည့် အကွက်မြင်မှုမျိုး ယင်းထံတွင်မရှိပေ။ ယင်းမျှော်မှန်းခဲ့သော အလွန်ကြီးမားသည့် နည်းပညာအဆောက်အအုံကြီးတည် ဆောက်နိုင်ခြင်းနှင့် နည်းပညာနှင့်ပတ်သက်သည့် ကိုယ်ပိုင်သင်္ကေတစသည့်အချက်တို့ကို Microsoft ကုမ္ပဏီ၏ပြင်ပတွင် တည်ဆောက်နိုင်ခြင်းမရှိခဲ့ပေ။

၁၉၉၀ ပြည့်နှစ်များတစ်လျှောက် နောက်ထပ် လုပ်ဆောင်မှုတစ်ခုကို ဆက်တိုက်ကြိုးပမ်းရှာဖွေခဲ့သည်။ ထို အချိန်တွင် Microsoft ၏ ဆက်လက်အောင်မြင်နေသည့် ကျေးဇူးကြောင့် ဘီလျံနာဖြစ်နေသည့် Allen သည် နည်းပညာကဏ္ဍနှင့် မသက်ဆိုင်သည့် စိတ်ဝင်စားဖွယ်များကို စတင်ရှာဖွေလေ့လာတော့သည်။ Portland Trail Blazers ဘတ်စကက်ဘော အသင်းကိုလည်းကောင်း၊ Seattle Seahawks ဆိုသည့် American Football  အသင်းကိုသော် လည်းကောင်းဝယ်ယူခဲ့ပြီး ယင်းငယ်စဉ်က ဂီတသူရဲ ကောင်းတစ်ဦးအဖြစ် အားကျခဲ့သည့် Jimi Hendrix အား ဂုဏ်ပြု၍ သူငယ်စဉ်ဘဝကြီးပြင်းခဲ့သည့် Seattle မြို့တွင် Experience Music Project ဟု အမည်ပေးထားသည့် ပြတိုက်တစ်ခု တည်ဆောက်ခဲ့သည်။

နောက်ဆုံးတွင် Allen သည် ၂၀ဝ၀ ပြည့်နှစ်များ အတွင်း ယင်း၏နည်းပညာရည်မှန်းချက်များကို မေ့ ပျောက်ပစ်ကာ အာရုံကြောဆိုင်ရာ လေ့လာမှုပညာရပ်၏ဦးနှောက်ပိုင်းနှင့်သက်ဆိုင်သည့် ပရဟိတလုပ်ငန်းများ တွင် ပိုမိုပါဝင်ပတ်သက်ခဲ့သည်။ ရောဂါကုသခြင်း၊ ရာသီဥတုအပြောင်းအလဲ၊ အနုပညာဘာသာရပ်နှင့် အခြားလုပ် ငန်းများစွာတို့တွင်ဖြစ်သည်။ ဒုံးပျံနှင့် အာကာတွင်း ပို့ဆောင်ရေးယဉ်များ တည်ဆောက်ခြင်းတို့ပါဝင်သော အာကာသဆိုင်ရာ ကိုယ်ပိုင်ကြိုးပမ်းအားထုတ်မှုကိုလည်း ဆောင်ရွက်ခဲ့သည်။

အားကစား၊ အာကာသ၊ သိပ္ပံပညာနှင့် အဆိုကျော် Hendrix ကိစ္စတို့ရောစပ်ခြင်းဖြင့် Allen ၏ ကိုယ် ပိုင်ပုံပန်းသဏ္ဌာန် ပေါ်လွင်လာခဲ့သည်။ ယင်းစတင်ခဲ့သည့် ကုမ္ပဏီကိုစွန့်ခွာပြီး နှစ်ပေါင်း ၂၀ ကျော်မှသာ Allen သည် Microsoft နှင့် ပတ်သက်စဉ်ကထက် သာလွန်သော ကိုယ်ပိုင်ပုံရိပ်တစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့သည်။

မည်သည့်အကြောင်းကြောင့် ဤမျှကြာမြင့်နေ ရသနည်း။ Allen တစ်ယောက် Microsoft  ကို စွန့်ခွာစဉ်က ယင်းသည် အသက် ၃၀ သာရှိသေးသည်ကို အလွယ်တကူမေ့ပျောက်ကြမည်ဖြစ်သည်။ ထိုစဉ်က နည်းပညာနှင့်ပတ်သက်သည့် သန်းြွကယ်သူဌေးလုပ်ငန်းရှင် အလွန်နည်းပါးသေးပြီး အသက် ၄၀ ထက်ငယ်ရွယ်သူ ပို၍ပင်နည်းပါးသည့်အချိန်ဖြစ်သည်။ သူသည် နောက် ထပ်လုပ်ဆောင်ရမည့်လုပ်ငန်းကိုလည်း ရှင်းလင်းပြတ်သားစွာ မသိရသေးပေ။ Microsoft ၏အစုရှယ်ယာကို လူထုထံသို့ ထုတ်ရောင်းခွင့် မရသေးခဲ့သည့်အဖြစ်က Allen အတွက် အပြာင်းအလဲကြီးတစ်ရပ်ဖြစ်ခဲ့သည်။ ယင်းပိုင်ဆိုင်သည့် ချမ်းသာြွကယ်ဝမှုများ၏ အရင်းအ မြစ်မှာ Microsoft  ဖြစ်ပြီး ယင်းမှာလည်း အမြဲပင် Microsoft နှင့်ပတ်သက်သူတစ်ဦးဖြစ် နေပေလိမ့်မည်။

ယနေ့ခေတ် လုပ်ငန်းရှင်များသည် ယင်းတို့လုပ် ငန်းနှင့် မသက်ဆိုင်သော အကြောင်းအရာနှင့် လှုပ်ရှားမှု များပါဝင်သည့် လူမှုရေးလုပ်ငန်းများနှင့် ဆက်နွှယ်ခြင်းမှ အကျိုးကျေးဇူးများ ခံစားနေကြရသည်။ Salesforce  ကုမ္ပဏီ၏ CEO Marc Benioff သည် ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများအတွက် ဒေါ်လာဘီလီယံနှင့်ချီ၍ သုံးစွဲခဲ့ပြီး မိမိ၏သမီးဖြစ်သူတစ်သက် လူမှုရေးလုပ်ငန်း တစ်ခုအဖြစ် ရောဂါပေါင်းစုံကို ကုသပေးရန် ဆုံးဖြတ်ခဲ့သည့် Mark Zukerberg (Faebook တည်ထောင်သူ) မှာ လည်း အလားတူဖြစ်သည်။ Bezos (Amazon CEO)  က လည်း ယခုနှစ်တွင် ကိုယ်ပိုင်ပရဟိတလုပ်ငန်းတစ်ခု စတင်တည်ထောင်ခဲ့သည်။

ဤပုဂ္ဂိုလ်များနှင့် အခြားနည်းပညာလောကမှ ကျော်ကြားသူများ  ကဏ္ဍသစ်တစ်ခုသို့ ကူးပြောင်းသွားကြသည့်အချိန်တွင် Microsoft နောက်ပိုင်း Allen ကို အလားတူဘဝမျိုးကို ဖြတ်သန်းခဲ့သည့် ဘဝတူတစ်ဦးအဖြစ် ရှုမြင်မည်ဆိုလျှင် ကောင်းစွာကျော်ဖြတ်နိုင်ကြမည်ဖြစ်သည်။ Allen သည် ယင်း၏ပုံရိပ်ကို လုပ်ငန်းဟောင်း နှင့် ဆက်နွှယ်နေသည့်အဖြစ်မှ ခွဲထုတ်ရန် လိမ္မာပါးနပ်စွာ အချိန်ယူကြိုးစားခဲ့သည့်တိုင် လုပ်ငန်းဟောင်းမှ ရည်မှန်းချက်များနှင့် နောက်ထပ်စတင်မည့် လုပ်ငန်း၏ လက်တွေ့ဖြစ်ရပ်များကို မခွဲခြားနိုင်ခဲ့ပေ။ ရည်ရွယ်ချက်ကောင်းများဖြစ်သည့်တိုင် ပထမပိုင်းတွင် ယင်းပိုင်ငွေကြေးများ နှင့် မည်ကဲ့သို့သုံးစွဲရမည်ဆိုသည့်အချက်ကို နားလည်မှုလွဲမှားခဲ့သည်။

ကျွနု်ပ်တို့က Allen ကို “မတော်တဆဖြစ်လာသည့် သန်းပေါင်းများစွာ ချမ်းသာသူ” ဟုခေါ်ကြမည်ဖြစ်သော်လည်း ယင်းသည် အခြားလုပ်ငန်းရှင်များနည်းတူ နောက်ထပ်လုပ်ရမည့် လုပ်ငန်းစဉ်ကိုရှာဖွေခဲ့သူတစ်ဦး သာဖြစ်ပါတော့သည်။

အောင်ကို (တောင်ငူ)
Credit: CEO Myanmar

Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again